Zawgyi

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ တုန္းက စစ္တပ္က အာဏာ သိမ္းလိုက္ၿပီး ေနာက္ပိုင္း ႏိုင္ငံအႏွံ႔ ကန္႔ကြက္ဆႏၵျပမႈေတြ ေပၚေပါက္လာၿပီး တခ်ိဳ႕ေနရာေတြမွာ ဆႏၵျပပြဲေတြကို အင္အားသုံး ၿဖိဳခြဲတာရွိပါတယ္။ ေဖေဖာ္ဝါရီ ၉ ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ဆႏၵျပပြဲတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ျပည္သူေတြ ကို အၾကမ္း

ဖက္ၿဖိဳခြင္းခဲ့ၿပီး ေသနတ္နဲ႔ ပစ္ခတ္မႈ ေၾကာင့္ ဦးေခါင္း နဲ႔ရင္ဘတ္ က်ည္ထိမွန္ ၍ ျပင္းထန္စြာဒဏ္ရာရရွိသူႏွစ္ဦးနဲ႔ ထိခိုက္ဒဏ္ရာရရွိသူေတြလည္း ရွိခဲ့ပါတယ္။ ျပည္သူလူထု အေနနဲ႔ သားစဥ္ေျမးဆက္အတြက္ စစ္ အာဏာရွင္ စနစ္ကို အျမစ္ျပတ္ ေတာ္လွန္ၾကရန္ ေနျပည္ေတာ္ ဆႏၵျပပြဲတြင္ ေသနတ္နဲ႔ပစ္ခံရမႈ ေၾကာင့္ ဦးေခါင္းက်ည္ထိမွန္ခဲ့သူ

မိန္းကေလးရဲ႕အစ္မျဖစ္သူ မျမသတိုးႏြယ္က တိုက္တြန္းေျပာဆိုထားပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျပဳလုပ္တဲ့လူထု လႈပ္ရွားမႈေတြမွာ အစိုးရဌာနေတြနဲ႔ ပုဂၢလိက လုပ္ငန္းေတြက ဝန္ထမ္းေတြ ပါ ပူးေပါင္းပါဝင္ၾကဖို႔ လႈံ႕ေဆာ္ခဲ့ၿပီးဆႏၵျပလႈပ္ရွားမႈေတြလည္း အားေကာင္းလာေနပါတယ္။ ဒီလိုဆႏၵျပပြဲေတြ အားေကာင္းလာေနတာနဲ႔အမွ်

အင္တာနက္ လူမႈ ကြန္ယက္စာမ်က္ႏွာေတြေပၚမွာ လႈပ္ရွားမႈေတြ နဲ႔ ဆက္စပ္တဲ့ သတင္းမွားေတြ၊ သတင္းတုေတြ ျဖန္႔ေဝသူေတြရွိတာေၾကာင့္ သတိထားဖို႔ လိုအပ္ပါတယ္။ ဆႏၵျပျပည္သူေတြအေပၚ အင္အားသုံးဖို႔ အမိန္႔ေပးေဆာင္႐ြက္သူ အားလုံးကို လူသားမ်ိဳးႏြယ္အေပၚ ခ်ိဳးေဖာက္မႈေတြ အျဖစ္ အေရးယူႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္

မစၥတာ ေသာမတ္ အင္ဒ႐ူးက သူ႔ရဲ႕တြစ္တာစာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပထားပါတယ္။ “ျမန္မာျပည္တြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပျပည္သူမ်ားအား ဥပေဒႏွင့္ မညီေသာ မတရား အင္အားသုံးရန္ အမိန္႔ ေပးျခင္းမ်ားကို လိုက္နာျခင္းမျပဳရန္ လုံၿခဳံေရးအဖြဲ႕ဝင္ မ်ားတြင္ တာဝန္ရွိသည္။ အမိန္႔ေပး၊ ေဆာင္႐ြက္သူ စဆုံး လူသားမ်ိဳးႏြယ္အေပၚ ခ်ိဳးေဖာက္မႈမ်ားအား

