Zawgyi

အသုံးခ် ေ႐ႊသခ်ၤာ

ေ႐ႊဆိုင္ဖြင့္ထားတဲ့ မိတ္ေဆြတခ်ိဳ႕ ေ႐ႊသြားခြၽတ္တဲ့အခါ ကိုယ္သြားခြၽတ္တဲ့ အထည္ပ်က္နဲ႔ ျပန္ရတဲ့ အေခါက္ေ႐ႊကို ၾကည့္ၿပီး ဘယ္ေလာက္ႏႈန္းတင္လဲ(ကြၽတ္ႏႈန္းဘယ္ေလာက္ရွိလဲ)ဆိုတာကို အလြယ္တကူတြက္ယူသိရွိႏိုင္တဲ့နည္းေလးေဖာ္ျပေပးလိုက္ပါတယ္။အသုံးဝင္မယ္လို႔ထင္ပါတယ္။

ေ႐ႊကြၽတ္ႏႈန္းအလြယ္တြက္နည္း

ခြၽတ္ၿပီးရရွိသည့္အေခါက္ေ႐ႊအေလးခ်ိန္(က်ပ္ဖြဲ႕ၿပီး)ကို မခြၽတ္ရေသးခင္ရွိသည့္အထည္ပ်က္ အေလးခ်ိန္(က်ပ္ဖြဲ႕ၿပီး)ျဖင့္ စားပါ။ ရရွိသည့္အေျဖကို ပဲရည္ျဖင့္သိလိုလွ်င္ 16 ျဖင့္ေျမႇာက္၍ပဲရည္ျပန္ဖြြဲ႕ပါ။ အကယ္၍ စက္ပြိဳင့္(Density)ႏႈန္းျဖင့္သိလိုလွ်င္ 19.32 ျဖင့္ေျမႇာက္ပါ။

အေခါက္ေ႐ႊအေလးခ်ိန္(က်ပ္) ÷ အထည္ပ်က္အေလးခ်ိန္(က်ပ္) x 16 = ေ႐ႊတင္ႏႈန္း(ပဲရည္) အေခါက္ေ႐ႊအေလးခ်ိန္(က်ပ္) ÷ အထည္ပ်က္အေလးခ်ိန္(က်ပ္) x 19.32 = ေ႐ႊတင္ႏႈန္း(Density- စက္ပြိဳင့္)

ဥပမာ။ ေ႐ႊအထည္ပ်က္ 12 က်ပ္ 1 ပဲ 4 ေ႐ြး ကို သြားခြၽတ္(သန႔္စင္)ေသာအခါ ျပန္လည္ရရွိသည့္ အေခါက္ေ႐ႊအေလးခ်ိန္မွာ 10 က်ပ္ 15 ပဲ 3 ေ႐ြး ဆိုပါစို႔။ ေ႐ႊတင္ႏႈန္းကို တြက္ယူၾကည့္လိုလွ်င္ အရင္ဆုံးေ႐ႊအေလးခ်ိန္မ်ားကို က်ပ္သားဖြဲ႕ပါ။ 12က်ပ္ 1 ပဲ 4 ေ႐ြး ကို က်ပ္ဖြဲ႕ေသာ္…

12.09375က်ပ္သား ၊10က်ပ္ 15 ပဲ 3 ေ႐ြး ကိုက်ပ္ဖြဲ႕ေသာ္.. 10.9609375 က်ပ္သား ရရွိမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္… 10.9609375 ÷12.09375 x 16 = 14.50129198 ဆိုေသာအေျဖျဖစ္၍ ေ႐ႊတင္ႏႈန္း ၁၄ဲ ၂ျပားဟု တြက္ယူသိရွိႏိုင္ပါသည္။

စက္ပြိဳင့္(Density)ျဖင့္သိလိုေသာ္..

