ဖေဖော်ဝါရီ 17 ရက်၊ ၂၀၂၁။ ရန်ကုန်တိုင်း အပါအဝင် တစ်ခြားဒေသကြီးတွေမှာ တပ်မတော်ရဲ့ အာ.ဏာ.သိ.မ်းတဲ့အပေါ် လမ်းလျှောက်ကန့်ကွက် ဆ.န္ဒ.ပြနေတာတွေဟာ ဒီနေ့ဆို 16 ရက်မြောက်နေ့ပါ။ ဒီနေ့မှာတော့ ရန်ကုန်မှာ ဆ.န္ဒ.ပြသူနဲ့

ဝန်းရံသူ၊ ထောက်ခံသူတွေဟာ သိန်းနဲ့ချီရှိခဲ့ပါတယ်။ အဲဒီ သိန်းနဲ့ချီတဲ့ လူထုဟာ ရန်ကုန်မြို့အနှံ့ လမ်းလျှောက် ဆ.န္ဒ.ထုတ်ဖော်ခဲ့ပြီး ဆူးလေကို ချီတက်ခဲ့ကြတာပါ။ သူတို့ လမ်းလျှောက်ဆ.န္ဒ.ပြချိန်မှာတော့ လမ်းဘေးမှာ ရေဘူး၊ အအေး၊ အစားအစာနဲ့

Mask တွေကို ကမ်းဝေပေးသူ အများအပြား ရှိခဲ့ပါတယ်။ သူတို့ရဲ့ ကြွေးကြော်သံတွေကတော့ “စ.စ်.အ.ာ.ဏ.ာ.ရှ.င် အလိုမရှိ”၊ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သ.တ်ဖို့မဟုတ်ဘူး”၊ “ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး – ဒို့.အ.ရေး” စတာတွေအပြင်တခြားဟာတွေကိုလည်း

ကြွေးကြော်ခဲ့ပါသေးတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဖြတ်တောက်ထားတဲ့ အင်တာနက်တွေ ပြန်ရခဲ့ပေမယ့် အပြည့်အဝတော့ မရရှိသေးသလို ဖေ့စ်ဘုတ်ကိုလည်း မြန်မာနိုင်ငံကနေ အသုံးပြုလုပ်မရအောင် ပိတ်ပင်ထားပါတယ်။