အေရးယူျခင္းျပဳႏိုင္သည္။ အမိန္႔နာခံျခင္းဟု ကာကြယ္၍ မရ” လို႔ ေရးသားထားတာပါ။ လာမယ့္ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာလည္း ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ ျမန္မာ့လူ႔အခြင့္အေရး ဆိုင္ရာကိစၥေတြ ေဆြးေႏြးဖို႔ အထူးအစည္းအေဝး ေခၚယူထားပါတယ္။ ယခုေတာ္လွန္ေရးမွာ အဆုံးအျဖတ္ေပးမွာက ဝန္ထမ္းသပိတ္မ်ား ေအာင္ျမင္လား

မေအာင္ျမင္ဘူးလားဆိုတဲ့ အေပၚမွာ မူတည္တယ္ လို႔ ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးမင္းကိုႏိုင္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူက အခုလုပ္ေဆာင္ေနတာဟာ စုေပါင္းဦးေဆာင္မႈနဲ႔စုေပါင္းတာဝန္ခံမႈကို ျပဳလုပ္ေနတာျဖစ္ၿပီး ခံစားခ်က္ကို ဦးစားေပးလို႔ မရဘူးလို႔ ဆိုပါတယ္။ “ေနာက္ဆုံး မ်ိဳးဆက္ေတြ နဲ႔ ေပါင္းရမယ္၊ ရပ္မိရပ္ဖေတြနဲ႔ ေပါင္းရမယ္၊

လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါဝင္ႏိုင္ရင္ လက္တြဲရမယ္”လို႔ ေျပာပါတယ္။ ယခု လက္ရွိအခ်ိန္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း နဲ႔ စည္းကမ္းရွိစြာ ဆႏၵျပတဲ့ျပည္သူမ်ားကို ေက်းဇူးတင္ ရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္မွ သတင္းစကားပါးလိုက္တယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမဝင္းျမင့္က ၿပီးခဲ့တဲ့ရက္ပိုင္းက

လွည္းတန္းလမ္းဆုံမွာ ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူ ေတြကို ဝန္းရံခဲ့စဥ္မွာ ေျပာၾကား သြားပါတယ္။ လက္ရွိရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ား အားလုံး (ကိုကိုကြၽန္းၿမိဳ႕နယ္မပါ)ကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ-၁၄၄ အရ အမိန္႔ ကို ေဖေဖာ္ဝါရီလ (၈)ရက္ေန႔မွ စတင္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ေတြမွာ စုေဝးျခင္း၊ ေဟာေျပာျခင္း၊ ယာဥ္တစ္မ်ိဳးမ်ိဳးကို အသုံးျပဳ၍ျဖစ္ေစ၊

လူကိုယ္တိုင္ျဖစ္ေစ စီတန္း လွည့္လည္ျခင္း၊ လႈံ႕ေဆာ္ဆႏၵျပျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္းရင္း ဆန္ခတ္ျပဳမႈျခင္း မ်ားကို မျပဳလုပ္ရန္ တားျမစ္ထားပါတယ္။ ဒါ့အျပင္ လူ ၅ ဦး၊ သို႔မဟုတ္ ၅ ဦးထက္ပိုေသာ သူမ်ားက ယင္းၿမိဳ႕နယ္မ်ားအတြင္း အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြမွာ စုေဝးျခင္းမျပဳရန္နဲ႔ ည ၈ နာရီအခ်ိန္မွ နံနက္ ၄ နာရီအခ်ိန္အတြင္း ညမထြက္ရအမိန္႔ကို ထုတ္ျပန္ထားပါတယ္။

Myanmar Platform

Unicode

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ တုန်းက စစ်တပ်က အာဏာ သိမ်းလိုက်ပြီး နောက်ပိုင်း နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီး တချို့နေရာတွေမှာ ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲတာရှိပါတယ်။ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေ ကို အကြမ်း ဖက်ဖြိုခွင်းခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်း နဲ့ရင်ဘတ်

