Sat. Jan 22nd, 2022

Zawgyi

လဆန္း၁ရက္ေန႔တိုင္း ဖြင့္ေနၾက ေအာင္ဘာေလထီကို စစ္ေကာင္စီ စီမံ၊ဘ႑ာက ၁၅ရက္ေနာက္ဆုတ္ၿပီးဖြင့္မယ္လို႔ ေၾကညာလိုက္ပါတယ္။ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲဟာ ၂၅ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလထီစာအုပ္ေတြကို ထီစာအုပ္ဝယ္ယူခြင့္ရရွိသူေတြထံ မူလအကၡရာ (၃၉)လုံး၊ ထီအုပ္ေရ (၃၁၉၀၉၀၂) အုပ္ကို ခြဲေဝေရာင္းခ်ခဲ့ၿပီး၊

ထီကံစမ္းသူေတြကို ထီဆုေငြအျဖစ္ ၆၀% အား ဆုမဲမ်ားအျဖစ္ ျပန္လည္ ခြဲေဝေပးသြားမယ္လို႔လည္းဆိုပါတယ္။ မတ္လ၁၅ရက္ေန႔ကို ေနာက္ဆုတ္လိုက္ရတာက ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္အားလုံးမွာလက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြအရ ( ထီလုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳသူ လက္ေပြ႕/တြန္းလွည္း ထီေရာင္းသူမ်ား ထီေရာင္းခ်ႏိုင္မႈ

မရွိျခင္း၊ ထီကံစမ္းသူျပည္သူမ်ား မွာလည္း ထီထိုးရန္ အခက္အခဲမ်ား ျဖစ္ေပၚေန)ေန႔ရက္ေျပာင္းလိုက္တာလို႔ စစ္ေကာင္စီစီမံဘ႑ာကဆိုပါတယ္။ (၂၆) ႀကိမ္ေျမာက္ ေအာင္ဘာေလထီလက္မွတ္ေတြကိုေတာ့ ပုံမွန္အတိုင္း ၂၀၂၁ ခုႏွစ္၊ မတ္လ (၁) ရက္ေန႔ကေနစတင္ေရာင္းခ်မယ္၊ေအာင္ဘာေလထီဖြင့္ပြဲကို၂၀၂၁ ခုႏွစ္၊ ဧၿပီလ (၁) ရက္ ေန႔မ်ာလုပ္မယ္လို႔ ေျပာထားပါတယ္။ လက္ရွိမွာေတာ့ထီထိုးသူ နည္းတယ္လို႔သိရပါတယ္။

Unicode

လဆန်း၁ရက်နေ့တိုင်း ဖွင့်နေကြ အောင်ဘာလေထီကို စစ်ကောင်စီ စီမံ၊ဘဏ္ဍာက ၁၅ရက်နောက်ဆုတ်ပြီးဖွင့်မယ်လို့ ကြေညာလိုက်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲဟာ ၂၅ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်တွေကို ထီစာအုပ်ဝယ်ယူခွင့်ရရှိသူတွေထံ မူလအက္ခရာ (၃၉)လုံး၊ ထီအုပ်ရေ (၃၁၉၀၉၀၂) အုပ်ကို ခွဲဝေရောင်းချခဲ့ပြီး၊ ထီကံစမ်းသူတွေကို ထီဆုငွေအဖြစ် ၆၀% အား

ဆုမဲများအဖြစ် ပြန်လည် ခွဲဝေပေးသွားမယ်လို့လည်းဆိုပါတယ်။ မတ်လ၁၅ရက်နေ့ကို နောက်ဆုတ်လိုက်ရတာက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ( ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ လက်ပွေ့/တွန်းလှည်း ထီရောင်းသူများ ထီရောင်းချနိုင်မှု မရှိခြင်း၊

ထီကံစမ်းသူပြည်သူများ မှာလည်း ထီထိုးရန် အခက်အခဲများ ဖြစ်ပေါ်နေ)နေ့ရက်ပြောင်းလိုက်တာလို့ စစ်ကောင်စီစီမံဘဏ္ဍာကဆိုပါတယ်။ (၂၆) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်တွေကိုတော့ ပုံမှန်အတိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့ကနေစတင်ရောင်းချမယ်၊အောင်ဘာလေထီဖွင့်ပွဲကို၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက် နေ့မျာလုပ်မယ်လို့ ပြောထားပါတယ်။ လက်ရှိမှာတော့ထီထိုးသူ နည်းတယ်လို့သိရပါတယ်။