Zawgyi





Unicode

ဖ.မ်းဝရ.မ်းထုတ်ခံထားရတဲ့ဒါရိုက်တာ ကိုပေါက်ရဲ့ ရဲရဲတောက် ကဗျာ။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖမ်းဆီးထားသောခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် ဝန်ထမ်းများ CDMလှုပ်ရှားမှုတွင် ပါဝင်လာစေရေးအတွက် ပြည်သူနဲ့အတူ ဆန္ဒပြမှူများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော

သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင်လူမင်း၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဏကြီးနှင့် အဆိုတော် အနဂ္ဂတို့ ၆ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၇ရက်နေ့က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။ ဒါရိုက်တာကိုပေါက်က

သူတို့အနေနဲ့ ဝရမ်းပြေးဖြစ်တာအရေးမကြီးကြောင်း CDMနိုင်မှဖြစ်မှာဖြစ်ကြောင်း စစ်အာဏာရှင် ကျဆုံ.းပါစေကြောင်း အစရှိသည်တို့ကို ပြည်သူတို့အား ကဗျာတစ်ပုဒ်အနေဖြင့်သီကုံးကာ အသိပေးလိုက်တာဘဲ ဖြစ်ပါတယ်။ ဖ.မ်းဝရ.မ်းထုတ်ခံထားရတဲ့ဒါရိုက်တာကိုပေါက်ရဲ့ ရဲရဲတောက် ကဗျာ- “တောက်ခေါက် အံကြိတ်သံ”။

ငါတို့ ဝရမ်းပြေးဖြစ်တာ၊ အရေးမကြီးဘူး။ CDM ကြီးနိုင်မှ ပြီးမယ်။ ငါတို့ ရိုးတွင်းချဉ်ဆီက တွန်လိုက်တဲ့ တောက်ခေါက်သံဟာ အာဏာရှင်ကို နိဂုံ.းချုပ်စေမယ်။ ငါတို့ရှေ့မထွက်ရတာ၊ အကြောင်းမဟုတ်ဘူး။ တို့အားလုံးက ခေါင်းဆောင်တွေပါ။ ငါတို့အားလုံးရဲ့ အံကြိတ်သံနဲ့၊ အာဏာရှင်ကို ကျဆုံ.းစေမယ်။ ကိုပေါက်(ခေတ္တဝရမ်းပြေး) လေးစားစွာဖြင့် ခရက်ဒစ်