Categories
ထူးဆန်းထွေလာ

ကြောင်လေးတွေအကြောင်း သင်ဘယ်လောက်သိပါသလဲ ?

Zawgyi

ေၾကာင္ေလးေတြအေၾကာင္း သင္ဘယ္ေလာက္သိပါသလဲ ?

သင္တို႔အိမ္မွာ ေၾကာင္ေလးေတြေမြးဖူးပါသလား။ ေၾကာင္ေလးေတြကို ခ်စ္တတ္ပါသလား။ ေၾကာင္ကိုခ်စ္လို႔ေမြးထားတဲ့ ေၾကာင္ခ်စ္သူမ်ားအတြက္ အခုေရးမည့္စာသည္ အလြန္အသုံးဝင္ပါလိမ့္မယ္။ ေၾကာင္ေလးေတြရဲ႕ အမူအက်င့္ေလးေတြႏွင့္ပတ္သက္သည့္ အနက္အဓိပၸာယ္ေလးေတြကို ေရးသားေဖာ္ျပေပးသြားပါမယ္။ ေၾကာင္ေလးေတြရဲ႕ အသံ၊ မ်က္ႏွာအေနအထား၊ ကိုယ္ေနဟန္အျပဳအမူေလးေတြကိုၾကည့္ၿပီး သူတို႔ေလးေတြရဲ႕ ခံစားခ်က္ေလးေတြကို မိမိတို႔ကနားလည္ထားမွ သူတို႔ဘာျဖစ္ေနတယ္၊ ဘာေတြေျပာေနတယ္ဆိုတာကို သိႏိုင္မွာျဖစ္ပါတယ္။

သူတို႔ေလးေတြရဲ႕ ခံစားခ်က္ေလးေတြကို ဘယ္လိုအမူအရာေလးေတြနဲ႔ေဖာ္ျပမလဲဆိုတာကို ေအာက္မွာဆက္လက္ဖတ္ရႈလိုက္ပါဦးေနာ္။

၁။ အျမႇီးယမ္းျပေနျခင္း🐈

သင့္အား ၾကည့္ၿပီး အျမႇီးကိုျဖည္းျဖည္းျခင္း လႈပ္ယမ္းေနလွ်င္ သင့္အားႏႈတ္ဆက္ျခင္း၊ ႀကိဳဆိုျခင္း ျဖစ္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ အျမႇီးမွာေျဖာင့္တန္းေနၿပီး ညာမွဘယ္ဘက္သို႔ယမ္းေနလွ်င္ေတာ့ ေၾကာက္ေနျခင္း၊ အႏၲရာယ္ရွိေနျခင္းကို ေဖာ္ျပေနျခင္းျဖစ္ပါတယ္။

၂။ ေျခေထာက္အား ကုတ္ေနျခင္း🐈

သင္ မတ္တပ္ရပ္ေနသည့္အခ်ိန္ သို႔မဟုတ္ သင္လမ္းေလွ်ာက္ေနခ်ိန္တြင္ သင္ေျခေထာက္အား လာၿပီးကုတ္ေနလွ်င္ ထိုအမူအရာသည္ သူတို႔ေဆာ့ကစားခ်င္သည့္ အမူအရာျဖစ္ေသာေၾကာင့္ ခဏေလးသူတို႔နဲ႔အတူ ေဆာ့ကစားေပးလိုက္ပါ။

၃။ ကိုက္ျခင္း🐈

ကိုက္ျခင္းဆိုသည္မွာ ခပ္ဖြဖြေလးငုံထားသည့္ သေဘာမ်ိဳးလုပ္လာလွ်င္ သူတို႔စိတ္မၾကည္လင္ပါဘူး။ သူတို႔ သင့္အေပၚစိတ္ဆိုးစိတ္ေကာက္ေနျခင္းကို သတိေပးသည့္သေဘာျဖင့္ ကိုက္ထားျခင္းမ်ိဳး ျဖစ္ပါတယ္။ အဲလိုျဖစ္လာၿပီဆို သူတို႔စိတ္ဆိုးေအာင္ ဘာလုပ္မိသလဲလို႔ ေသခ်ာစဥ္းစားပါ။ သူတို႔စိတ္ေျပေအာင္ ေႏြးေႏြးေထြးေထြးေနေပးၿပီး ေဆာ့ကစားေပးျခင္းျဖင့္ ျပန္ေခ်ာ့လိုက္ပါ။