10.9609375 ÷12.09375 x 19.32 = 17.51031 ဆိုေသာအေျဖျဖစ္၍ ေ႐ႊတင္ႏႈန္း စက္ပြိဳင့္အရ 17.51 ဟု တြက္ယူသိရွိႏိုင္ပါသည္။ M+ , M- , MR ခလုတ္မ်ားပါေသာ ဂဏန္းေပါင္းစက္မ်ားတြင္ အလြယ္တကူ စက္႐ိုက္၍တြက္ယူႏိုင္ေသာ နည္းပါေဝမွ်ေပးလိုက္ပါတယ္။ အရင္ဆုံး ခြၽတ္ၿပီးရရွိေသာ

အေခါက္ေ႐ႊအေလးခ်ိန္ကို က်ပ္ဖြဲ႕၍ M+ ကိုႏွိပ္ပါ။ ၄င္းေနာက္ ကိုယ္ခြၽတ္ရန္ယူသြားေသာ အထည္ပ်က္ေ႐ႊအေလးခ်ိန္ကို က်ပ္ဖြဲ႕ၿပီးေနာက္ အစားလကၡဏာခလုတ္(÷)ႏွစ္ႀကိမ္(k မေပၚေသာစက္တြင္ တစ္ႀကိမ္သာ) ႏွိပ္၍ ရာခိုင္ႏႈန္း % ခလုတ္ကိုႏွိပ္ပါ။ ၿပီးလွ်င္ ညီမွ်ျခင္းခလုတ္( = )

တစ္ႀကိမ္ႏွိပ္ၿပီး MR ခလုတ္ႏွင့္ ညီမွ်ျခင္းခလုတ္(=)ကိုထပ္ႏွိပ္လိုက္ပါ။ရရွိသည့္အေျဖကို ပဲရည္ျဖင့္သိလိုလွ်င္ 16 ၊ Density စက္ပြိဳင့္ျဖင့္သိလိုလွ်င္ 19.32 ျဖင့္ အသီးသီးေျမႇာက္ယူ သိရွိႏိုင္ပါသည္။ ခလုတ္ႏွိပ္ရလြယ္ကူေအာင္ Comma(,) ေလးေတြခံၿပီး တြက္ျပထားပါတယ္။

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,16, = 14.501 (ပဲရည္)

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,19.32 ,= 17.51 (Density စက္ပြိဳင့္)

စိတ္ရွည္ရွည္ျဖင့္ လက္ေတြ႕စမ္းသပ္တြက္ခ်က္ၾကည့္ပါ။ အေလးခ်ိန္အမ်ိဳးမ်ိဳးအတြက္ လြယ္ကူေသာနည္းေလးျဖစ္လို႔ ေဝမွ်လိုက္ပါတယ္။ အက်ိဳးရွိေစမယ့္ တြက္နည္းေလးပါ။

စာေပသစၥာျဖင့္

Ye Man Aung (Gold P ageForPeople)

Unicode

အသုံးချ ရွှေသင်္ချာ

ရွှေဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတချို့ ရွှေသွားချွတ်တဲ့အခါ ကိုယ်သွားချွတ်တဲ့ အထည်ပျက်နဲ့ ပြန်ရတဲ့ အခေါက်ရွှေကို ကြည့်ပြီး ဘယ်လောက်နှုန်းတင်လဲ(ကျွတ်နှုန်းဘယ်လောက်ရှိလဲ)ဆိုတာကို အလွယ်တကူတွက်ယူသိရှိနိုင်တဲ့နည်းလေးဖော်ပြပေးလိုက်ပါတယ်။အသုံးဝင်မယ်လို့ထင်ပါတယ်။

