Zawgyi

က်ေနာ္တို႔ မရရေအာင္ လြန္ဆြဲကယ္ေနတဲ့ သားသား မင္းရွင္ေစာ မနက္က ဆုံးသြားပါၿပီ။ အရမ္းစိတ္နာစရာေကာင္းတာက သူ႔ႏွလုံးခြဲစိတ္ဖို႔လိုအပ္တဲ့ Catheter ကို က်ေနာ္တို႔ New Zealand မွ မွာယူ လႉဒါန္းၿပီး ရန္ကုန္ေလဆိပ္သို႔ 01 February 2021 တြင္ ေရာက္ရွိေနပါေသာ္လည္း ရန္ကုန္ေလဆိပ္ အေကာက္ခြန္အရာရွိ ဦးဉာဏ္သိမ္း ႏွင့္ ဗိုလ္ႀကီးေနမ်ိဳးသူ ဆိုသူမ်ားမွ

မည္သို႔မွ် ထုတ္မေပးႏိုင္ေၾကာင္း၊ ဆရာဝန္ေထာက္ခံစာကို လုံးဝ လက္မခံေၾကာင္း၊ Myanmar FDA ေလွ်ာက္ရမည္ျဖစ္ေၾကာင္း ျငင္းဆိုခဲ့ေသာေၾကာင့္ ယေန႔အခ်ိန္အထိ ထုတ္ယူခြင့္မရခဲ့ပါ။ ႏိုင္ငံတကာမွ ေထာက္ခံခ်က္မ်ားကို New Zealand မွ ပံ့ပိုးေပးေသာ္လည္း၊ အတန္တန္ ေတာင္းဆိုေသာ္လည္း Myanmar FDA မရွိလွ်င္လုံးဝ မထုတ္ေပးပါဟု ျငင္းဆန္ခဲ့ပါတယ္။

ကေလးတစ္ေယာက္၏ အသက္တစ္ေခ်ာင္းကိုပင္လုံးဝ မငဲ့ကြက္ဘဲ ဆရာဝန္မ်ား CDM လုပ္ရေကာင္းလားဆိုၿပီး၊ ဆရာဝန္ေဆးစာကို ပယ္ခ်ခဲ့ေသာ ထို အထက္လူႀကီး ၂ ေယာက္၏ လူမဆန္သည့္လုပ္ရပ္ကို အျပင္းအထန္ ရႈံ႕ခ်ပါသည္။ ၎တို႔၏ မိသားစုဝင္မ်ားလည္း ထိုကဲ့သို႔ေသာ ကယ္လို႔ရပါလ်က္ႏွင့္

တိမ္းပါးဆုံးရႈံးမႈမ်ား မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းပါတယ္။ စစ္အာဏာမလုလွ်င္ CDM လုပ္စရာအေၾကာင္းမရွိပါ၊ CDM မလုပ္ရလွ်င္ ယခုကဲ့သို႔ပရိပကၡ ျဖစ္စရာအေၾကာင္းမရွိပါ။ ဒါေၾကာင့္ အာဏာလုစစ္အစိုးရ ႏွင့္ လက္ပါးေစမ်ား ၏ ပေယာဂေၾကာင့္ ယခုလိုဆုံးရႈံးရျခင္းပါ။

Unicode

ကျနော်တို့ မရရအောင် လွန်ဆွဲကယ်နေတဲ့ သားသား မင်းရှင်စော မနက်က ဆုံးသွားပါပြီ။ အရမ်းစိတ်နာစရာကောင်းတာက သူ့နှလုံးခွဲစိတ်ဖို့လိုအပ်တဲ့ Catheter ကို ကျနော်တို့ New Zealand မှ မှာယူ လှူဒါန်းပြီး ရန်ကုန်လေဆိပ်သို့ 01 February 2021 တွင် ရောက်ရှိနေပါသော်လည်း ရန်ကုန်လေဆိပ် အကောက်ခွန်အရာရှိ

ဦးဉာဏ်သိမ်း နှင့် ဗိုလ်ကြီးနေမျိုးသူ ဆိုသူများမှ မည်သို့မျှ ထုတ်မပေးနိုင်ကြောင်း၊ ဆရာဝန်ထောက်ခံစာကို လုံးဝ လက်မခံကြောင်း၊ Myanmar FDA လျှောက်ရမည်ဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် ယနေ့အချိန်အထိ ထုတ်ယူခွင့်မရခဲ့ပါ။ နိုင်ငံတကာမှ ထောက်ခံချက်များကို New Zealand မှ ပံ့ပိုးပေးသော်လည်း၊ အတန်တန်

တောင်းဆိုသော်လည်း Myanmar FDA မရှိလျှင်လုံးဝ မထုတ်ပေးပါဟု ငြင်းဆန်ခဲ့ပါတယ်။ ကလေးတစ်ယောက်၏ အသက်တစ်ချောင်းကိုပင်လုံးဝ မငဲ့ကွက်ဘဲ ဆရာဝန်များ CDM လုပ်ရကောင်းလားဆိုပြီး၊ ဆရာဝန်ဆေးစာကို ပယ်ချခဲ့သော ထို အထက်လူကြီး ၂ ယောက်၏ လူမဆန်သည့်လုပ်ရပ်ကို အပြင်းအထန် ရှုံ့ချပါသည်။

၎င်းတို့၏ မိသားစုဝင်များလည်း ထိုကဲ့သို့သော ကယ်လို့ရပါလျက်နှင့် တိမ်းပါးဆုံးရှုံးမှုများ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ စစ်အာဏာမလုလျှင် CDM လုပ်စရာအကြောင်းမရှိပါ၊ CDM မလုပ်ရလျှင် ယခုကဲ့သို့ပရိပက္ခ ဖြစ်စရာအကြောင်းမရှိပါ။ ဒါကြောင့် အာဏာလုစစ်အစိုးရ နှင့် လက်ပါးစေများ ၏ ပယောဂကြောင့် ယခုလိုဆုံးရှုံးရခြင်းပါ။