Zawgyi

မီးခိုးေငြ႕ေတြ၊ မီးေသြးေမႊးလို႔ မီးခိုးရင္ေတာင္ မ်က္ရည္က အလိုလို က်လာတယ္။ ဒီ မီးခိုးေတြကလည္း အဆုတ္ အပါအဝင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို မ်ားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ဒါဆို ႏိုင္ငံတကာ သတင္းေတြထဲမွာ ေတြ႕ေနရတဲ့ ဆႏၵျပတဲ့အခါ လူစုခြဲဖို႔

သုံးေလ့ရွိတဲ့ အရာေတြထဲက တစ္ခုျဖစ္တဲ့ မ်က္ရည္ယိုဗုံး က ထိမိခဲ့ရင္ အျမန္ဆုံး ဘယ္လို သက္သာေအာင္ လုပ္ရမလဲဆိုတာကို ဖတ္ၾကည့္လိုက္ေနာ္။ မ်က္ရည္ယိုဓာတ္ေငြ႕ဆိုတာ အေငြ႕လို႔သာ ဆိုေပမယ့္ အေငြ႕မဟုတ္တဲ့ aerosolized အစိုင္အခဲ (သို႔မဟုတ္) အရည္ အမ်ိဳးအစားပါ။

နာက်င္တဲ့ ခံစားမႈကို ခံစားရေစႏိုင္တဲ့ ဓာတုေဗဒပစၥည္းေတြ ပါဝင္ေနပါတယ္။ ဒီဓာတုပစၥည္းေတြက လုပ္ေဆာင္မႈေတြကို ေကာင္းေကာင္း မလုပ္ေဆာင္ေစဖို႔ အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။ မ်က္စိကြယ္တာ၊ ေရတိမ္လိုမ်ိဳး က်န္းမာေရး ျပႆနာေတြကို ခံစားရေစႏိုင္ပါတယ္။

ဓာတုပစၥည္းေတြကို အလြန္အကြၽံ ထိေတြ႕ ရႉရႈိက္မိမယ္ဆိုရင္ လည္ေခ်ာင္း၊ အဆုတ္နဲ႔ အသက္ရႉလမ္းေၾကာင္း ထိခိုက္ပ်က္စီးတာမ်ိဳး ခံစားရႏိုင္ပါတယ္။ မ်က္လုံး – မ်က္ရည္က်မယ္။ ပူစပ္ပူေလာင္ ျဖစ္မယ္။ နီျမန္းမယ္။ အျမင္အာ႐ုံ ေဝဝါးမယ္။ ႏွာေခါင္း – ႏွာရည္က်မယ္။

ပူစပ္ပူေလာင္ျဖစ္မယ္။ ေရာင္ရမ္းမယ္။ ပါးစပ္ – ပူစပ္ပူေလာင္ျဖစ္မယ္။ မအီမသာျဖစ္မယ္။ မ်ိဳခ်ရခက္မယ္။ သြားရည္ေတြက်မယ္။ အဆုတ္ – ရင္ဘတ္ထဲက တင္းက်ပ္လာမယ္။ ေခ်ာင္းဆိုးမယ္။ မြန္းမယ္။ အသက္ရႉရင္ အသံက်ယ္လာမယ္။ အသက္ရႉတာ ျပတေတင္းျပတ္ေတာင္းျဖစ္လာမယ္။

အေရျပား – ေလာင္မယ္။ အဖုအပိမ့္ထမယ္။ အျခား ျပႆနာေတြ – ေအာ့အန္မယ္။ မအီမသာျဖစ္မယ္။ ဓာတ္ေငြ႕ရွိတဲ့ ေနရာကေန အျမန္ဆုံး ထြက္ခြာပါ။ မ်က္ရည္ယို ဓာတ္ေငြ႕ရွိတဲ့ေနရာကေန ခပ္ျမင့္ျမင့္ကို တက္ပါ၊ မ်က္လုံး နဲ႔ မ်က္ႏွာကို ေရနဲ႔ ေသခ်ာ ေဆးခ်ပါ။

တတ္ႏိုင္သမွ် ေရမ်ားမ်ားနဲ႔ ဆက္တိုက္ေဆးခ်ပါ။ မ်က္ႏွာကို ေလတိုက္ခံလို႔လည္း ရပါတယ္။ အဝတ္အစားေတြကို ခ်က္ခ်င္း လဲပါ။ ေရခ်ိဳးခ်ပါ။ ေခါင္းေလွ်ာ္ခ်ဖို႔ မေမ့ပါနဲ႔။ ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းကို အေရွ႕ဘက္ကို ကိုင္းၿပီး ေလွ်ာ္ခ်ေပးပါ။

Unicode

မီးခိုးငွေ့တွေ၊ မီးသွေးမွှေးလို့ မီးခိုးရင်တောင် မျက်ရည်က အလိုလို ကျလာတယ်။ ဒီ မီးခိုးတွေကလည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါဆို နိုင်ငံတကာ သတင်းတွေထဲမှာ တွေ့နေရတဲ့ ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ရှိတဲ့ အရာတွေထဲက

တစ်ခုဖြစ်တဲ့ မျက်ရည်ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစားပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့

ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မျက်စိကွယ်တာ၊ ရေတိမ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့ ရှူရှိုက်မိမယ်ဆိုရင်

လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။ မျက်လုံး – မျက်ရည်ကျမယ်။ ပူစပ်ပူလောင် ဖြစ်မယ်။ နီမြန်းမယ်။ အမြင်အာရုံ ဝေဝါးမယ်။ နှာခေါင်း – နှာရည်ကျမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ရောင်ရမ်းမယ်။ ပါးစပ် – ပူစပ်ပူလောင်ဖြစ်မယ်။

မအီမသာဖြစ်မယ်။ မျိုချရခက်မယ်။ သွားရည်တွေကျမယ်။ အဆုတ် – ရင်ဘတ်ထဲက တင်းကျပ်လာမယ်။ ချောင်းဆိုးမယ်။ မွန်းမယ်။ အသက်ရှူရင် အသံကျယ်လာမယ်။ အသက်ရှူတာ ပြတတေင်းပြတ်တောင်းဖြစ်လာမယ်။ အရေပြား – လောင်မယ်။

အဖုအပိမ့်ထမယ်။ အခြား ပြဿနာတွေ – အော့အန်မယ်။ မအီမသာဖြစ်မယ်။ ဓာတ်ငွေ့ရှိတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပါ။ မျက်ရည်ယို ဓာတ်ငွေ့ရှိတဲ့နေရာကနေ ခပ်မြင့်မြင့်ကို တက်ပါ၊ မျက်လုံး နဲ့ မျက်နှာကို ရေနဲ့ သေချာ ဆေးချပါ။

တတ်နိုင်သမျှ ရေများများနဲ့ ဆက်တိုက်ဆေးချပါ။ မျက်နှာကို လေတိုက်ခံလို့လည်း ရပါတယ်။ အဝတ်အစားတွေကို ချက်ချင်း လဲပါ။ ရေချိုးချပါ။ ခေါင်းလျှော်ချဖို့ မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့အခါ ခေါင်းကို အရှေ့ဘက်ကို ကိုင်းပြီး လျှော်ချပေးပါ။