Zawgyi

“သ႐ုပ္ေဆာင္လူမင္း ဖမ္းဆီးခံရ” ရန္ကုန္ – ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ခံထားရသည့္ သ႐ုပ္ေဆာင္လူမင္းကို ယခုညတြင္လာေရာက္ဖမ္းဆီးသြားေၾကာင္း လူမင္း၏ဇနီးက ၎၏အေကာင့္တြင္ Live လႊင့္ေျပာၾကားသည္။ လာေရာက္ဖမ္းဆီးသူမ်ားက တံခါးကိုဖ်က္၍ ဝင္ေရာက္ဖမ္းဆီးေခၚ

ေဆာင္သြားျခင္းျဖစ္ၿပီး ေခၚေဆာင္သြားသည့္ေနရာကို ေမးျမန္းေသာ္လည္း မေျပာခဲ့ေၾကာင္း ခင္စံပယ္ဦးက Live ၌ ေျပာၾကားခဲ့သည္။ လူမင္းအပါအဝင္ နာမည္ႀကီးအႏုပညာရွင္ ေျခာက္ဦးသည္ ဝန္ထမ္းမ်ား CDM လုပ္ေဆာင္ရန္ လႈံ႕ေဆာ္သည္ဟုဆိုကာ ၿပီးခဲ့သည့္ရက္က ဖမ္းဝရမ္းထုတ္ခံရျခင္းျဖစ္သည္။

celeupdatenews

Unicode

“သရုပ်ဆောင်လူမင်း ဖမ်းဆီးခံရ” ရန်ကုန် – ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်လူမင်းကို ယခုညတွင်လာရောက်ဖမ်းဆီးသွားကြောင်း လူမင်း၏ဇနီးက ၎င်း၏အကောင့်တွင် Live လွှင့်ပြောကြားသည်။ လာရောက်ဖမ်းဆီးသူများက တံခါးကိုဖျက်၍ ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ပြီး

ခေါ်ဆောင်သွားသည့်နေရာကို မေးမြန်းသော်လည်း မပြောခဲ့ကြောင်း ခင်စံပယ်ဦးက Live ၌ ပြောကြားခဲ့သည်။ လူမင်းအပါအဝင် နာမည်ကြီးအနုပညာရှင် ခြောက်ဦးသည် ဝန်ထမ်းများ CDM လုပ်ဆောင်ရန် လှုံ့ဆော်သည်ဟုဆိုကာ ပြီးခဲ့သည့်ရက်က ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်။

celeupdatenews