Mon. Nov 29th, 2021

Zawgyi

ေတာင္ေပၚေဒသေန ေဒသခံတိုင္းရင္းသား ဗုဒၶဘာသာ၀င္တို႔သည္ ႏွစ္စၪၷွစ္တိုင္း တပို႔တြဲလေရာက္ေသာအခါ ထင္း႐ူးသားမ်ားျဖင့္ ေစတီသ႑ာန္ျပဳလုပ္ကာ ဗုဒၶဘုရားရွင္အား မီးပူေဇာ္ေလ့ရွိၾကသည္။ မီးမပူေဇာ္ခင္ ပြဲေတာ္ျဖစ္ေျမႇာက္ေရးအတြက္ မိမိတို႔အိမ္အသီးသီးမွ ထင္း႐ူးသားမ်ားကို တပါတည္းအခြံခြာ၍

ကိုးကြယ္ရာ ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးဆီသို႔ တတ္အားသေ႐ြ႕ လာေရာက္ လႉဒါန္းၾကသည္။ ထိုထင္း႐ူးမီးပူေဇာ္ပြဲကို ႐ိုးရာထင္းျဖဴပြဲေတာ္ဟု အျမတ္တႏိုး ေခၚ​ေ၀ၚေလ့ရွိၾကသည္။ က်င္းပေလ့ရွိသည့္ရကၼ်ားမွာ တပို႔တြဲလဆန္း(၁၄)ရက္ အဖိတ္ေန႔ညႏွင့္ လျပည့္ညမ်ားတြင္ ထင္းျဖဴေစတီတစ္ဆူ၊

၃ဆူ၊ ၅ဆူ စသျဖင့္ တတ္အားရွိသေ႐ြ႕ ပူေဇာ္ေလ့ရွိၾကသည္။ ေန႔ခင္းပိုင္းတြင္ ပင့္ဖိတ္ထားေသာ သံဃာေတာ္မ်ားအား ဆြမ္းစေသာ လႉဒါန္းဖြယ္ရာမ်ားကို ဒါနျပဳၾကၿပီး တရားဘာ၀နာမ်ား နာၾကားၾကသည္။ အဘယ့္ေၾကာင့္ ဤကဲ့သို႔ ပူေဇာ္ၾကသနည္းဟု ေမးၾကည့္ေသာအခါ ေတာင္ေပၚေဒသတြင္ တပို႔တြဲလသည္ အေအးဆုံးလျဖစ္၍ ဘုရားရွင္အား ေႏြးေထြးေစရန္

မီးပူေဇာ္ျခင္းျဖစ္သည္ဟု ဆိုသည္။ အခ်ိဳ႕ကလဲ တပို႔တြဲလ ထမနဲထိုးပြဲႏွင့္အတူ ကုသိုလ္အျဖစ္ ေပ်ာ္ပြဲ႐ြင္ပြဲျပဳလုပ္ၾကရင္း မီးပူေဇာ္ၾကသည္ဟု ဆိုၾကသည္။ ဘာပဲေျပာေျပာ ထိုပြဲႀကဳံရသည့္သူအတြက္ေတာ့ ထမနဲလည္းစားရ၊ မီးလည္းပူေဇာ္ရနဲ႔ အိုးစည္ဗုံေမာင္းတို႔နဲ႔အတူ ကခုန္ေပ်ာ္ျမဴးရင္း ေပ်ာ္စရာ ေကာင္းေသာ ေတာင္ေပၚဓေလ့ျဖစ္သည္ကေတာ့ ဧကန္အမွန္ပင္ ျဖစ္ပါသည္။

Unicode

တောင်ပေါ်ဒေသနေ ဒေသခံတိုင်းရင်းသား ဗုဒ္ဓဘာသာ၀င်တို့သည် နှစ်စဥ္နှစ်တိုင်း တပို့တွဲလရောက်သောအခါ ထင်းရူးသားများဖြင့် စေတီသဏ္ဍာန်ပြုလုပ်ကာ ဗုဒ္ဓဘုရားရှင်အား မီးပူဇော်လေ့ရှိကြသည်။ မီးမပူဇော်ခင် ပွဲတော်ဖြစ်မြှောက်ရေးအတွက် မိမိတို့အိမ်အသီးသီးမှ ထင်းရူးသားများကို တပါတည်းအခွံခွာ၍ ကိုးကွယ်ရာ ဘုန်းတော်ကြီးကျောင်းအသီးသီးဆီသို့ တတ်အားသရွေ့ လာရောက် လှူဒါန်းကြသည်။ ထိုထင်းရူးမီးပူဇော်ပွဲကို

ရိုးရာထင်းဖြူပွဲတော်ဟု အမြတ်တနိုး ခေါ်​ေ၀ါ်လေ့ရှိကြသည်။ ကျင်းပလေ့ရှိသည့်ရက္များမှာ တပို့တွဲလဆန်း(၁၄)ရက် အဖိတ်နေ့ညနှင့် လပြည့်ညများတွင် ထင်းဖြူစေတီတစ်ဆူ၊ ၃ဆူ၊ ၅ဆူ စသဖြင့် တတ်အားရှိသရွေ့ ပူဇော်လေ့ရှိကြသည်။ နေ့ခင်းပိုင်းတွင် ပင့်ဖိတ်ထားသော သံဃာတော်များအား ဆွမ္းစသော

လှူဒါန်းဖွယ်ရာများကို ဒါနပြုကြပြီး တရားဘာ၀နာများ နာကြားကြသည်။ အဘယ့်ကြောင့် ဤကဲ့သို့ ပူဇော်ကြသနည်းဟု မေးကြည့်သောအခါ တောင်ပေါ်ဒေသတွင် တပို့တွဲလသည် အအေးဆုံးလဖြစ်၍ ဘုရားရှင်အား နွေးထွေးစေရန် မီးပူဇော်ခြင်းဖြစ်သည်ဟု ဆိုသည်။ အချို့ကလဲ တပို့တွဲလ ထမနဲထိုးပွဲနှင့်အတူ

ကုသိုလ်အဖြစ် ပျော်ပွဲရွင်ပွဲပြုလုပ်ကြရင်း မီးပူဇော်ကြသည်ဟု ဆိုကြသည်။ ဘာပဲပြောပြော ထိုပွဲကြုံရသည့်သူအတွက်တော့ ထမနဲလည်းစားရ၊ မီးလည်းပူဇော်ရနဲ့ အိုးစည်ဗုံမောင်းတို့နဲ့အတူ ကခုန်ပျော်မြူးရင်း ပျော်စရာ ကောင်းသော တောင်ပေါ်ဓလေ့ဖြစ်သည်ကတော့ ဧကန်အမှန်ပင် ဖြစ်ပါသည်။