Zawgyi

ယေန႔ ျမန္မာဝတ္စုံလို႔ေျပာၿပီးဝတ္ဆင္ေနၾကတဲ့ ပုဆိုးနဲ႔ တိုက္ပုံဟာ ဆရာႀကီး ေဒါက္တာသန္းထြန္းေျပာတဲ့ ျမန္မာဝတ္စုံမဟုတ္ပါ။ တ႐ုတ္ႏွင့္အိႏၵိယ လူမ်ိဳး ၂ခုရဲ႕ ေသြးေႏွာဝတ္စုံ ပါ။ ေဒါက္တာသန္းထြန္း ဆိုသည္မွာ ဦးေနဝင္း ေခတ္တုန္းက တဲ့။ သိပ္ၿပီး

အမ်ိဳးဂုဏ္ ဇာတိဂုဏ္ေတြကို လူၾကားေကာင္း သိပ္လုပ္ျပေနတဲ့အခ်ိန္။ ဦးေနဝင္းႀကီး အာဏာစက္ေအာက္က ပါခ်ဳပ္ႀကီးကလည္း ေဗာင္းေတာ္ညိတ္ စိတ္ေတာ္သိရေလေတာ့ တကၠသိုလ္ ေက်ာင္းသားေက်ာင္းသူေတြအေပၚကိုလည္း ခ်ဳပ္ခ်ယ္မႈ လႊမ္းမိုးႏႈိင္မႈ ရွိေအာင္လုပ္တဲ့သေဘာလည္း

သက္ေရာက္ေအာင္ဆိုၿပီး ျမန္မာအမ်ိဳးသားဝတ္စုံေတြခ်ည္း ဝတ္ဆင္ရမယ္လို႔ အမိန႔္ထုတ္ပါေလေရာ။ ေက်ာင္းသားေတြၾကား ဂယက္ႀကီး႐ိုက္ၿပီး တအုံေႏြးေႏြး ျဖစ္ေနၾကေပမယ့္ ဖိႏွိမ္မႈ ျပင္းထန္ခဲ့ေတာ့ မေက်နပ္ေပမယ့္ ေတာ္႐ုံ ထႂကြဖို႔ ဆိုတာက ခ်က္ခ်င္းမလြယ္ဘူးေလ။

အမိန႔္ထုတ္ၿပီး ေနာက္တေန႔ ေက်ာင္းဝန္းထဲ ထူးထူးျခားျခား ပုဂၢိဳလ္တဦး ဝင္လာတယ္။ ေခါင္းေပါင္းႀကီးတလူလူ။ လူဟန္က ခပ္ဝဝ။ အေပၚဝတ္က ရင္ဖုံး၊ ပုဆိုးက ေတင္ရွည္၊ တကယ့္အခန႔္အထည္ အတည္အၾကည္ႀကီးနဲ႔ ဝင္လာတာပါ။ ေသခ်ာၾကည့္ေတာ့ ေဒါက္တာသန္းထြန္း။ ဆရာႀကီးဆိုေတာ့

တအံ့တၾသ ျဖစ္ၾက႐ုံကလြဲၿပီး ဘယ္သူမွ မေမးရဲဘူး။ မေျပာရဲဘူး။ ေနာက္မွ တခ်ိဳ႕က သေဘာေပါက္လိုက္တယ္။ ဆရာႀကီး႐ြဲ႕ၿပီ။ ႐ြတ္ၿပီ ဆိုတာကို။ ပါခ်ဳပ္နဲ႔အဖြဲ႕လည္း သေဘာေပါက္ေပမယ့္ ဘာမွ မေျပာရဲေသးဘူး။ ေစာင့္ၾကည့္ေတာ့ ဆရာႀကီး ေဒါက္တာသန္းထြန္းကေတာ့ ခပ္တည္တည္ပဲ။

အခန္းေတြဝင္။ စာေတြပို႔ခ်။ ဘာမွ မျဖစ္သလို။ ေနာက္တေန႔ ဒီလိုပဲ ဝတ္ဆင္တယ္။ ဒီလိုပဲ စာသင္တယ္။ ေက်ာင္းသားေတြသေဘာေပါက္လာတာနဲ႔အမွ် တျခားေမဂ်ာက တျခားေက်ာင္းက ေက်ာင္းသားေက်ာင္းသူေတြက တကူးတက ကို လာၾကည့္ၾက။ အားက်ၾက။ သေဘာေပါက္ၿပီး

ဒီလို လိုက္ဝတ္ၾကမယ္ဆိုတာေတြေတာင္ ေျပာဆိုေနၾကေတာ့ ပါခ်ဳပ္လည္း မေနသာေတာ့ဘူး။ ေနာက္ဆုံး တျခားေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ တိုင္ပင္ၿပီး ဆရာႀကီးကို ပါခ်ဳပ္ခန္းမွာ ေဆြးေႏြးဖို႔ ေခၚပါေလေရာ။ ကြိဳင္ေတာ့ စတက္ၿပီေပါ့။ ဆရာႀကီးကေတာ့ ခပ္ေအးေအးပဲ။

