Zawgyi

‼️လားရႈိးၿမိဳ႕ေန ျပည္သူမ်ား ကြၽန္ေတာ္၏အေပါင္းအသင္းမ်ားႏွင့္ ဦးေဇာ္ဝမ္း(အေဖျဖစ္ခဲ့ဖူးသူ) သိေစရန္ 🚨🚨🚨

ကြၽန္ေတာ္ ေဒါက္တာစိုင္းေကာင္းထက္ေဇာ္ ၏ ဖခင္အရင္းျဖစ္သူ တကက ေဇာ္ဝမ္း (ေထာက္လွမ္းေရး ၉-(ၿငိမ္း)) သည္ ယခု အခ်ိန္ကာလတြင္ စစ္တပ္ေထာက္ခံသူ ျဖစ္သည့္အျပင္..မင္းေအာင္လႈိင္၏လုပ္ရပ္အား မွန္ကန္သည္ဟု ေထာက္ခံေနပါသည္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အား ပုတ္ခတ္စြပ္စြဲ ေျပာဆိုသည့္ ပိုစ့္မ်ားအားလည္း

အဆက္မျပတ္တင္လ်က္ရွိပါသည္။ ထို႔အျပင္ ကြၽန္ေတာ့ မိခင္၏ ယခုလက္ရွိစစ္အာဏာရွင္မ်ားအား မေထာက္ခံေၾကာင္း ဆႏၵျပမႈမ်ားအေပၚ ၿခိမ္းေျခာက္ ဆဲဆိုသည္ကို လည္း သိရပါသည္။ ယခု အခ်ိန္တြင္ ဦးေဇာ္ဝမ္းသည္ အာဏာမရွိ လက္နက္မရွိ စစ္တပ္ျမဝတီဘဏ္ အေစာင့္ လုပ္ေနေသာ္ညား.. ယခင္ ေထာက္လွမ္းေရးတပ္ ၉ စစ္မႈထမ္းေဟာင္းမ်ားႏွင့္

ဖြဲ႕စည္းကာ လားရႈိးၿမိဳ႕ CDM လုပ္ေနသူမ်ား..CDM ဦးေဆာင္ေနသူမ်ား ကို ၿဖိဳခြင္းမည္ဟု ေသြးထိုး စစ္တပ္ေလာ္ဘီ ပို႔စ္မ်ားအား ေတြ႕ျမင္ရပါသည္။ စစ္အာဏာရွင္ကို ဆန႔္က်င္ေနသည့္ ကြၽန္ေတာ့ အတြက္ ဖခင္​၏ လုပ္ရပ္မ်ားသည္ လြန္စြာ အက်ည္းတန္ ရွက္စရာေကာင္းပါသည္။ သို႔ျဖစ္ပါ၍ ဖခင္ျဖစ္သူ ဦးေဇာ္ဝမ္း (ခ)တကက ေဇာ္ဝမ္း(ျင္မ္း) အား

ယေန႔မွစ ကြၽန္ေတာ္၏ အေဖ အျဖစ္ မသတ္မွတ္ႏိုင္ေၾကာင္း…၎ ျပဳျပဳသမွ် ကိစၥအရပ္ရပ္သည္ ကြၽန္ေတာ္ စိုင္းေကာင္းထက္ေဇာ္ ႏွင့္ လုံးဝ(လုံးဝ) မသက္ဆိုင္ပါေၾကာင္း..၎ျပဳျပဳသမွ် ကိစၥအဝဝအား တာဝန္ယူေျဖရွင္းေပးမည္မဟုတ္ေၾကာင္း ေၾကညာအပ္ပါသည္။ (ဆရာဝန္ျဖစ္ေအာင္ျပဳစုပ်ိဳးေထာင္ေပးခဲ့ေသာ္လည္း ၎ ၏လုပ္ရပ္မ်ားအား

အႀကိမ္ႀကိမ္ေျဖာင့္ျဖ ေသာ္လည္း အဆင္မေျပသည့္အတြက္ ေျခစုံကန္သည္ဟုလည္း သတ္မွတ္လိုက သတ္မွတ္ႏိုင္ပါသည္။ မိသားစု တစ္စုတစ္စည္းထဲ ျပန္ျဖစ္ေအာင္ ကြၽန္ေတာ္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေသာ္လည္း မင္းေအာင္လႈိင္၏ အာဏာသိမ္းမႈလုပ္ရပ္သည္ ကြၽန္ေတာ္တို႔ မိသားစုအား တစ္ၿပိဳတစ္ကြဲ ျဖစ္ေစခဲ့ပါသည္။)

