Zawgyi




Unicode

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးယုစံကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှု အခိုင်အမာ ရရှိခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူမကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲပါပဲနော်။

မိုးယုစံကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။အခုဆိုရင်တော့ မိုးယုစံက ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားငယ်လေးKelvin ကိုလည်း ၂၂.၂.၂၀၂၁ ရက်နေ့မှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ သူမကတော့” သားငယ်လေး မာမီတို့ဘဝထဲရောက်လာပါပီ ❤️❤️❤️

ဒီနေ့ကတော့ ၂၂၂၂၂ နေ့ဆိုတော့မှတ်မှတ်ရရပါပဲ ❤️❤️❤️အားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ 🙏🙏🙏” ဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေးရဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်မှာ မျှဝေထားတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်လည်း မိုးယုစံရဲ့ သားငယ်လေးKelvin ရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။