ေက်ာင္းအာဏာပိုင္ေတြ ( တခ်ိဳ႕အဆို အျပင္အာဏာပိုင္ေတြလည္း ဝင္ထိုင္ေနၾကတယ္ဆိုတယ္ ) စုံေနပါသတဲ့။ ” ဆရာႀကီး ။ ဘာလို႔ဒီဝတ္စုံေတြ ဝတ္ ဝတ္လာတာလဲ။ ” လို႔ ပါခ်ဳပ္က မရဲေပမယ့္ မာန္တင္းၿပီး ေမးလိုက္ပါသတဲ့။ ”ဗ်ာ။ ခင္ဗ်ားတို႔ပဲ ျမန္မာဝတ္စုံဝတ္ဖို႔ အမိန႔္ထုတ္ထားတာေလ။

ခင္ဗ်ားတို႔အမိန႔္လိုက္နာရသေပါ့” ” က်ေနာ္တို႔ ဝတ္ခိုင္းတာက ေတာင္ရွည္ေတြ ေခါင္းေပါင္းေတြ ရင္ဖုံးေတြ မဟုတ္ဘူးေလ။ ျမန္မာအမ်ိဳးသား ဝတ္စုံ ဝတ္ခိုင္းတာ” ”ႏို႔။ က်ဳပ္ဝတ္တာ ျမန္မာအမ်ိဳးသားဝတ္စုံေလဗ်ာ” ”ဒီလိုပါဆရာႀကီး ။ က်ေနာ္တို႔ ဆိုလိုတာ တိုက္ပုံ ေကာ္လာကတုံး ပုဆိုး နဲ႔။

အဲဒါကိုေျပာတာပါ”တဲ့။ ဒီေတာ့ ေဒါက္တာသန္းထြန္းဟာ မတ္တပ္ရပ္ ခါးမတ္ ရင္ေကာ့ၿပီး ခပ္တင္းတင္းနဲ႔ ”ဒီမွာဗ်။ ဘာမွမသိပဲ ဆရာမလုပ္နဲ႔။ ျမန္မာဝတ္စုံဆိုတာ ဒါမွျမန္မာအစစ္။ ခင္ဗ်ားတို႔ ေျပာတဲ့ဟာေတြက အက်ီကၤ တ႐ုတ္။ ပုဆိုးက ကုလား။

ဒီႏွစ္ခုကို ျမန္မာမႈျပဳထားတာဗ်။ မွတ္ထား” ဆိုၿပီး အခန္းထဲက ထ ထြက္သြားပါေလေရာဗ်ာ။ ပါးစပ္အေဟာင္းသားနဲ႔ က်န္ေနခဲ့တဲ့ အာဏာပိုင္ေတြဟာ ေနာက္တေန႔မွာ သူတို႔ထုတ္ထားတဲ့ ျမန္မာဝတ္စုံနဲ႔သာ ေက်ာင္းတတ္ရမယ္ဆိုတဲ့စည္းကမ္းစာ႐ြက္ ဆြဲၿဖဲဆုတ္ ႐ုတ္သိမ္းလိုက္ရပါသတဲ့ေလ။

share from : burmese.asia

Unicode

ယနေ့ မြန်မာဝတ်စုံလို့ပြောပြီးဝတ်ဆင်နေကြတဲ့ ပုဆိုးနဲ့ တိုက်ပုံဟာ ဆရာကြီး ဒေါက်တာသန်းထွန်းပြောတဲ့ မြန်မာဝတ်စုံမဟုတ်ပါ။ တရုတ်နှင့်အိန္ဒိယ လူမျိုး ၂ခုရဲ့ သွေးနှောဝတ်စုံ ပါ။ ဒေါက်တာသန်းထွန်း ဆိုသည်မှာ ဦးနေဝင်း ခေတ်တုန်းက တဲ့။ သိပ်ပြီး အမျိုးဂုဏ် ဇာတိဂုဏ်တွေကို

လူကြားကောင်း သိပ်လုပ်ပြနေတဲ့အချိန်။ ဦးနေဝင်းကြီး အာဏာစက်အောက်က ပါချုပ်ကြီးကလည်း ဗောင်းတော်ညိတ် စိတ်တော်သိရလေတော့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအပေါ်ကိုလည်း ချုပ်ချယ်မှု လွှမ်းမိုးနှိုင်မှု ရှိအောင်လုပ်တဲ့သဘောလည်း သက်ရောက်အောင်ဆိုပြီး

မြန်မာအမျိုးသားဝတ်စုံတွေချည်း ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်ပါလေရော။ ကျောင်းသားတွေကြား ဂယက်ကြီးရိုက်ပြီး တအုံနွေးနွေး ဖြစ်နေကြပေမယ့် ဖိနှိမ်မှု ပြင်းထန်ခဲ့တော့ မကျေနပ်ပေမယ့် တော်ရုံ ထကြွဖို့ ဆိုတာက ချက်ချင်းမလွယ်ဘူးလေ။ အမိန့်ထုတ်ပြီး နောက်တနေ့

