Mon. Nov 29th, 2021

Zawgyi

ေခါင္းပြင့္ထြက္ၿပီးေသတဲ့ကေလးေလးက သူ႔ဘဝမွာ ကိုယ္ပိုင္ဖုန္းေလးတစ္လုံးနဲ႔ ဆိုင္ကယ္ေလးတစ္စီးေလာက္ ရွိရင္ဆိုတဲ့ရည္မွန္းခ်က္နဲ႔ ပိုက္ဆံရွာ… စုဗူးေလးနဲ႔စုေနတာတဲ့။ မေန႔ကေတာ့ ၄၁ လမ္းေစ်း အလုပ္လုပ္ဖို႔သြားရင္း မထင္မွတ္ဘဲဆႏၵျပပြဲနဲ႔ႀကဳံ ေနာက္ေတာ့ ကေလးရဲ႕ေမြးစားအေမဆိုသူနဲ႔ပဲေတြ႕ခဲ့ရတယ္။

အန္တီႀကီးခမ်ာ ကေလးအေၾကာင္းေျပာျပေနရင္းနဲ႔ ငိုလိုက္တာဆိုတာေလ…ကေလးေလးက ေဝယံထြန္း။ အသက္က ၁၆ ႏွစ္။ မိဘနဲ႔မေနဘဲ မႏၲေလးတက္လာတာ။ ဖုန္းနဲ႔ဆိုင္ကယ္လိုခ်င္လို႔ ေစ်းမွာတြန္းလွည္းဆြဲတယ္။ ေစ်းထဲမွာေတာ့ ေကာင္ေလးလို႔ ခ်စ္စႏိုးေခၚၾကတယ္တဲ့။ လိမၼာတယ္။ ဘယ္သူနဲ႔ျဖစ္ျဖစ္ တည့္ေအာင္ေနတတ္တဲ့ကေလးေလးတဲ့။

Photo – Ko Nanda

Unicode

ခေါင်းပွင့်ထွက်ပြီးသေတဲ့ကလေးလေးက သူ့ဘဝမှာ ကိုယ်ပိုင်ဖုန်းလေးတစ်လုံးနဲ့ ဆိုင်ကယ်လေးတစ်စီးလောက် ရှိရင်ဆိုတဲ့ရည်မှန်းချက်နဲ့ ပိုက်ဆံရှာ… စုဗူးလေးနဲ့စုနေတာတဲ့။ မနေ့ကတော့ ၄၁ လမ်းစျေး အလုပ်လုပ်ဖို့သွားရင်း မထင်မှတ်ဘဲဆန္ဒပြပွဲနဲ့ကြုံ နောက်တော့ ကလေးရဲ့မွေးစားအမေဆိုသူနဲ့ပဲတွေ့ခဲ့ရတယ်။ အန်တီကြီးခမျာ

ကလေးအကြောင်းပြောပြနေရင်းနဲ့ ငိုလိုက်တာဆိုတာလေ…ကလေးလေးက ဝေယံထွန်း။ အသက်က ၁၆ နှစ်။ မိဘနဲ့မနေဘဲ မန္တလေးတက်လာတာ။ ဖုန်းနဲ့ဆိုင်ကယ်လိုချင်လို့ စျေးမှာတွန်းလှည်းဆွဲတယ်။ စျေးထဲမှာတော့ ကောင်လေးလို့ ချစ်စနိုးခေါ်ကြတယ်တဲ့။ လိမ္မာတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် တည့်အောင်နေတတ်တဲ့ကလေးလေးတဲ့။

Photo – Ko Nanda