Zawgyi

၂.၂.၂၀၂၁ ရက္ေန႔ ဟာေတာ့ ျမန္မာတစ္ႏိုင္ငံလုံး ျပည္လုံးကြၽတ္ ဆႏၵျပခဲ့တဲ့ ၂ ငါးလုံးအေရးေတာ္ပုံ ေန႔ ျဖစ္ပါတယ္။ အဲ့ဒီေန႔မွာ ပုဂံမွာ တည္ရွိတဲ့ ထီလိုမင္းလို ဘုရားရဲ႕ ေနဝင္ခ်ိန္ ေကာင္းကင္ယံဟာ မႈိင္းညိဳ႕ညိဳ႕နဲ႔ ခရမ္းေရာင္ သမ္းေနတာကို ထူးျခားစြာနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဓာတ္ပုံကို ႐ိုက္ကူးခဲ့ ဓာတ္ပုံဆရာ

သိန္းေဇာ္က အခုလိုေျပာပါတယ္။ “႐ိုက္ကူးထားတဲ့ ကင္မရာက fuji x-s10 ပါဗ် ေနဝင္ခ်ိန္မွာ႐ိုက္ထားျဖစ္ပါတယ္၊ အဲ့ဒီ့ခ်ိန္က လွလည္းလွတယ္ ၊ Photo shop ေတြ Effect ေတြ မသုံး ထားပါဘူး” လို႔ဆိုပါတယ္။ အဆိုပါျဖစ္ရပ္ကို ျမင္ေတြ႕ခဲ့ရတဲ့ ျပည္သူ တစ္ဦးျဖစ္သူ ေဒၚမိုးသဲ က …..” ဟုတ္တယ္ ဟိုေန႔ညကလည္း

တေရးႏိုးေတာ့ ေကာင္းကင္ႀကီးက လင္းလင္းႀကီး ျဖစ္ေနတာ တမ်ိဳးပဲ” လို႔ ေျပာပါတယ္။ ဒီ ဓာတ္ပုံဟာ အြန္လိုင္းမွာ လူေျပာမ်ားေနပါတယ္။ တစ္ခ်ိဳ႕မယုံၾကည္တဲ့ သူမ်ားကလည္း PhotoShop လို႔ ေျပာဆိုေနၾကၿပီး၊ လူ အမ်ားစုကေတာ့ ျမန္မာႏိုင္ငံအတြက္ ေကာင္းေသာ နိမိတ္ျဖစ္လာဖို႔ ဆုေတာင္းေနၾကပါတယ္။

Unicode

၂.၂.၂၀၂၁ ရက်နေ့ ဟာတော့ မြန်မာတစ်နိုင်ငံလုံး ပြည်လုံးကျွတ် ဆန္ဒပြခဲ့တဲ့ ၂ ငါးလုံးအရေးတော်ပုံ နေ့ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ပုဂံမှာ တည်ရှိတဲ့ ထီလိုမင်းလို ဘုရားရဲ့ နေဝင်ချိန် ကောင်းကင်ယံဟာ မှိုင်းညို့ညို့နဲ့ ခရမ်းရောင် သမ်းနေတာကို ထူးခြားစွာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့ ဓာတ်ပုံဆရာ သိန်းဇော်က အခုလိုပြောပါတယ်။

“ရိုက်ကူးထားတဲ့ ကင်မရာက fuji x-s10 ပါဗျ နေဝင်ချိန်မှာရိုက်ထားဖြစ်ပါတယ်၊ အဲ့ဒီ့ချိန်က လှလည်းလှတယ် ၊ Photo shop တွေ Effect တွေ မသုံး ထားပါဘူး” လို့ဆိုပါတယ်။ အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူ တစ်ဦးဖြစ်သူ ဒေါ်မိုးသဲ က …..” ဟုတ်တယ် ဟိုနေ့ညကလည်း တရေးနိုးတော့ ကောင်းကင်ကြီးက

လင်းလင်းကြီး ဖြစ်နေတာ တမျိုးပဲ” လို့ ပြောပါတယ်။ ဒီ ဓာတ်ပုံဟာ အွန်လိုင်းမှာ လူပြောများနေပါတယ်။ တစ်ချို့မယုံကြည်တဲ့ သူများကလည်း PhotoShop လို့ ပြောဆိုနေကြပြီး၊ လူ အများစုကတော့ မြန်မာနိုင်ငံအတွက် ကောင်းသော နိမိတ်ဖြစ်လာဖို့ ဆုတောင်းနေကြပါတယ်။