ကျောင်းဝန်းထဲ ထူးထူးခြားခြား ပုဂ္ဂိုလ်တဦး ဝင်လာတယ်။ ခေါင်းပေါင်းကြီးတလူလူ။ လူဟန်က ခပ်ဝဝ။ အပေါ်ဝတ်က ရင်ဖုံး၊ ပုဆိုးက တေင်ရှည်၊ တကယ့်အခန့်အထည် အတည်အကြည်ကြီးနဲ့ ဝင်လာတာပါ။ သေချာကြည့်တော့ ဒေါက်တာသန်းထွန်း။ ဆရာကြီးဆိုတော့ တအံ့တသြ

ဖြစ်ကြရုံကလွဲပြီး ဘယ်သူမှ မမေးရဲဘူး။ မပြောရဲဘူး။ နောက်မှ တချို့က သဘောပေါက်လိုက်တယ်။ ဆရာကြီးရွဲ့ပြီ။ ရွတ်ပြီ ဆိုတာကို။ ပါချုပ်နဲ့အဖွဲ့လည်း သဘောပေါက်ပေမယ့် ဘာမှ မပြောရဲသေးဘူး။ စောင့်ကြည့်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ခပ်တည်တည်ပဲ။ အခန်းတွေဝင်။

စာတွေပို့ချ။ ဘာမှ မဖြစ်သလို။ နောက်တနေ့ ဒီလိုပဲ ဝတ်ဆင်တယ်။ ဒီလိုပဲ စာသင်တယ်။ ကျောင်းသားတွေသဘောပေါက်လာတာနဲ့အမျှ တခြားမေဂျာက တခြားကျောင်းက ကျောင်းသားကျောင်းသူတွေက တကူးတက ကို လာကြည့်ကြ။ အားကျကြ။ သဘောပေါက်ပြီး

ဒီလို လိုက်ဝတ်ကြမယ်ဆိုတာတွေတောင် ပြောဆိုနေကြတော့ ပါချုပ်လည်း မနေသာတော့ဘူး။ နောက်ဆုံး တခြားကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဆရာကြီးကို ပါချုပ်ခန်းမှာ ဆွေးနွေးဖို့ ခေါ်ပါလေရော။ ကွိုင်တော့ စတက်ပြီပေါ့။ ဆရာကြီးကတော့ ခပ်အေးအေးပဲ။

ကျောင်းအာဏာပိုင်တွေ ( တချို့အဆို အပြင်အာဏာပိုင်တွေလည်း ဝင်ထိုင်နေကြတယ်ဆိုတယ် ) စုံနေပါသတဲ့။ ” ဆရာကြီး ။ ဘာလို့ဒီဝတ်စုံတွေ ဝတ် ဝတ်လာတာလဲ။ ” လို့ ပါချုပ်က မရဲပေမယ့် မာန်တင်းပြီး မေးလိုက်ပါသတဲ့။ ”ဗျာ။ ခင်ဗျားတို့ပဲ မြန်မာဝတ်စုံဝတ်ဖို့ အမိန့်ထုတ်ထားတာလေ။

ခင်ဗျားတို့အမိန့်လိုက်နာရသပေါ့” ” ကျနော်တို့ ဝတ်ခိုင်းတာက တောင်ရှည်တွေ ခေါင်းပေါင်းတွေ ရင်ဖုံးတွေ မဟုတ်ဘူးလေ။ မြန်မာအမျိုးသား ဝတ်စုံ ဝတ်ခိုင်းတာ” ”နို့။ ကျုပ်ဝတ်တာ မြန်မာအမျိုးသားဝတ်စုံလေဗျာ” ”ဒီလိုပါဆရာကြီး ။ ကျနော်တို့ ဆိုလိုတာ တိုက်ပုံ ကော်လာကတုံး ပုဆိုး နဲ့။

အဲဒါကိုပြောတာပါ”တဲ့။ ဒီတော့ ဒေါက်တာသန်းထွန်းဟာ မတ်တပ်ရပ် ခါးမတ် ရင်ကော့ပြီး ခပ်တင်းတင်းနဲ့ ”ဒီမှာဗျ။ ဘာမှမသိပဲ ဆရာမလုပ်နဲ့။ မြန်မာဝတ်စုံဆိုတာ ဒါမှမြန်မာအစစ်။ ခင်ဗျားတို့ ပြောတဲ့ဟာတွေက အကျီင်္က တရုတ်။ ပုဆိုးက ကုလား။ ဒီနှစ်ခုကို မြန်မာမှုပြုထားတာဗျ။

မှတ်ထား” ဆိုပြီး အခန်းထဲက ထ ထွက်သွားပါလေရောဗျာ။ ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့တဲ့ အာဏာပိုင်တွေဟာ နောက်တနေ့မှာ သူတို့ထုတ်ထားတဲ့ မြန်မာဝတ်စုံနဲ့သာ ကျောင်းတတ်ရမယ်ဆိုတဲ့စည်းကမ်းစာရွက် ဆွဲဖြဲဆုတ် ရုတ်သိမ်းလိုက်ရပါသတဲ့လေ။

share from : burmese.asia