‼️‼️အႀကိမ္ႀကိမ္စဥ္းစားကာ ဆုံးျဖတ္ခ်က္ျပတ္ျပတ္သားသား လုပ္ေဆာင္ျခင္း ျဖစ္ေသာေၾကာင့္ ႏွစ္သိမ့္အားေပးျခင္း ေဆြးေႏြးေျဖာင့္ဖ် ျခင္း သည္းခံပါ‼️‼️

Credit;ကာယကံရွင္၏ မူရင္း Facebook Account Link

Posted by Sai Kaung Htet Zaw on Saturday, 20 February 2021

Unicode

‼️လားရှိုးမြို့နေ ပြည်သူများ ကျွန်တော်၏အပေါင်းအသင်းများနှင့် ဦးဇော်ဝမ်း(အဖေဖြစ်ခဲ့ဖူးသူ) သိစေရန် 🚨🚨🚨

ကျွန်တော် ဒေါက်တာစိုင်းကောင်းထက်ဇော် ၏ ဖခင်အရင်းဖြစ်သူ တကက ဇော်ဝမ်း (ထောက်လှမ်းရေး ၉-(ငြိမ်း)) သည် ယခု အချိန်ကာလတွင် စစ်တပ်ထောက်ခံသူ ဖြစ်သည့်အပြင်..မင်းအောင်လှိုင်၏လုပ်ရပ်အား မှန်ကန်သည်ဟု ထောက်ခံနေပါသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ပုတ်ခတ်စွပ်စွဲ ပြောဆိုသည့် ပိုစ့်များအားလည်း အဆက်မပြတ်တင်လျက်ရှိပါသည်။

ထို့အပြင် ကျွန်တော့ မိခင်၏ ယခုလက်ရှိစစ်အာဏာရှင်များအား မထောက်ခံကြောင်း ဆန္ဒပြမှုများအပေါ် ခြိမ်းခြောက် ဆဲဆိုသည်ကို လည်း သိရပါသည်။ ယခု အချိန်တွင် ဦးဇော်ဝမ်းသည် အာဏာမရှိ လက်နက်မရှိ စစ်တပ်မြဝတီဘဏ် အစောင့် လုပ်နေသော်ညား.. ယခင် ထောက်လှမ်းရေးတပ် ၉ စစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းကာ လားရှိုးမြို့ CDM လုပ်နေသူများ..CDM ဦးဆောင်နေသူများ ကို

ဖြိုခွင်းမည်ဟု သွေးထိုး စစ်တပ်လော်ဘီ ပို့စ်များအား တွေ့မြင်ရပါသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ကျွန်တော့ အတွက် ဖခင်​၏ လုပ်ရပ်များသည် လွန်စွာ အကျည်းတန် ရှက်စရာကောင်းပါသည်။ သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးဇော်ဝမ်း (ခ)တကက ဇော်ဝမ်း(ငြ်မ်း) အား ယနေ့မှစ ကျွန်တော်၏

အဖေ အဖြစ် မသတ်မှတ်နိုင်ကြောင်း…၎င်း ပြုပြုသမျှ ကိစ္စအရပ်ရပ်သည် ကျွန်တော် စိုင်းကောင်းထက်ဇော် နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်း..၎င်းပြုပြုသမျှ ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ကြေညာအပ်ပါသည်။ (ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ၎င်း ၏လုပ်ရပ်များအား အကြိမ်ကြိမ်ဖြောင့်ဖြ သော်လည်း

အဆင်မပြေသည့်အတွက် ခြေစုံကန်သည်ဟုလည်း သတ်မှတ်လိုက သတ်မှတ်နိုင်ပါသည်။ မိသားစု တစ်စုတစ်စည်းထဲ ပြန်ဖြစ်အောင် ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မင်းအောင်လှိုင်၏ အာဏာသိမ်းမှုလုပ်ရပ်သည် ကျွန်တော်တို့ မိသားစုအား တစ်ပြိုတစ်ကွဲ ဖြစ်စေခဲ့ပါသည်။)

‼️‼️အကြိမ်ကြိမ်စဉ်းစားကာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် နှစ်သိမ့်အားပေးခြင်း ဆွေးနွေးဖြောင့်ဖျ ခြင်း သည်းခံပါ‼️‼️