Zawgyi

မည္သူ႔ အမိန႔္ေၾကာင့္မွ် မီးျဖတ္မည္ မဟုတ္တဲ့ေၾကာင္း မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံ ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးမွ လွ်ပ္စစ္အင္ဂ်င္နီယာမ်ားက အသိေပးသည္။ မႏၲေလးၿမိဳ႕ ေအာင္ေျမသာ စံၿမိဳ႕နယ္ လွ်ပ္စစ္႐ုံး၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတစ္ခုျဖစ္ေသာ

MESC Aungmyay tharsan Township Official Page မွတစ္ဆင့္ ေဖေဖာ္ဝါရီ ၁၄ ရက္ ည ၇ နာရီခန႔္က အသိေပးခဲ့ျခင္း ျဖစ္သည္။ လွ်ပ္စစ္အင္ဂ်င္နီယာမ်ားႏွင့္ လွ်ပ္စစ္ကြၽမ္း က်င္ဝန္ထမ္းမ်ား၏လက္သည္ မီးျဖတ္ေသာလက္ ဘယ္ေတာ့မွမျဖစ္ေစရ။ မည္သည့္အတြက္ေၾကာင့္

ဓာတ္အားျပတ္ေတာက္သည္ျဖစ္ေစ အျမန္ဆုံးမီးျပန္ေပးႏိုင္ရန္ ျပဳျပင္ေပးသည့္ လက္သာျဖစ္ေစရမည္။ ပုံမွန္ေကာင္းေနေသာ မီးလိုင္းကို အေရးေပၚ အႏၲရာယ္က် ေရာက္ႏိုင္၍ မီးပိတ္ျခင္းမွအပ မည္သူ႔အမိန႔္ေၾကာင့္မွ် မီးပိတ္မည္မဟုတ္ေၾကာင္း လွ်ပ္စစ္အင္ ဂ်င္နီယာအားလုံး၏

ကိုယ္စား ျပည္သူသို႔ အသိေပးအပ္ ပါသည္’’ဟု ေရးသားကာ အသိေပးခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ရန္ကုန္ၿမိဳ႕ လႈိင္ၿမိဳ႕နယ္ လွ်ပ္စစ္ဓာတ္အားေပး႐ုံးကလည္း ေဖေဖာ္ဝါရီ ၁၃ ရ က္က ၎တို႔၏ Haing YESC Page တြင္ ရန္ကုန္ လွ်ပ္စစ္ ဓာတ္အား ေကာ္ပိုေရးရွင္း လႈိင္ၿမိဳ႕နယ္လွ်ပ္

စစ္မန္ေနဂ်ာ႐ုံး၏ Complaint ဖုန္းသို႔ ‘ယေန႔ည မီးျဖတ္မည္ဟု’ သတင္းရရွိေၾကာင္း စုံစမ္းေမးျမန္းျခင္းမ်ား ဆက္တိုက္ႀကဳံေနရပါသျဖင့္ အမ်ားျပည္သူ သိရွိႏိုင္ေရး အသိ ေပး ထုတ္ျပန္ ျခင္းျဖစ္ ေၾကာင္း၊ လွ်ပ္စစ္ဝန္ထမ္းမ်ား သည္ ျပည္သူမ်ား

မီးမျပတ္ေစ ေရးအတြက္ အသင့္ရွိေနၿပီး လိုင္းအျပစ္ ျဖစ္ပြား၍ ေခတၱ ဓာတ္အားျပတ္ေတာက္ခဲ့ပါကလည္း လွ်ပ္စစ္မီး အျမန္ျပန္လည္ ေပးႏိုင္ေရး ေဆာင္႐ြက္မည္ ျဖစ္ပါေၾကာင္း၊ ရပ္ကြက္အတြင္း သမား႐ိုး က် မဟုတ္သည့္ လွ်ပ္စစ္မီး ျဖတ္ျခင္း၊

ျပတ္ေတာက္ျခင္းမ်ား ျဖစ္ေပၚလာပါက မိမိတို႔႐ုံးအား ဆက္ သြယ္သတင္းေပးရန္ တိုက္တြန္း ပါေၾကာ င္း၊ သို႔ျဖစ္ပါ၍ မိမိတို႔႐ုံးအေနျဖင့္ အေၾကာင္းမဲ့ မီးျဖတ္ရန္ လုံးဝ (လုံးဝ) မရွိပါေၾကာင္း အမ်ား ျပည္သူအား

