Sat. Jan 22nd, 2022

Zawgyi

စက္သုံးဆီေစ်းျမင့္တက္ျခင္းမွာ ေဒၚလာေစ်းႏွင့္ ေရနံေစ်းျမင့္တက္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္ပမွေလာင္စာဆီႏွင့္ စက္သုံးဆီမ်ား တင္သြင္းေနဆဲျဖစ္ၿပီး ေစ်းႏႈန္းျမင့္တက္လာျခင္းမွာ ကမာၻ႔ေရနံေစ်းနဲ႔ ေဒၚလာေစ်းျမင့္တက္ျခင္းေၾကာင့္ ျဖစ္သည္ဟု ျမန္မာႏိုင္ငံစက္သုံးဆီ လုပ္ငန္းရွင္မ်ားအသင္း၏

အတြင္းေရးမႈးကေျပာၾကားသည္။ ျပည္တြင္းစက္သုံးဆီေစ်းႏႈန္းသည္ ေဖေဖာ္ဝါရီ(၁)ရက္ေန႔မွ စတင္၍ ေစ်းႏႈန္းျမင့္တက္လာခဲ့ရာ ယေန႔အထိ ရက္ေပါင္း(၂၀)အတြင္းတြင္ တစ္လီတာလွ်င္ (၁၂၀၀) ထိျမႇင့္တက္လာသည္ကို သိရသည္။ ” အဓိက ဆီ​ေစ်းတက္တာကေတာ့ ႏိုင္ငံျခားဆီေစ်းတက္လာတယ္။ ဆီတင္သြင္းမႈကေတာ့ ရွိေနဆဲပါပဲ” ဟု

စက္သုံးဆီလုပ္ငန္းရွင္မ်ားအသင္း၏ အတြင္းေရးမႉးျဖစ္သူ ဦးဝင္းျမင့္က ေျပာသည္။ေဖေဖာ္ဝါရီ (၁) ရက္မွစ၍ ျပည္တြင္း၌ ေဒၚလာေစ်းသည္ တစ္ရာေက်ာ္ ခုန္တက္သြားခဲ့ၿပီး ေရနံေစ်းသည္လည္း တက္လာျခင္းေၾကာင့္ ယခုအခါ စက္သုံးဆီေဈးႏႈန္း တတ္လာျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ ထို႔အျပင္ ယခင္က ေန႔စဥ္အဝင္ရွိတတ္သည့္

စက္သုံးဆီသေဘၤာမ်ားသည္ စစ္တပ္အာဏာသိမ္းမႈ ျဖစ္ေပၚၿပီးေနာက္ပိုင္းရက္မ်ားတြင္ အဝင္နည္းသြားသည္ကိုေတြ႕ရွိရၿပီး ေဖေဖၚဝါရီ (၁၂) မွ (၁၅) ရက္အတြင္း တစ္စီးမွအဝင္မရွိေတာ့ေပ။ တစ္ခ်ိဳ႕ေသာ စက္သုံးဆီလုပ္ငန္းရွင္မ်ားကမူ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ ျပည္တြင္းေဒၚလာေဈး

တစ္ရွိန္ထိုးျမင့္တက္ေနရာ ေဒၚလာႏွင့္ဝယ္ယူရသည့္ စက္သုံးဆီေဈးသည္လည္း ျမင့္က္ရျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။ ထို႔အျပင္ စက္သုံးဆီေဈး ျမင့္တက္မႈ၏ ေနာက္ဆက္တြဲအျဖစ္ သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ား ျမင့္တက္ကာ ကုန္ေဈးႏႈန္းျမင့္တက္မႈမ်ားလည္း ျဖစ္ေပၚလာႏိုင္ေၾကာင္း သိရွိရသည္။

Unicode

စက်သုံးဆီဈေးမြင့်တက်ခြင်းမှာ ဒေါ်လာဈေးနှင့် ရေနံဈေးမြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်ပမှလောင်စာဆီနှင့် စက်သုံးဆီများ တင်သွင်းနေဆဲဖြစ်ပြီး ဈေးနှုန်းမြင့်တက်လာခြင်းမှာ ကမ္ဘာ့ရေနံဈေးနဲ့ ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှုးကပြောကြားသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်၍ ဈေးနှုန်းမြင့်တက်လာခဲ့ရာ ယနေ့အထိ ရက်ပေါင်း(၂၀)အတွင်းတွင် တစ်လီတာလျှင် (၁၂၀၀) ထိမြှင့်တက်လာသည်ကို သိရသည်။ ” အဓိက ဆီဈေးတက်တာကတော့ နိုင်ငံခြားဆီဈေးတက်လာတယ်။ ဆီတင်သွင်းမှုကတော့ ရှိနေဆဲပါပဲ” ဟု စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏

အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။ဖေဖော်ဝါရီ (၁) ရက်မှစ၍ ပြည်တွင်း၌ ဒေါ်လာဈေးသည် တစ်ရာကျော် ခုန်တက်သွားခဲ့ပြီး ရေနံဈေးသည်လည်း တက်လာခြင်းကြောင့် ယခုအခါ စက်သုံးဆီဈေးနှုန်း တတ်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ယခင်က နေ့စဉ်အဝင်ရှိတတ်သည့်

စက်သုံးဆီသင်္ဘောများသည် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်းရက်များတွင် အဝင်နည်းသွားသည်ကိုတွေ့ရှိရပြီး ဖေဖေါ်ဝါရီ (၁၂) မှ (၁၅) ရက်အတွင်း တစ်စီးမှအဝင်မရှိတော့ပေ။ တစ်ချို့သော စက်သုံးဆီလုပ်ငန်းရှင်များကမူ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းဒေါ်လာဈေး တစ်ရှိန်ထိုးမြင့်တက်နေရာ

ဒေါ်လာနှင့်ဝယ်ယူရသည့် စက်သုံးဆီဈေးသည်လည်း မြင့်က်ရခြင်းဖြစ်ကြောင်း ပြောကြသည်။ ထို့အပြင် စက်သုံးဆီဈေး မြင့်တက်မှု၏ နောက်ဆက်တွဲအဖြစ် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရသည်။