Sun. Nov 28th, 2021

Zawgyi

ညဘက္ေတြေကာင္းေကာင္းမအိပ္ရ။ လူစိမ္းေတြဝင္တာေၾကာင့္ သံပုံးေတြတီးၿပီး ဝိုင္းလိုက္ရတယ္။ မီးကြင္းပစ္တဲ့အသံေတြေၾကာင့္လည္း ညတိုင္းရင္တမမနဲ႔။ သမီးႀကီးက သိတတ္တဲ့အ႐ြယ္ေရာက္ေနၿပီဆိုေတာ့… မီးကြင္းပစ္တယ္ဆိုတဲ့အသံေတြ လူစိမ္းေတြဝင္လို႔ လိုက္ရတာေတြ ရပ္ကြက္ထဲကလူေတြ

စုၿပီးကင္းေစာင့္ဖို႔ျပင္ဆင္ေနၾကတာေတြကို ျမင္ေန သိေန နားလည္ေနၿပီ။ ညေနကထဲက မ်က္ႏွာေလးပ်က္ေနရွာတာ ညေရာက္မွာ. ကိုသူေၾကာက္ေနရွာတယ္။ ေမေမရယ္ 2020ကမွေကာင္းေသးတယ္ ကိုဗစ္ပဲရွိတာ အိမ္ထဲကမထြက္ရင္ရတယ္။ အခု 2021က ပိုဆိုးတယ္ေနာ္ ေရာဂါေတြေရာ လူဆိုးေတြေရာတဲ့။

သူ႔အသိေလးနဲ႔သူေျပာေနရွာတာ။ ခုနကလည္း. သမီးငယ္ေလးကိုသိပ္ေနရင္း သူ႔ဘက္လွည့္ၾကည့္လိုက္ေတာ့ မ်က္ရည္ေတြက်ေနတာ။ ငါ့သမီးေလး ဘာျဖစ္လို႔တုန္း ေမေမ့ကိုေျပာဆိုေတာ့ ေၾကာက္လို႔တဲ့။ ဘာမွမျဖစ္ဘူးသမီး ေမေမက မအိပ္ဘဲထိုင္ေစာင့္ေပးမွာ.. ငါ့သမီးေလးေတြစိတ္ခ်လက္ခ်အိပ္

ဘာမွမျဖစ္ဘူး ေမေမ့ကိုယုံတယ္မလားဆိုၿပီး သူ႔ကိုဖက္ထားၿပီး ေခါင္းေလးကိုပြတ္ေပးေနမွ “ဟုတ္”ဆိုၿပီး မ်က္ရည္ေတြနဲ႔အိပ္သြားရွာတယ္။ လူမမယ္ ကေလးေတြရင္ထဲ. ကိုေတာင္ အေၾကာက္တရားေတြထည့္ေပးတဲ့ မိစာၦေတြ ငါက ငါ့သမီးေတြရင္ထဲက အေၾကာက္တရားေတြကို အျမစ္ကဆြဲႏႈတ္ပစ္မွာ။

သမီးေတြဘယ္ေတာ့မွ အေၾကာက္တရားေတြနဲ႔ မရွင္သန္ေစရဘူး။ မတရားမႈ႕ကို ဘယ္လိုရဲရဲရင့္ရင့္ရင္ဆိုင္ရမလဲဆိုတာ ျပေပးမွာ။ ငါ အသက္ရွင္ေနသမွ် ငါ့သမီးေတြ ဆံျခည္တမွ်င္ေတာင္ မထိႏိုင္ေအာင္ကာကြယ္မွာ။အသက္ေပးၿပီးေတာင္ ေမြးခဲ့ေသးတာပဲ အသက္ေပးၿပီးကာကြယ္ဖို႔.. ဆိုတာ ေျပာေနစရာေတာင္မလိုဘူး။ အမ္ႏိုင္း

Unicode

ညဘက်တွေကောင်းကောင်းမအိပ်ရ။ လူစိမ်းတွေဝင်တာကြောင့် သံပုံးတွေတီးပြီး ဝိုင်းလိုက်ရတယ်။ မီးကွင်းပစ်တဲ့အသံတွေကြောင့်လည်း ညတိုင်းရင်တမမနဲ့။ သမီးကြီးက သိတတ်တဲ့အရွယ်ရောက်နေပြီဆိုတော့… မီးကွင်းပစ်တယ်ဆိုတဲ့အသံတွေ လူစိမ်းတွေဝင်လို့ လိုက်ရတာတွေ ရပ်ကွက်ထဲကလူတွေ စုပြီးကင်းစောင့်ဖို့ပြင်ဆင်နေကြတာတွေကို မြင်နေ သိနေ နားလည်နေပြီ။

ညနေကထဲက မျက်နှာလေးပျက်နေရှာတာ ညရောက်မှာ. ကိုသူကြောက်နေရှာတယ်။ မေမေရယ် 2020ကမှကောင်းသေးတယ် ကိုဗစ်ပဲရှိတာ အိမ်ထဲကမထွက်ရင်ရတယ်။ အခု 2021က ပိုဆိုးတယ်နော် ရောဂါတွေရော လူဆိုးတွေရောတဲ့။ သူ့အသိလေးနဲ့သူပြောနေရှာတာ။ ခုနကလည်း. သမီးငယ်လေးကိုသိပ်နေရင်း သူ့ဘက်လှည့်ကြည့်လိုက်တော့ မျက်ရည်တွေကျနေတာ။

ငါ့သမီးလေး ဘာဖြစ်လို့တုန်း မေမေ့ကိုပြောဆိုတော့ ကြောက်လို့တဲ့။ ဘာမှမဖြစ်ဘူးသမီး မေမေက မအိပ်ဘဲထိုင်စောင့်ပေးမှာ.. ငါ့သမီးလေးတွေစိတ်ချလက်ချအိပ် ဘာမှမဖြစ်ဘူး မေမေ့ကိုယုံတယ်မလားဆိုပြီး သူ့ကိုဖက်ထားပြီး ခေါင်းလေးကိုပွတ်ပေးနေမှ “ဟုတ်”ဆိုပြီး မျက်ရည်တွေနဲ့အိပ်သွားရှာတယ်။ လူမမယ် ကလေးတွေရင်ထဲ. ကိုတောင် အကြောက်တရားတွေထည့်ပေးတဲ့ မိစ္ဆာတွေ ငါက ငါ့သမီးတွေရင်ထဲက

အကြောက်တရားတွေကို အမြစ်ကဆွဲနှုတ်ပစ်မှာ။ သမီးတွေဘယ်တော့မှ အကြောက်တရားတွေနဲ့ မရှင်သန်စေရဘူး။ မတရားမှု့ကို ဘယ်လိုရဲရဲရင့်ရင့်ရင်ဆိုင်ရမလဲဆိုတာ ပြပေးမှာ။ ငါ အသက်ရှင်နေသမျှ ငါ့သမီးတွေ ဆံခြည်တမျှင်တောင် မထိနိုင်အောင်ကာကွယ်မှာ။အသက်ပေးပြီးတောင် မွေးခဲ့သေးတာပဲ အသက်ပေးပြီးကာကွယ်ဖို့.. ဆိုတာ ပြောနေစရာတောင်မလိုဘူး။ အမ်နိုင်