Zawgyi

တနသၤာရီတိုင္း ေလးၿမိဳ႕နယ္ပူးေပါင္းၿပီး ထားဝယ္မွာ ဆႏၵျပေနၾကတဲ့သူေတြကို စစ္အာဏာရွင္စနစ္ ျပဳတ္က်တဲ့အထိ ထမင္း ဟင္း အလႉျပဳလုပ္သြားမယ္လို႔ အလႉရွင္မိသားစုက ေျပာပါတယ္။ ဒီလႉဒါန္းေကြၽးေမြးတာကို ၿမိဳ႕တြင္း ရပ္ကြက္က ေနအိမ္တခုမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က စတင္ခဲ့တာျဖစ္ၿပီး

မနက္ ၈ နာရီကေန ည ၈နာရီအထိ ထမင္းဟင္း အပါအဝင္ ထားဝယ္မုန႔္လက္သုပ္၊ ငပိရည္က်ိဳမုန႔္ဖတ္၊ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္ စတာေတြကို ေန႔စဥ္ေကြၽးေနတာလို႔ အလႉရွင္ ဦးေနဝင္း မိသားစုက ေျပာပါတယ္။ “အာဏာရွင္စနစ္ လုံးဝမလိုခ်င္တာေၾကာင့္ အေရးေတာ္ပုံမေအာင္မျမင္မခ်င္း က်မတို႔အိမ္ကေန ေကြၽးေမြးမယ္။

နယ္ကေန ဆႏၵျပတဲ့သူေတြ စားေရးေသာက္ေရး အဆင္မေျပတာ ၾကားလို႔ အခုလို႔ လႉဒါန္းဖို႔ စီစဥ္တာ။ အေရးေတာ္ပုံႀကီး ေအာင္ျမင္တဲ့အထိ ေကြၽးေမြးပါ့မယ္လို႔ ကတိျပဳပါတယ္” လို႔ ေျပာပါတယ္။ အခုလို ေကြၽးေမြးႏိုင္ဖို႔ သူတို႔မိသားစုအျပင္ သူငယ္ခ်င္းေတြ အပါအဝင္

အလႉေငြ ဝိုင္းဝန္းထည့္ဝင္ၾကတယ္လို႔ အလႉရွင္ အမ်ိဳးသမီးက ေျပာပါတယ္။ တနသၤာရီတိုင္းမွာ စစ္အာဏာရွင္အလိုမရွိေၾကာင္း ဆႏၵျပပြဲေတြကို ထားဝယ္၊ သရက္ေခ်ာင္း၊ ေလာင္းလုံးနဲ႔ ေရျဖဴ ၄ ၿမိဳ႕နယ္ ပူးေပါင္းၿပီး ထားဝယ္ၿမိဳ႕မွာ ေန႔စဥ္အင္အား သိန္းခ်ီ ဆင္ႏႊဲေနၾကတာပါ။

Source: DVBceleupdatenews

Unicode

တနင်္သာရီတိုင်း လေးမြို့နယ်ပူးပေါင်းပြီး ထားဝယ်မှာ ဆန္ဒပြနေကြတဲ့သူတွေကို စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ထမင်း ဟင်း အလှူပြုလုပ်သွားမယ်လို့ အလှူရှင်မိသားစုက ပြောပါတယ်။ ဒီလှူဒါန်းကျွေးမွေးတာကို မြို့တွင်း ရပ်ကွက်က နေအိမ်တခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီကနေ ည ၈နာရီအထိ ထမင်းဟင်း အပါအဝင် ထားဝယ်မုန့်လက်သုပ်၊

ငပိရည်ကျိုမုန့်ဖတ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် စတာတွေကို နေ့စဉ်ကျွေးနေတာလို့ အလှူရှင် ဦးနေဝင်း မိသားစုက ပြောပါတယ်။ “အာဏာရှင်စနစ် လုံးဝမလိုချင်တာကြောင့် အရေးတော်ပုံမအောင်မမြင်မချင်း ကျမတို့အိမ်ကနေ ကျွေးမွေးမယ်။ နယ်ကနေ ဆန္ဒပြတဲ့သူတွေ စားရေးသောက်ရေး အဆင်မပြေတာ ကြားလို့ အခုလို့ လှူဒါန်းဖို့ စီစဉ်တာ။ အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွေးမွေးပါ့မယ်လို့ ကတိပြုပါတယ်” လို့ ပြောပါတယ်။

အခုလို ကျွေးမွေးနိုင်ဖို့ သူတို့မိသားစုအပြင် သူငယ်ချင်းတွေ အပါအဝင် အလှူငွေ ဝိုင်းဝန်းထည့်ဝင်ကြတယ်လို့ အလှူရှင် အမျိုးသမီးက ပြောပါတယ်။ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူ ၄ မြို့နယ် ပူးပေါင်းပြီး ထားဝယ်မြို့မှာ နေ့စဉ်အင်အား သိန်းချီ ဆင်နွှဲနေကြတာပါ။

Source: DVBceleupdatenews