၄။ တိုးေဝွ႔ပြတ္သပ္ေနျခင္း🐈

သင့္အား တိုးေဝွ႔ပြတ္ကပ္ၿပီးကပ္ေနလွ်င္ သူကသင့္အားမိတ္ေဆြဖြဲ႕ေနျခင္းမ်ိဳး ျဖစ္ပါတယ္။ သင္ ႏွင့္ သူသည္ ရန္သူမဟုတ္ပါဘူး၊ သင့္ကိုမိတ္ေဆြဖြဲ႕ျခင္း၊ ခ်စ္ခင္ျခင္းမ်ိဳးကို ျပေသာအမူအရာျဖစ္ပါတယ္။ ထို႔ကဲ့သို႔ တိုးေဝွ႔ပြတ္သပ္ေနလွ်င္ ေၾကာင္ေလးေတြကို ေမာင္းထုတ္ျခင္းမျပဳလုပ္ဘဲ ျပန္လည္ပြတ္သပ္ေပးလိုက္ပါ။

၅။ သမ္းေဝျပျခင္း🐈

သမ္းေဝေနသည္ကို သင္ျမင္လွ်င္ေတာ့ သူတို႔ကိုအေႏွာင့္အယွက္မေပးဘဲ ေနလိုက္ပါ။ ေၾကာင္ေလးမ်ားသည္ စိတ္ပင္ပန္းၿပီး စိတ္ဖိစီးမႈမ်ားေနလွ်င္ သူတို႔အနားယူရန္လိုအပ္ေနေသာေၾကာင့္ သူတို႔အနားမလာခိုင္းဘဲ ေအးေဆးအနားယူခ်င္သည့္ အေၾကာင္းကိုသမ္းေဝျပျခင္းျဖင့္ သင့္အားအသိေပးျခင္း ျဖစ္ပါတယ္။

၆။ အပ်င္းေၾကာဆန႔္ျခင္း (ေနာက္ေက်ာဆန႔္ျခင္း)🐈

သင့္အနားလာၿပီး ေနာက္ေက်ာဆန႔္ေနလွ်င္ေတာ့ သူတို႔က သင့္ကိုယုံၾကည္တယ္၊ စိတ္ခ်တယ္ ဆိုသည့္ သင့္အေပၚယုံၾကည္မႈရွိေသာေၾကာင့္ ျပဳလုပ္ေတာ့ အမူအရာျဖစ္ပါတယ္။

၇။ ႂကြက္ဖမ္းလာျခင္🐈

ေၾကာင္ေလးေတြက သင္နဲ႔ရင္းႏွီးလာၿပီးဆိုလွ်င္ သင့္ကိုႂကြက္ဖမ္းၿပီးစားတတ္ေအာင္ သင္ေပးဖို႔ႀကိဳးစားၾကပါလိမ့္မယ္။ သင့္ကိုသင္လို႔မရဘူးလို႔ ခံစားမိၾကတဲ့အခါမွာေတာ့ သင္စားဖို႔ႂကြက္ကို သူတို႔ဖမ္းေပးလာပါလိမ့္မယ္။ သင့္တို႔သတိထားမိၾကလား သူတို႔ႂကြက္ဖမ္းမိလွ်င္ အျပင္မွာတစ္ခါတည္း စားခဲ့လွ်င္ရရဲ႕သားနဲ႔မစားဘဲ ခ်ီယူခဲ့တာကိုေလ။

