C D M လုပ်ခဲ့တဲ့ မီးရထားဝန်ထမ်းများကို စားသောက်စရာများ သွားရောက်လှူဒါန်းခဲ့ကြတဲ့ အာသောကဈေးသူ၊ဈေးသားများ
Zawgyi
Unicode
ပရိသတ်ကြီးရေ ဖေဖော်ဝါရီ(၈)ရက်နေ့မှ စတင်ကာ ရာနှုန်းပြည့်နီးပါး CDM လုပ်ခဲ့ကြတဲ့ မီးရထားဝန်ထမ်းများဟာ ရန်ကုန်မြို့၊မလွှကုန်းနှင့် သိမ်ဖြူရှိ မြန်မာ့မီးရထား ဝန်ထမ်းအိမ်ယာများတွင် ထောင်နှင့်ချီကာနေထိုင်နေကြတာပဲဖြစ်ပါတယ်။ တပ်မတော်မှ အာဏာသိမ်းယူခဲ့မှုကြောင့် တနိုင်ငံလုံးနီးပါးရှိ ပြည်သူများက လမ်းမများပေါ်တွင်
ဆန္ဒထုတ်ဖော်ပြသလျှက်ရှိတာပဲဖြစ်ပါတယ်။ ပြည်သူများက အစိုးရဝန်ထမ်းများကိုလည်း ရုံးမတက်ရေး ဝန်ထမ်းတွေရဲ့ အာခံဖီဆန်မှု Civil Disobedience Movement(CDM)မှာပါဝင်ကြဖို့ တိုက်တွန်းနေခဲ့ကြတာပဲ ဖြစ်ပါတယ်နော်။ CDM မှာမီးရထားဝန်ထမ်းများကလည်း အပြည့်အဝပါဝင်ခဲ့ကြပြီး CDM လုပ်ပြီးသုံးရက်အကြာတွင်
လုပ်ငန်းခွင်ထဲပြန်ဝင်ကြရန် ထိပ်ပိုင်းအရာရှိများက ဝန်ထမ်းများကို ဖိအားပေးမှုများရှိခဲ့တယ်လို့ သိခဲ့ရပါတယ်။မီးရထားဝန်ထမ်းများအနေဖြင့် သူတို့ရဲ့လုံခြုံရေးကို အထူးစိုးရိမ်နေရပြီး စစ်အာဏာရှင်ပြုတ်ကျရေး CDM ဖြင့်အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုခဲ့ကြပါတယ်။ “ဒီဝန်ထမ်းတွေက သူတို့ရဲ့စားဝတ်နေရေးပြေလည်လို့
ရပ်ထားရတာမဟုတ်ဘူး။လုံးဝမပြေလည်ပါဘူး။ မပြေလည်ပေမယ့်လည်း သူတို့ဘဝနဲ့ယှဉ်ပြီး တိုက်ပွဲဝင်နေကြတယ်”ဟုCDMတွင်ပါဝင်သည့် မီးရထားဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါသေးတယ်။ အစိုးရယန္တရား ရပ်တန့်ရေးအတွက် CDM တွင်ဝန်ထမ်းအားလုံး ပါဝင်ပေးကြရန် မီးရထားဝန်ထမ်းများက
တိုက်တွန်းထားပါသေးတယ်။ ခုဆိုတပ်မတော်က အာဏာသိမ်းထားတာ (၁၆)ရက်မြောက်ရှိလာပြီဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်းလုံးက CDM လှုပ်ရှားမှုတွေကိုလည်း အင်တိုက်အားတိုက်ပူးပေါင်းပါဝင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ အခုလိုCDMမှာ အင်အားအပြည့်နဲ့ နောက်မဆုတ်ပဲပါဝင်လာတဲ့ မလွှကုန်းမီရထားဝင်းရှိ
ဝန်ထမ်းများအတွက် အာသောက စျေးသူ၊စျေးသားမိသားစုများမှ လာရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်