ရွှေကျွတ်နှုန်းအလွယ်တွက်နည်း

ချွတ်ပြီးရရှိသည့်အခေါက်ရွှေအလေးချိန်(ကျပ်ဖွဲ့ပြီး)ကို မချွတ်ရသေးခင်ရှိသည့်အထည်ပျက် အလေးချိန်(ကျပ်ဖွဲ့ပြီး)ဖြင့် စားပါ။ ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ဖြင့်မြှောက်၍ပဲရည်ပြန်ဖွွဲ့ပါ။ အကယ်၍ စက်ပွိုင့်(Density)နှုန်းဖြင့်သိလိုလျှင် 19.32 ဖြင့်မြှောက်ပါ။ အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 16 = ရွှေတင်နှုန်း(ပဲရည်) အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 19.32 = ရွှေတင်နှုန်း(Density- စက်ပွိုင့်)

ဥပမာ။ ရွှေအထည်ပျက် 12 ကျပ် 1 ပဲ 4 ရွေး ကို သွားချွတ်(သန့်စင်)သောအခါ ပြန်လည်ရရှိသည့် အခေါက်ရွှေအလေးချိန်မှာ 10 ကျပ် 15 ပဲ 3 ရွေး ဆိုပါစို့။ ရွှေတင်နှုန်းကို တွက်ယူကြည့်လိုလျှင် အရင်ဆုံးရွှေအလေးချိန်များကို ကျပ်သားဖွဲ့ပါ။ 12ကျပ် 1 ပဲ 4 ရွေး ကို ကျပ်ဖွဲ့သော်… 12.09375ကျပ်သား

၊10ကျပ် 15 ပဲ 3 ရွေး ကိုကျပ်ဖွဲ့သော်.. 10.9609375 ကျပ်သား ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်… 10.9609375 ÷12.09375 x 16 = 14.50129198 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း ၁၄ဲ ၂ပြားဟု တွက်ယူသိရှိနိုင်ပါသည်။

စက်ပွိုင့်(Density)ဖြင့်သိလိုသော်..

10.9609375 ÷12.09375 x 19.32 = 17.51031 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း စက်ပွိုင့်အရ 17.51 ဟု တွက်ယူသိရှိနိုင်ပါသည်။ M+ , M- , MR ခလုတ်များပါသော ဂဏန်းပေါင်းစက်များတွင် အလွယ်တကူ စက်ရိုက်၍တွက်ယူနိုင်သော နည်းပါဝေမျှပေးလိုက်ပါတယ်။ အရင်ဆုံး ချွတ်ပြီးရရှိသော အခေါက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့၍ M+ ကိုနှိပ်ပါ။

၄င်းနောက် ကိုယ်ချွတ်ရန်ယူသွားသော အထည်ပျက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့ပြီးနောက် အစားလက္ခဏာခလုတ်(÷)နှစ်ကြိမ်(k မပေါ်သောစက်တွင် တစ်ကြိမ်သာ) နှိပ်၍ ရာခိုင်နှုန်း % ခလုတ်ကိုနှိပ်ပါ။ ပြီးလျှင် ညီမျှခြင်းခလုတ်( = ) တစ်ကြိမ်နှိပ်ပြီး MR ခလုတ်နှင့် ညီမျှခြင်းခလုတ်(=)ကိုထပ်နှိပ်လိုက်ပါ။ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ၊ Density စက်ပွိုင့်ဖြင့်သိလိုလျှင် 19.32 ဖြင့် အသီးသီးမြှောက်ယူ သိရှိနိုင်ပါသည်။ ခလုတ်နှိပ်ရလွယ်ကူအောင် Comma(,) လေးတွေခံပြီး တွက်ပြထားပါတယ်။

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,16, = 14.501 (ပဲရည်)

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,19.32 ,= 17.51 (Density စက်ပွိုင့်)

စိတ်ရှည်ရှည်ဖြင့် လက်တွေ့စမ်းသပ်တွက်ချက်ကြည့်ပါ။ အလေးချိန်အမျိုးမျိုးအတွက် လွယ်ကူသောနည်းလေးဖြစ်လို့ ဝေမျှလိုက်ပါတယ်။ အကျိုးရှိစေမယ့် တွက်နည်းလေးပါ။

စာပေသစ္စာဖြင့်

Ye Man Aung (Gold P ageForPeople)