အဲဒါကေတာ့ သင္တို႔အတြက္ ဖမ္းေပးလာျခင္း ျဖစ္လို႔ပါ။ ႂကြက္ဖမ္းေပးတယ္ဆိုလို႔ မိမိတို႔အိမ္ကေၾကာင္ေလးအေၾကာင္း ျပန္ေတြးမိၿပီး ရယ္ခ်င္လာခဲ့ပါတယ္။ မိမိတို႔အိမ္ကေၾကာင္ေလးကေတာ့ ပိုၿပီးသခင္ကိုေစတနာရွိပုံေပၚပါတယ္။ ညဘက္ႀကီး မိမိအေမျဖစ္သူမွာ ဘာေၾကာင့္မွန္းမသိႏိုးလာေတာ့ အိမ္သာသြားဖို႔ျခင္ေထာင္ဖြင့္လိုက္ေတာ့ ကုတင္ေျခရင္းမွာ ေႁမြစိမ္းမေသမရွင္ေလးကို ကိုက္ခ်ီၿပီး ထိုင္ၾကည့္ေနၾကပါတယ္။

အေမကိုလည္းျမင္ေရာ ၂ေကာင္သား “ ေညာင္” ဆိုၿပီး အားရဝမ္းသာစြာ ျပၾကပါေတာ့တယ္။ အေမမွာ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့အထဲ ေႁမြကိုျမင္လိုက္ေတာ့ သူလည္းလန႔္သြားရွာမယ္ ထင္ပါတယ္။ ဒါေပမဲ့ စိတ္ဆိုးဟန္တစ္ခ်က္ကေလးေတာင္မရွိဘဲ ” နင္တို႔ေတြ အျပင္မွာစားခဲ့ေပါ့ ဘာလို႔ခ်ီလာၾကလည္း ” ဆိုၿပီး ေႁမြကိုရွင္းရပါေတာ့တယ္။ အခုေတြးမိေတာ့သာ ရယ္စရာေကာင္းေပမဲ့ အဲဒီတုန္းကေတာ့ ” ေတာ္ပါေသးတယ္ အထဲမဝင္လို႔ ေႁမြစိမ္းမလို႔၊ ေႁမြကမေသမရွင္မလႈပ္ႏိုင္လို႔သာပဲ၊ နတ္ေကာင္းနတ္ျမတ္က ႏႈိးတာေနမွာ ဘယ္လို႔ႏိုးသြားမွန္းမသိဘူး ” ဆိုၿပီးေျပာမဆုံး ျဖစ္ခဲ့ၾကရပါတယ္။ သူတို႔လည္း သခင္ကမႀကိဳက္ေတာ့ ေနာက္ပိုင္းေတာ့ အဲလိုအျဖစ္မ်ိဳးမရွိခဲ့ပါဘူး။

ေနာက္ၿပီး ေခြးေလးေတြ ေၾကာင္ေလးေတြေရွ႕မွာ ဘာစားခ်င္လိုက္တာလို႔ မေျပာမိပါေစနဲ႔ေနာ္။ ေခြးတိုင္း၊ေၾကာင္တိုင္းေတာ့ မဟုတ္ေပမဲ့ တခ်ိဳ႕အသိဉာဏ္အရမ္းရွိရင္ ယူလာေပးတတ္ၾကလို႔ပါ။ တကယ့္အျဖစ္ေလး ေျပာျပမယ္ေနာ္။