ကျည်ထိမှန် ၍ ပြင်းထန်စွာဒဏ်ရာရရှိသူနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူလူထု အနေနဲ့ သားစဉ်မြေးဆက်အတွက် စစ် အာဏာရှင် စနစ်ကို အမြစ်ပြတ် တော်လှန်ကြရန် နေပြည်တော် ဆန္ဒပြပွဲတွင် သေနတ်နဲ့ပစ်ခံရမှု ကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့သူ မိန်းကလေးရဲ့အစ်မဖြစ်သူ မမြသတိုးနွယ်က တိုက်တွန်းပြောဆိုထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်

ပြုလုပ်တဲ့လူထု လှုပ်ရှားမှုတွေမှာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေ ပါ ပူးပေါင်းပါဝင်ကြဖို့ လှုံ့ဆော်ခဲ့ပြီးဆန္ဒပြလှုပ်ရှားမှုတွေလည်း အားကောင်းလာနေပါတယ်။ ဒီလိုဆန္ဒပြပွဲတွေ အားကောင်းလာနေတာနဲ့အမျှ အင်တာနက် လူမှု ကွန်ယက်စာမျက်နှာတွေပေါ်မှာ လှုပ်ရှားမှုတွေ နဲ့ ဆက်စပ်တဲ့ သတင်းမှားတွေ၊ သတင်းတုတွေ ဖြန့်ဝေသူတွေရှိတာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

ဆန္ဒပြပြည်သူတွေအပေါ် အင်အားသုံးဖို့ အမိန့်ပေးဆောင်ရွက်သူ အားလုံးကို လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုတွေ အဖြစ် အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ “မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ဥပဒေနှင့် မညီသော မတရား အင်အားသုံးရန် အမိန့် ပေးခြင်းများကို

လိုက်နာခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင် များတွင် တာဝန်ရှိသည်။ အမိန့်ပေး၊ ဆောင်ရွက်သူ စဆုံး လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုများအား အရေးယူခြင်းပြုနိုင်သည်။ အမိန့်နာခံခြင်းဟု ကာကွယ်၍ မရ” လို့ ရေးသားထားတာပါ။ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ အထူးအစည်းအဝေး ခေါ်ယူထားပါတယ်။

ယခုတော်လှန်ရေးမှာ အဆုံးအဖြတ်ပေးမှာက ဝန်ထမ်းသပိတ်များ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတဲ့ အပေါ်မှာ မူတည်တယ် လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက အခုလုပ်ဆောင်နေတာဟာ စုပေါင်းဦးဆောင်မှုနဲ့စုပေါင်းတာဝန်ခံမှုကို ပြုလုပ်နေတာဖြစ်ပြီး ခံစားချက်ကို ဦးစားပေးလို့ မရဘူးလို့ ဆိုပါတယ်။ “နောက်ဆုံး မျိုးဆက်တွေ နဲ့

ပေါင်းရမယ်၊ ရပ်မိရပ်ဖတွေနဲ့ ပေါင်းရမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရင် လက်တွဲရမယ်”လို့ ပြောပါတယ်။ ယခု လက်ရှိအချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ စည်းကမ်းရှိစွာ ဆန္ဒပြတဲ့ပြည်သူများကို ကျေးဇူးတင် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ သတင်းစကားပါးလိုက်တယ်လို့ မရမ်းကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ပြီးခဲ့တဲ့ရက်ပိုင်းက လှည်းတန်းလမ်းဆုံမှာ

ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူ တွေကို ဝန်းရံခဲ့စဉ်မှာ ပြောကြား သွားပါတယ်။ လက်ရှိရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ အားလုံး (ကိုကိုကျွန်းမြို့နယ်မပါ)ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို

အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်း များကို မပြုလုပ်ရန် တားမြစ်ထားပါတယ်။ ဒါ့အပြင် လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက်ပိုသော သူများက ယင်းမြို့နယ်များအတွင်း အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ စုဝေးခြင်းမပြုရန်နဲ့ ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။

Myanmar Platform