Zawgyi

Myanmar Idol Season (4) ရဲ႕ 1st Runner Up ဆုရွင္တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ေအးျမျဖဴကေတာ့ လက္ရွိမွာ သူမရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ျပည္သူေတြနဲ႔ အတူတူ ဒီမိုကေရစီလြတ္လပ္မႈကို ရရွိဖို႔ လႈပ္ရွားေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မေန႔က ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔မွာေတာ့ ေအးျမျဖဴက

ဆႏၵျပအဖြဲ႕နဲ႔ သီခ်င္းဆိုအားျဖည့္ဖို႔သြားရင္း သေဘာထားခ်င္းလြဲမွားမႈေတြျဖစ္ခဲ့ရတဲ့အေၾကာင္း ျပန္လည္ရွင္းျ ပလာတာကို ေတြ႕ရပါတယ္။ ေအးျမျဖဴက “သမီးရွင္းျပပါ့မယ္။ ပထမျဖစ္တဲ့ျပႆနာက သမီးကို Augustine က ဆႏၵျပတဲ့အဖြဲ႕မွာ လာအားျဖည့္ဖို႔ေခၚလို႔ သြားခဲ့ပါတယ္။ သမီးက ၃ နာရီမွ ေရာက္ၿပီး media ေတြေပၚမွာ Augustine ေက်ာင္းသားေတြနဲ႔တူတူ

ဆႏၵျပတယ္ဆိုၿပီးေရးေတာ့ အဖြဲ႕ဦးေဆာင္သူက မျပန္ခိုင္းဘဲ သမီးနဲ႔ေနခိုင္းတာ ( သမီးလည္း အခုမွျပန္သိရတာ ) အဲ့တာကို ေက်ာင္းသားေတြက မ်က္မုန္းက်ိဴးၾကၿပီး ဝိုင္းေျပာၾကပါတယ္ သမီးက ႏွမ္းလာျဖဴးၿပီး ဦးေဆာင္သလို ျဖစ္သြားတယ္ဆိုၿပီး မေက်နပ္ၾကတာ(မျပန္ခိုင္းတာလည္း သမီးတို႔ကိုယ္တိုင္မေျပာထားပါဘူး အကိုေတြအစ္မေတြကမျပန္ခိုင္းတာပါ)။ သမီး ဒီႏိုင္ငံေရးမွာ

ဘယ္လိုပါဝင္ေဆာင္႐ြက္ေနလဲဆိုတာ သိၾကမွာပါ သမီး page မွာ ၾကည့္ႏိုင္ပါတယ္။ အဲ့ေန႔က လည္း ေခၚလို႔ အျခားေနရာကေန သြားလိုက္တာ သမီးကလည္း ေပၚပင္လာလုပ္တယ္ဆိုၿပီး ဝိုင္းေျပာၾကတာလို႔ ပို႔စ္တစ္ခုတင္ၿပီး ေျဖရွင္းရတာပါ” “အဲ့ဒီမွာ သမီးpostကို ဝိုင္းshareၿပီး သမီးေတာင္မသိတဲ့ကိစၥေတြကိုဆဲၿပီးမဟုတ္တာေတြပါထည့္ၿပီးေျပာၾကပါတယ္ messenger ကလည္း

႐ိုင္း႐ိုင္းေျပာဆိုတာေတြရွိလို႔ သမီးရဲ႕အေမက ကေလးမိဘနဲ႔စကားေျပာမယ္ဆိုတာကို ကေလးမိဘအိမ္ဆီမေရာက္ပဲ liveလႊင့္တဲ့ေကာင္မေလးအိမ္မွာခ်ိန္းပါတယ္။ အေဖက သူ႔သမီးက ေစတနာနဲ႔ လုပ္ေပးတာကို ႐ိုင္းစိုင္းစြာေျပာလို႔ တုတ္နဲ႔႐ြယ္ပါတယ္ ကေလးကိုေမးၿပီးပါၿပီ

ဘာမွထိခိုက္တာမရွိပါဘူးလို႔လည္းေျပာပါတယ္( အခု လူေတြထင္သလို ပါး႐ိုက္နာ း႐ိုက္လည္းမလုပ္ပါ) Live ထဲမွာက ျပႆနာအစအဆုံးမပါတဲ့အတြက္ လူႀကီးေတြက သားသမီးေဇာနဲ႔ ေစတနာကေဝဒနာျဖစ္ပါတယ္ဆိုၿပီး ေဒါသထြက္ေနတာပဲ ပါတာပါ အဲ့ဒီေနာက္မွာ သမီးကို အထင္လြဲၿပီး ႐ိုင္းမိလို႔ဆိုၿပီး

ဟိုကလည္း ေတာင္းပန္ပါတယ္ သမီးတို႔ဘက္ကလည္း အဲ့ကေလးကို ေတာင္းပန္ၿပီးပါၿပီ။ ႏွစ္ဦးႏွစ္ဖက္အခု အဆင္ေျပၿပီးခါမွ messenger ကေန video ေတြ ထပ္ျဖန႔္ေနလို႔ အစအဆုံးကို ရွင္းျပၿပီး ေရးတင္ရတာပါ”ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္ စာမ်က္မွာမွာ ေျပာလာပါတယ္။ ေအးျမျဖဴကေတာ့