မိမိအဖြားအိမ္က ေမြးခဲ့ဖူးတဲ့ေခြးေလးေတာ္ေတာ္မ်ားမ်ား ျဖစ္ခဲ့ဖူးတယ္။ အေဒၚေတြ ဦးေလးေတြက ” ငါးေျခာက္ခ်က္ေလး စားခ်င္လိုက္တာ အေမမနက္ျဖန္ေဈးသြားရင္ ဝယ္ခဲ့ဦးေနာ္ ” လို႔ သူတို႔ေတြေျပာဆိုေနၾကတာေပါ့။ ေနာက္ေတာ္ေတာ္ေလးၾကာေတာ့ အေဒၚရဲ႕ေအာ္သံၾကားပါေလေရာ ” ဒီမွာ ဟိုေကာင္ရယ္ ငါးေျခာက္ႀကီး ဘယ္အိမ္ကဆြဲလားလည္းမသိဘူး ” ဆိုၿပီး သြားၾကည့္ၾကေတာ့ ငါးရံ႕ေျခာက္တစ္ေကာင္ ခ်ီခ်လာပါတယ္။ သူ႔ကိုလည္း ” နင္ေနာက္ခါ သူမ်ားအိမ္ကဟာ မသိဘဲမယူရဘူး ” ဆိုၿပီး မာန္မဲလိုက္ေတာ့လည္း မ်က္ႏွာငယ္ေလးနဲ႔ သနားစရာေလး။ အဲဒါနဲ႔ ငါးရံ႕ေျခာက္ပိုင္ရွင္ရွာရပါေတာ့တယ္။ အိမ္နီးနားခ်င္းေတြေမးရေတာ့တာေပါ့။ ေနာက္ယူလာတဲ့ အိမ္ေတြ႕ေတာ့ ျပန္ေပးခဲ့ရတာေပါ့။

ေနာက္တစ္ေခါက္ကေတာ့ ” ေနာက္ေန႔ၾကက္ကင္လုပ္စားၾကမယ္ေဟ့ ” လို႔ေျပာတာၾကားၿပီး ၾကက္ကို မေသမရွင္ကိုက္ၿပီး ခ်ီလာပါေတာ့တယ္။ အဲဒီတစ္ခါေတာ့ ၾကက္ပိုင္ရွင္က အနီးနားကမဟုတ္ေတာ့ ၾကက္ဖိုးအေလ်ာ္မေပးလိုက္ရပါဘူး။ အိမ္သားေတြလည္း ႏွစ္ခါေလာက္ျဖစ္လိုက္ေတာ့ သူတို႔ေရွ႕ဘာမွကိုမေျပာရဲေအာင္ ျဖစ္ခဲ့ရပါတယ္။ ဒါေလးကေတာ့ ႀကဳံႀကိဳက္လို႔ တကယ့္ျဖစ္ရပ္ေလးကို သတိေပးရင္း ရယ္စရာေလးတစ္ခုအေနျဖင့္ ထည့္ေရးလိုက္ျခင္း ျဖစ္ပါတယ္။

အခုဆိုလွ်င္ ေၾကာင္ေလးေတြရဲ႕ ခံစားခ်က္ေလးေတြကို ေဖာ္ျပတဲ့အမူအရာေလးတခ်ိဳ႕ ကို သိရၿပီဆိုေတာ့ ေၾကာင္ေမြးထားတဲ့ သူေတြအေနျဖင့္ သူတို႔ေလးေတြကို အရင္ကထက္ ပိုနားလည္ေပးၿပီး ေသခ်ာေလးဂ႐ုစိုက္ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရင္း အဆုံးသတ္လိုက္ပါတယ္။ 🐱 🐈

မူရင္းေရးသားသူအားCredit ေပးပါသည္။

Unicode

ကြောင်လေးတွေအကြောင်း သင်ဘယ်လောက်သိပါသလဲ ?

သင်တို့အိမ်မှာ ကြောင်လေးတွေမွေးဖူးပါသလား။ ကြောင်လေးတွေကို ချစ်တတ်ပါသလား။ ကြောင်ကိုချစ်လို့မွေးထားတဲ့ ကြောင်ချစ်သူများအတွက် အခုရေးမည့်စာသည် အလွန်အသုံးဝင်ပါလိမ့်မယ်။ ကြောင်လေးတွေရဲ့ အမူအကျင့်လေးတွေနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်လေးတွေကို ရေးသားဖော်ပြပေးသွားပါမယ်။ ကြောင်လေးတွေရဲ့ အသံ၊ မျက်နှာအနေအထား၊ ကိုယ်နေဟန်အပြုအမူလေးတွေကိုကြည့်ပြီး သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို မိမိတို့ကနားလည်ထားမှ သူတို့ဘာဖြစ်နေတယ်၊ ဘာတွေပြောနေတယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။

သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို ဘယ်လိုအမူအရာလေးတွေနဲ့ဖော်ပြမလဲဆိုတာကို အောက်မှာဆက်လက်ဖတ်ရှုလိုက်ပါဦးနော်။

၁။ အမြှီးယမ်းပြနေခြင်း🐈

သင့်အား ကြည့်ပြီး အမြှီးကိုဖြည်းဖြည်းခြင်း လှုပ်ယမ်းနေလျှင် သင့်အားနှုတ်ဆက်ခြင်း၊ ကြိုဆိုခြင်း ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြှီးမှာဖြောင့်တန်းနေပြီး ညာမှဘယ်ဘက်သို့ယမ်းနေလျှင်တော့ ကြောက်နေခြင်း၊ အန္တရာယ်ရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

၂။ ခြေထောက်အား ကုတ်နေခြင်း🐈

သင် မတ်တပ်ရပ်နေသည့်အချိန် သို့မဟုတ် သင်လမ်းလျှောက်နေချိန်တွင် သင်ခြေထောက်အား လာပြီးကုတ်နေလျှင် ထိုအမူအရာသည် သူတို့ဆော့ကစားချင်သည့် အမူအရာဖြစ်သောကြောင့် ခဏလေးသူတို့နဲ့အတူ ဆော့ကစားပေးလိုက်ပါ။

၃။ ကိုက်ခြင်း🐈

ကိုက်ခြင်းဆိုသည်မှာ ခပ်ဖွဖွလေးငုံထားသည့် သဘောမျိုးလုပ်လာလျှင် သူတို့စိတ်မကြည်လင်ပါဘူး။ သူတို့ သင့်အပေါ်စိတ်ဆိုးစိတ်ကောက်နေခြင်းကို သတိပေးသည့်သဘောဖြင့် ကိုက်ထားခြင်းမျိုး ဖြစ်ပါတယ်။ အဲလိုဖြစ်လာပြီဆို သူတို့စိတ်ဆိုးအောင် ဘာလုပ်မိသလဲလို့ သေချာစဉ်းစားပါ။ သူတို့စိတ်ပြေအောင် နွေးနွေးထွေးထွေးနေပေးပြီး ဆော့ကစားပေးခြင်းဖြင့် ပြန်ချော့လိုက်ပါ။

၄။ တိုးဝှေ့ပွတ်သပ်နေခြင်း🐈

သင့်အား တိုးဝှေ့ပွတ်ကပ်ပြီးကပ်နေလျှင် သူကသင့်အားမိတ်ဆွေဖွဲ့နေခြင်းမျိုး ဖြစ်ပါတယ်။ သင် နှင့် သူသည် ရန်သူမဟုတ်ပါဘူး၊ သင့်ကိုမိတ်ဆွေဖွဲ့ခြင်း၊ ချစ်ခင်ခြင်းမျိုးကို ပြသောအမူအရာဖြစ်ပါတယ်။ ထို့ကဲ့သို့ တိုးဝှေ့ပွတ်သပ်နေလျှင် ကြောင်လေးတွေကို မောင်းထုတ်ခြင်းမပြုလုပ်ဘဲ ပြန်လည်ပွတ်သပ်ပေးလိုက်ပါ။

၅။ သမ်းဝေပြခြင်း🐈

သမ်းဝေနေသည်ကို သင်မြင်လျှင်တော့ သူတို့ကိုအနှောင့်အယှက်မပေးဘဲ နေလိုက်ပါ။ ကြောင်လေးများသည် စိတ်ပင်ပန်းပြီး စိတ်ဖိစီးမှုများနေလျှင် သူတို့အနားယူရန်လိုအပ်နေသောကြောင့် သူတို့အနားမလာခိုင်းဘဲ အေးဆေးအနားယူချင်သည့် အကြောင်းကိုသမ်းဝေပြခြင်းဖြင့် သင့်အားအသိပေးခြင်း ဖြစ်ပါတယ်။

