Mon. Nov 29th, 2021

Zawgyi





Unicode

မင်းသမီး သင်ဇာဝင့်ကျော်ကတော့ အောင်မြင် လျက်ရှိနေတဲ့ အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ​ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ “ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်စေရန် အတွက် ဗုဒ္ဓဘာသာဝင်များ စုပေါင်းပရိတ်မေတ္တာပို့ ဆုတောင်းပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ(၂၆) ရက်နေ့

နံနက်ပိုင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော် ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင် ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ ရှိပါတယ်။ ”

ဖမ်းဆီးခံရတဲ့ သူတွေကိုလည်း အမြန်လွတ်မြောက်ေ စချင်တယ် ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်သူ့ကိုမှလည်း မကြုံစေချင်တော့ဘူး” လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော် မှ ပြောခဲ့ပါတယ်။ ထို့အပြင် ပြည်သူတွေ များစွာနဲ့ နာမည်ကြီးအနုပညာရှင်တွေ များစွာဟာ ယမန်နေ့က သနပ်ခါးကမ်ပိန်းတွေပြုလုပ်နေကြပြီး

ပါးပြင်ပေါ်မှာ သနပ်ခါးတွေကိုယ်စီလိမ်းခြယ်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အိမ်မှာနေရင်းနဲ့တောင် သနပ်ခါး Campaign မှာပါဝင်နေပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုပြုလုပ်နေကြသူတွေကို ဘေးကင် းစေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။