သူမရဲ႕မိဘေတြက အသက္မျပည့္ေသးတဲ့ (၁၇) ႏွစ္အ႐ြယ္ ေက်ာင္းသားေလးကို ကိုယ္ထိလက္ေရာက္မႈျပဳခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ ျပန္လည္ရွင္းျပလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Unicode

Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် အေးမြဖြူကတော့ လက်ရှိမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့ အတူတူ ဒီမိုကရေစီလွတ်လပ်မှုကို ရရှိဖို့ လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာတော့

အေးမြဖြူက ဆန္ဒပြအဖွဲ့နဲ့ သီချင်းဆိုအားဖြည့်ဖို့သွားရင်း သဘောထားချင်းလွဲမှားမှုတွေဖြစ်ခဲ့ရတဲ့အကြောင်း ပြန်လည်ရှင်းြ ပလာတာကို တွေ့ရပါတယ်။ အေးမြဖြူက “သမီးရှင်းပြပါ့မယ်။ ပထမဖြစ်တဲ့ပြဿနာက သမီးကို Augustine က ဆန္ဒပြတဲ့အဖွဲ့မှာ လာအားဖြည့်ဖို့ခေါ်လို့ သွားခဲ့ပါတယ်။ သမီးက ၃ နာရီမှ ရောက်ပြီး media တွေပေါ်မှာ Augustine

ကျောင်းသားတွေနဲ့တူတူ ဆန္ဒပြတယ်ဆိုပြီးရေးတော့ အဖွဲ့ဦးဆောင်သူက မပြန်ခိုင်းဘဲ သမီးနဲ့နေခိုင်းတာ ( သမီးလည်း အခုမှပြန်သိရတာ ) အဲ့တာကို ကျောင်းသားတွေက မျက်မုန်းကျိူးကြပြီး ဝိုင်းပြောကြပါတယ် သမီးက နှမ်းလာဖြူးပြီး ဦးဆောင်သလို ဖြစ်သွားတယ်ဆိုပြီး မကျေနပ်ကြတာ(မပြန်ခိုင်းတာလည်း သမီးတို့ကိုယ်တိုင်မပြောထားပါဘူး အကိုတွေအစ်မတွေကမပြန်ခိုင်းတာပါ)။

သမီး ဒီနိုင်ငံရေးမှာ ဘယ်လိုပါဝင်ဆောင်ရွက်နေလဲဆိုတာ သိကြမှာပါ သမီး page မှာ ကြည့်နိုင်ပါတယ်။ အဲ့နေ့က လည်း ခေါ်လို့ အခြားနေရာကနေ သွားလိုက်တာ သမီးကလည်း ပေါ်ပင်လာလုပ်တယ်ဆိုပြီး ဝိုင်းပြောကြတာလို့ ပို့စ်တစ်ခုတင်ပြီး ဖြေရှင်းရတာပါ” “အဲ့ဒီမှာ သမီးpostကို ဝိုင်းshareပြီး သမီးတောင်မသိတဲ့ကိစ္စတွေကိုဆဲပြီးမဟုတ်တာတွေပါထည့်ပြီးပြောကြပါတယ်

messenger ကလည်း ရိုင်းရိုင်းပြောဆိုတာတွေရှိလို့ သမီးရဲ့အမေက ကလေးမိဘနဲ့စကားပြောမယ်ဆိုတာကို ကလေးမိဘအိမ်ဆီမရောက်ပဲ liveလွှင့်တဲ့ကောင်မလေးအိမ်မှာချိန်းပါတယ်။ အဖေက သူ့သမီးက စေတနာနဲ့ လုပ်ပေးတာကို ရိုင်းစိုင်းစွာပြောလို့ တုတ်နဲ့ရွယ်ပါတယ် ကလေးကိုမေးပြီးပါပြီ ဘာမှထိခိုက်တာမရှိပါဘူးလို့လည်းပြောပါတယ်

( အခု လူတွေထင်သလို ပါးရိုက်နာ းရိုက်လည်းမလုပ်ပါ) Live ထဲမှာက ပြဿနာအစအဆုံးမပါတဲ့အတွက် လူကြီးတွေက သားသမီးဇောနဲ့ စေတနာကဝေဒနာဖြစ်ပါတယ်ဆိုပြီး ဒေါသထွက်နေတာပဲ ပါတာပါ အဲ့ဒီနောက်မှာ သမီးကို အထင်လွဲပြီး ရိုင်းမိလို့ဆိုပြီး ဟိုကလည်း တောင်းပန်ပါတယ် သမီးတို့ဘက်ကလည်း အဲ့ကလေးကို တောင်းပန်ပြီးပါပြီ။ နှစ်ဦးနှစ်ဖက်အခု အဆင်ပြေပြီးခါမှ messenger ကနေ video တွေ

ထပ်ဖြန့်နေလို့ အစအဆုံးကို ရှင်းပြပြီး ရေးတင်ရတာပါ”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်မှာမှာ ပြောလာပါတယ်။ အေးမြဖြူကတော့ သူမရဲ့မိဘတွေက အသက်မပြည့်သေးတဲ့ (၁၇) နှစ်အရွယ် ကျောင်းသားလေးကို ကိုယ်ထိလက်ရောက်မှုပြုခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ရှင်းပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။