Zawgyi

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕က CDM လႈပ္ရွားမႈမွာပါဝင္တဲ့ ဝန္ထမ္းေတြအေနနဲ႔ အစိုးရဝန္ထမ္းအိမ္ရာေတြကေန ေဖေဖၚဝါရီ ၁၅ ရက္က စတင္ၿပီး တိမ္းေရွာင္ေနၾကရပါတယ္။ အာဏာသိမ္းစစ္အစိုးရ ဆန႔္က်င္ေၾကာင္း အလုပ္မဆင္းပဲ သပိတ္ေမွာက္ေနတဲ့ ဝန္ထမ္းေတြအေနနဲ႔ CDM လႈပ္ရွားမႈမွာ

တစတစ ပါဝင္လာၿပီးေနာက္မွာ ဝန္ထမ္းအိမ္ရာေတြကို ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းမယ့္ သတင္းေတြၾကားေနရတဲ့အတြက္ တိမ္းေရွာင္ေနၾကာင္း သိရပါတယ္။ “ဝန္ထမ္းအိမ္ရာေတြကို ဝင္ဖမ္းမယ္ၾကားတဲ့အတြက္ ညအိပ္ဖို႔ အဆင္မေျပဘူး။ ဝန္ထမ္း လုပ္ၿပီး ညဘက္ က်ီးလန႔္စာစား အိပ္ရမယ္လို႔ တစ္ခါမွ မထင္ထားဘူး။

ဒီလိုအေျခအေနဆိုးက လြတ္ေျမာက္ဖို႔ ဝန္ထမ္းေတြအေနနဲ႔ CDM မွာ ပါဝင္ဖို႔လည္း ဖိတ္ေခၚပါတယ္” လို႔ CDM မွာ ပါဝင္ၿပီး တိမ္းေရွာင္ေနသူ တစ္ဦးက ေျပာပါတယ္။ စစ္အစိုးရအေနနဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္း

လႈပ္ရွားတက္ႂကြ သူေတြ၊ သတင္းသမားေတြနဲ႔ CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ ႏိုင္ငံ့ဝန္ထမ္းေတြကို ဖမ္းဆီးေနတာကို ျပတ္ျပတ္သားသား အတိအလင္း ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ျပည္ပသံအမတ္ႀကီးေတြက မေန႔ညက ပူးေပါင္းေၾကညာထားပါတယ္။ dvb

Unicode

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ အစိုးရဝန်ထမ်းအိမ်ရာတွေကနေ ဖေဖေါ်ဝါရီ ၁၅ ရက်က စတင်ပြီး တိမ်းရှောင်နေကြရပါတယ်။ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ကြောင်း အလုပ်မဆင်းပဲ သပိတ်မှောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ တစတစ

ပါဝင်လာပြီးနောက်မှာ ဝန်ထမ်းအိမ်ရာတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမယ့် သတင်းတွေကြားနေရတဲ့အတွက် တိမ်းရှောင်နေကြာင်း သိရပါတယ်။ “ဝန်ထမ်းအိမ်ရာတွေကို ဝင်ဖမ်းမယ်ကြားတဲ့အတွက် ညအိပ်ဖို့ အဆင်မပြေဘူး။ ဝန်ထမ်း လုပ်ပြီး ညဘက် ကျီးလန့်စာစား အိပ်ရမယ်လို့ တစ်ခါမှ မထင်ထားဘူး။

ဒီလိုအခြေအနေဆိုးက လွတ်မြောက်ဖို့ ဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ CDM မှာ ပါဝင်ပြီး တိမ်းရှောင်နေသူ တစ်ဦးက ပြောပါတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း လှုပ်ရှားတက်ကြွ သူတွေ၊

သတင်းသမားတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးနေတာကို ပြတ်ပြတ်သားသား အတိအလင်း ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံအမတ်ကြီးတွေက မနေ့ညက ပူးပေါင်းကြေညာထားပါတယ်။ dvb