၆။ အပျင်းကြောဆန့်ခြင်း (နောက်ကျောဆန့်ခြင်း)🐈

သင့်အနားလာပြီး နောက်ကျောဆန့်နေလျှင်တော့ သူတို့က သင့်ကိုယုံကြည်တယ်၊ စိတ်ချတယ် ဆိုသည့် သင့်အပေါ်ယုံကြည်မှုရှိသောကြောင့် ပြုလုပ်တော့ အမူအရာဖြစ်ပါတယ်။

၇။ ကြွက်ဖမ်းလာခြင်🐈

ကြောင်လေးတွေက သင်နဲ့ရင်းနှီးလာပြီးဆိုလျှင် သင့်ကိုကြွက်ဖမ်းပြီးစားတတ်အောင် သင်ပေးဖို့ကြိုးစားကြပါလိမ့်မယ်။ သင့်ကိုသင်လို့မရဘူးလို့ ခံစားမိကြတဲ့အခါမှာတော့ သင်စားဖို့ကြွက်ကို သူတို့ဖမ်းပေးလာပါလိမ့်မယ်။ သင့်တို့သတိထားမိကြလား သူတို့ကြွက်ဖမ်းမိလျှင် အပြင်မှာတစ်ခါတည်း စားခဲ့လျှင်ရရဲ့သားနဲ့မစားဘဲ ချီယူခဲ့တာကိုလေ။

အဲဒါကတော့ သင်တို့အတွက် ဖမ်းပေးလာခြင်း ဖြစ်လို့ပါ။ ကြွက်ဖမ်းပေးတယ်ဆိုလို့ မိမိတို့အိမ်ကကြောင်လေးအကြောင်း ပြန်တွေးမိပြီး ရယ်ချင်လာခဲ့ပါတယ်။ မိမိတို့အိမ်ကကြောင်လေးကတော့ ပိုပြီးသခင်ကိုစေတနာရှိပုံပေါ်ပါတယ်။ ညဘက်ကြီး မိမိအမေဖြစ်သူမှာ ဘာကြောင့်မှန်းမသိနိုးလာတော့ အိမ်သာသွားဖို့ခြင်ထောင်ဖွင့်လိုက်တော့ ကုတင်ခြေရင်းမှာ မြွေစိမ်းမသေမရှင်လေးကို ကိုက်ချီပြီး ထိုင်ကြည့်နေကြပါတယ်။

အမေကိုလည်းမြင်ရော ၂ကောင်သား “ ညောင်” ဆိုပြီး အားရဝမ်းသာစွာ ပြကြပါတော့တယ်။ အမေမှာ အိပ်ချင်မူးတူးဖြစ်နေတဲ့အထဲ မြွေကိုမြင်လိုက်တော့ သူလည်းလန့်သွားရှာမယ် ထင်ပါတယ်။ ဒါပေမဲ့ စိတ်ဆိုးဟန်တစ်ချက်ကလေးတောင်မရှိဘဲ ” နင်တို့တွေ အပြင်မှာစားခဲ့ပေါ့ ဘာလို့ချီလာကြလည်း ” ဆိုပြီး မြွေကိုရှင်းရပါတော့တယ်။ အခုတွေးမိတော့သာ ရယ်စရာကောင်းပေမဲ့ အဲဒီတုန်းကတော့ ” တော်ပါသေးတယ် အထဲမဝင်လို့ မြွေစိမ်းမလို့၊ မြွေကမသေမရှင်မလှုပ်နိုင်လို့သာပဲ၊ နတ်ကောင်းနတ်မြတ်က နှိုးတာနေမှာ ဘယ်လို့နိုးသွားမှန်းမသိဘူး ” ဆိုပြီးပြောမဆုံး ဖြစ်ခဲ့ကြရပါတယ်။ သူတို့လည်း သခင်ကမကြိုက်တော့ နောက်ပိုင်းတော့ အဲလိုအဖြစ်မျိုးမရှိခဲ့ပါဘူး။

