Zawgyi






Unicode

လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းအရေးနဲ့ ပက်သတ်ပြီး မိဘပြည်သူလူထုနဲ့ တစ်သားတည်းရှိနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ ပြည်သူ့အစိုးရအဖွဲ့ကို ထောက်ခံပြီး တစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်ရရှိရေးအတွက် ပြည်သူတွေနဲ့အတူတူ တောင်းဆိုရင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ G Fatt က CDM ကို ထောက်ပံ့ကူညီပေးနေကြတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူတူ သူကိုယ်တိုင်လည်း တက်အားသရွေ့ ပါဝင်ကူညီမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ G Fatt က “ဒီအရေးတော်ပုံကြီး အောင်တဲ့အခါ CDM ဝန်ထမ်းတွေဆီ ဖျော်ဖြေဖို့ အပြေးလာခဲ့မယ် တစ်နှစ်လောက်ကို

ရသလောက်ပါတ်ဆိုပစ်ဦးမယ် ဘာအနုပညာကြေးမှမလိုဘူး Free ပဲ ကျေးဇူးတင်ကြောင်းကိုပါတ်ပြောချင်တာ .. CDM မှာပါဝင်ကြပါ ” ဆိုပြီး သူတတ်စွမ်းသလောက် အနုပညာနဲ့ အားဖြည့်ပေးမယ့်အကြောင်းကို ပြောလာပါတယ်။ G Fatt က CDM ကို ထောက်ပံ့ကူညီပေးနေကြတဲ့

တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့အတူတူ သူကိုယ်တိုင်လည်း တက်အားသရွေ့ပါဝင်ကူညီဖို့ အဆင်သင့်ရှိနေကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: G Fatt ‘s fbceleupdatenews