ထိရောက်စွာဝိတ်ကျစေဖို့ကို ထမင်းစားရင်းနဲ့တင် ပြုလုပ်နိုင်တဲ့ အရာ (၅) ခု

သင့်ခန္တာကိုယ်အလေးချိန်ကျဖို့ ထမင်းစားရင်းနဲ့ ပြုလုပ်နိုင်တယ်ဆိုတာ သင်သိပါသလား ၊ ထမင်းစားရင်း ဒီအချက်တွေကို လိုက်နိုင်မယ်ဆို သင့်ကိုယ်အလေးချိန် အလွယ်တကူ ကျလာမှာပါ ၊ စမ်းကြည့်သင့်ပါတယ်။

1. ရေသောက်ပေးပါ
အစားမစားမှီ ရေဖန်ခွက်တစ်ဝက်လောက် သောက်ပေးရပါမယ် ။ ဒါမှ သင် ဗိုက်ပြည့်မြန်ပြီး အစာစားတာလည်း နည်းပါမှာပါ ။

2. အသီးအရွက်ကို မပါမဖြစ်စားပါ

ထမင်းစားရင် အရွက်ပါအောင် စားပေးရပါမယ် ၊ ဆီနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်ကြော် ၊ အရွက်သုတ် စတာမျိုးကို မပါပါအောင် စီမံပြီး စားရပါမယ် ။ ဒါမှ ကယ်လိုရီဓါတ်နည်းနည်းနဲ့ သင်ဗိုက်ပြည့်သွားမှာပါ ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ထမင်းတစ်ပန်းကန်မှာ ဟင်းရွက်တစ်ဝက်လောက်ပါနေသင့်ပါတယ် ။ ဟင်းသီးဟင်းရွက် စားတဲ့ အလေ့အထကိုမွေးမြူထားသင့်ပါတယ်။

3. ကယ်လိုရီ ဘယ်လောက်စားသုံးပြီးပြီဆိုတာကို တွက်ချက်ပါ

သင်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ကျော် စားသုံးနေမယ် ဆိုရင် သင်ဝိတ်ကျဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ထမင်းတစ်နပ်မှာ ကယ်လိုရီ ၃၀၀ နဲ့ ၅၅၀ ကြား ပါဝင်ပြီး ၊ အဆာပြေစားသုံးမှုတွေမှာတော့ ကယ်လိုရီ ၁၅၀ လောက် ရှိတက်ပါတယ် ။ ဒါဆို သင်တစ်နေ့တာ စားသုံးမှု ကယ်လိုရီတွေကို မှတ်သားထားပြီး ၁၂၀၀ မကျော်အောင် ထိန်းညှိစားသုံးပေး ရပါမယ်

4. ဘာမှ မလုပ်ပဲ ထမင်းစားပါ

အလုပ်လုပ်နေရင်း ၊ ဖုန်းပြောရင်း ၊ တီဗီကြည့်ရင်း ၊ အင်တာနက်သုံးရင်း စာဖတ်ရင်း စသဖြင့် တစ်ခုခုပြုလုပ်ရင်း ထမင်းစားမယ်ဆိုရင် သင်ဟာ စားနေကျထက် မသိပဲ ပိုပြီး စားမိတာမျိုး ဖြစ်သွားနိုင်ပါတယ်။

5. နှမြောစာ မစားပါနဲ့

အစားအစာကို ဗိုက်တင်းအောင် မစားပါနဲ့ ၊ ဗိုက်ပြည့်ခါနီးပြီးလို့ ယူဆရင် စားတာကို ရပ်လိုက်ပါ ။ ဟင်းတွေက အများကြီး ကျန်လို့ နှမြောပြီး စားတာမျိုးလည်း မလုပ်သင့်ပါဘူး ။ အကောင်းဆုံးကတော့ စားနိုင်သလောက် စားသင့်သလောက်ပဲ အစားအစာကို ချက်ပြုတ်စားသောက်ပါ ။

Dietary scenery of Japanese people, shooting family at home.