နောက်ပြီး ခွေးလေးတွေ ကြောင်လေးတွေရှေ့မှာ ဘာစားချင်လိုက်တာလို့ မပြောမိပါစေနဲ့နော်။ ခွေးတိုင်း၊ကြောင်တိုင်းတော့ မဟုတ်ပေမဲ့ တချို့အသိဉာဏ်အရမ်းရှိရင် ယူလာပေးတတ်ကြလို့ပါ။ တကယ့်အဖြစ်လေး ပြောပြမယ်နော်။

မိမိအဖွားအိမ်က မွေးခဲ့ဖူးတဲ့ခွေးလေးတော်တော်များများ ဖြစ်ခဲ့ဖူးတယ်။ အဒေါ်တွေ ဦးလေးတွေက ” ငါးခြောက်ချက်လေး စားချင်လိုက်တာ အမေမနက်ဖြန်ဈေးသွားရင် ဝယ်ခဲ့ဦးနော် ” လို့ သူတို့တွေပြောဆိုနေကြတာပေါ့။ နောက်တော်တော်လေးကြာတော့ အဒေါ်ရဲ့အော်သံကြားပါလေရော ” ဒီမှာ ဟိုကောင်ရယ် ငါးခြောက်ကြီး ဘယ်အိမ်ကဆွဲလားလည်းမသိဘူး ” ဆိုပြီး သွားကြည့်ကြတော့ ငါးရံ့ခြောက်တစ်ကောင် ချီချလာပါတယ်။ သူ့ကိုလည်း ” နင်နောက်ခါ သူများအိမ်ကဟာ မသိဘဲမယူရဘူး ” ဆိုပြီး မာန်မဲလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ သနားစရာလေး။ အဲဒါနဲ့ ငါးရံ့ခြောက်ပိုင်ရှင်ရှာရပါတော့တယ်။ အိမ်နီးနားချင်းတွေမေးရတော့တာပေါ့။ နောက်ယူလာတဲ့ အိမ်တွေ့တော့ ပြန်ပေးခဲ့ရတာပေါ့။

နောက်တစ်ခေါက်ကတော့ ” နောက်နေ့ကြက်ကင်လုပ်စားကြမယ်ဟေ့ ” လို့ပြောတာကြားပြီး ကြက်ကို မသေမရှင်ကိုက်ပြီး ချီလာပါတော့တယ်။ အဲဒီတစ်ခါတော့ ကြက်ပိုင်ရှင်က အနီးနားကမဟုတ်တော့ ကြက်ဖိုးအလျော်မပေးလိုက်ရပါဘူး။ အိမ်သားတွေလည်း နှစ်ခါလောက်ဖြစ်လိုက်တော့ သူတို့ရှေ့ဘာမှကိုမပြောရဲအောင် ဖြစ်ခဲ့ရပါတယ်။ ဒါလေးကတော့ ကြုံကြိုက်လို့ တကယ့်ဖြစ်ရပ်လေးကို သတိပေးရင်း ရယ်စရာလေးတစ်ခုအနေဖြင့် ထည့်ရေးလိုက်ခြင်း ဖြစ်ပါတယ်။

အခုဆိုလျှင် ကြောင်လေးတွေရဲ့ ခံစားချက်လေးတွေကို ဖော်ပြတဲ့အမူအရာလေးတချို့ ကို သိရပြီဆိုတော့ ကြောင်မွေးထားတဲ့ သူတွေအနေဖြင့် သူတို့လေးတွေကို အရင်ကထက် ပိုနားလည်ပေးပြီး သေချာလေးဂရုစိုက်ဖြစ်မယ်လို့ မျှော်လင့်ရင်း အဆုံးသတ်လိုက်ပါတယ်။ 🐱 🐈

မူရင်းရေးသားသူအားCredit ပေးပါသည်။

Leave a Reply

Your email address will not be published.