Zawgyi





Source-Phway Phway

Unicode

ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဖွေးဖွေးကတော့ လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားတွေမှာ ပြည်သူတွေနဲ့ အတူတစ်သားတည်းပါဝင်ရပ်တည်ပေးနေသူတစ်ဦးပါ။သူမကတော့ လူထုလှုပ်ရှားမှုတွေမှာ စိတ်အားထက်သန်စွာပါဝင်ခဲ့ရုံသာမက တတ်နိုင်တဲ့ဘက်ကနေပြီး လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ပြည်သူတွေအတွက် စားစရာများချက်ပြုတ်လှူဒါန်းခဲ့ပါတယ်။

ဒီနေ့မှာဆိုရင်တော့ ဖွေးဖွေးက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ” ဦးလူမင်း ပါသွားပါပြီ…ဖွေးတို့လဲအချိန်မရွေး ပါနိုင်ပါတယ်.. ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ !တကယ် ထိရောက်ပါတယ် ရုံးမတက်ကြပါနဲ့တော့ !!!!အသက်ပေးဆပ်ခဲ့ရတဲ့ လူငယ်လေးတွေ လူကြီးတွေ အတွက်လဲ ကြိတ်မနိုင်ခဲမရ မျက်ရည်ကျရတယ် … ဘာပဲ ဖြစ်ဖြစ်

ဒီတခါ အမှန်တရား ကို အမှားတရားက နိုင်လို့မရဘူး… စစ်အာဏာရှင်ကျဆုံးပါစေ ! မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းစွာ အိပ်နိုင် နိုးထနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လက်ထဲ အမြန်ပြန်ရောက်ပါစေ! ကြောက်ခေတ်ကိုပြန်မသွားကြေး! ယနေ့ အလှူ ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ၁၄၄ ပွဲ!

I hope that People don’t react and can get some help from international..Once people react with violence, military can announce the detainment and willGet worse…အရေးတော်ပုံ အောင်ရမည်!!!!!!အကြမ်းမဖက် ဆန္ဒ ဆက်ပြမယ့် လူများ, CDM ဝန်ထမ်းများကိုလေးစားလျက် ….ဖွေးဖွေး” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ် ပရိသတ်ကြှီးရေ……။

Source-Phway Phway