အသိေပး ေၾကညာ အပ္ပါသည္ဟု ထုတ္ျပန္ ခဲ့သည္။ ၿမိတ္ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္ အခ်ိဳ႕တြင္ လွ်ပ္စစ္႐ုံးမ်ားသို႔ အရပ္ဝတ္မ်ား လာေရာက္ၿပီးေနာက္ လွ်ပ္စစ္မီး ျဖတ္ေတာက္ရန္ စီစဥ္မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သတင္းရရွိသည္။

Unicode

မည်သူ့ အမိန့်ကြောင့်မျှ မီးဖြတ်မည် မဟုတ်တဲ့ကြောင်း မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် လျှပ်စစ်ရုံးမှ လျှပ်စစ်အင်ဂျင်နီယာများက အသိပေးသည်။ မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် လျှပ်စစ်ရုံး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုဖြစ်သော MESC Aungmyay tharsan Township Official Page မှတစ်ဆင့်

ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီခန့်က အသိပေးခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာများနှင့် လျှပ်စစ်ကျွမ်း ကျင်ဝန်ထမ်းများ၏လက်သည် မီးဖြတ်သောလက် ဘယ်တော့မှမဖြစ်စေရ။ မည်သည့်အတွက်ကြောင့် ဓာတ်အားပြတ်တောက်သည်ဖြစ်စေ အမြန်ဆုံးမီးပြန်ပေးနိုင်ရန် ပြုပြင်ပေးသည့် လက်သာဖြစ်စေရမည်။

ပုံမှန်ကောင်းနေသော မီးလိုင်းကို အရေးပေါ် အန္တရာယ်ကျ ရောက်နိုင်၍ မီးပိတ်ခြင်းမှအပ မည်သူ့အမိန့်ကြောင့်မျှ မီးပိတ်မည်မဟုတ်ကြောင်း လျှပ်စစ်အင် ဂျင်နီယာအားလုံး၏ ကိုယ်စား ပြည်သူသို့ အသိပေးအပ် ပါသည်’’ဟု ရေးသားကာ အသိပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ လှိုင်မြို့နယ်

လျှပ်စစ်ဓာတ်အားပေးရုံးကလည်း ဖေဖော်ဝါရီ ၁၃ ရ က်က ၎င်းတို့၏ Haing YESC Page တွင် ရန်ကုန် လျှပ်စစ် ဓာတ်အား ကော်ပိုရေးရှင်း လှိုင်မြို့နယ်လျှပ် စစ်မန်နေဂျာရုံး၏ Complaint ဖုန်းသို့ ‘ယနေ့ည မီးဖြတ်မည်ဟု’ သတင်းရရှိကြောင်း စုံစမ်းမေးမြန်းခြင်းများ ဆက်တိုက်ကြုံနေရပါသဖြင့်

အများပြည်သူ သိရှိနိုင်ရေး အသိ ပေး ထုတ်ပြန် ခြင်းဖြစ် ကြောင်း၊ လျှပ်စစ်ဝန်ထမ်းများ သည် ပြည်သူများ မီးမပြတ်စေ ရေးအတွက် အသင့်ရှိနေပြီး လိုင်းအပြစ် ဖြစ်ပွား၍ ခေတ္တ ဓာတ်အားပြတ်တောက်ခဲ့ပါကလည်း လျှပ်စစ်မီး အမြန်ပြန်လည် ပေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

ရပ်ကွက်အတွင်း သမားရိုး ကျ မဟုတ်သည့် လျှပ်စစ်မီး ဖြတ်ခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လာပါက မိမိတို့ရုံးအား ဆက် သွယ်သတင်းပေးရန် တိုက်တွန်း ပါကြော င်း၊ သို့ဖြစ်ပါ၍ မိမိတို့ရုံးအနေဖြင့် အကြောင်းမဲ့ မီးဖြတ်ရန် လုံးဝ (လုံးဝ) မရှိပါကြောင်း

အများ ပြည်သူအား အသိပေး ကြေညာ အပ်ပါသည်ဟု ထုတ်ပြန် ခဲ့သည်။ မြိတ်မြို့အပါအဝင် မြို့နယ် အချို့တွင် လျှပ်စစ်ရုံးများသို့ အရပ်ဝတ်များ လာရောက်ပြီးနောက် လျှပ်စစ်မီး ဖြတ်တောက်ရန် စီစဉ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။