Zawgyi

အိပ္ေပ်ာ္ေနတုန္း လမ္းထေလွ်ာက္တာေတာ့ ကိုယ္ေတြၾကားဖူးေပမဲ့ အိပ္ေပ်ာ္ေနတုန္း ကားေမာင္းတာတို႔၊အိပ္ေပ်ာ္ေနတုန္း လူသတ္တာတို႔ဆိုတာေတြေတာ့ ၾကားဖူးမယ္မထင္ပါဘူး။ေလ့လာခ်က္ေတြအရ လူတစ္ခ်ိဳ႕ဟာ အိပ္ေပ်ာ္ေနတုန္း ဒီလိုထူးဆန္းၿပီးေၾကာက္စရာေကာင္းတဲ့လုပ္ရပ္ေတြကို လုပ္ေလ့ရွိၾကပါတယ္တဲ့။

လေပါင္းမ်ားစြာအိပ္ေပ်ာ္သြားျခင္း

ထူးထူးဆန္းဆန္းပါပဲ။အျပင္ေလာကမွာပါ sleeping beauty ရွိေနတတ္ပါတယ္။Kleine Levin Syndrome ဆိုတဲ့ေဝဒနာခံစားရသူေတြဟာ တစ္ပတ္ ဒါမွမဟုတ္ ရက္ေပါင္းမ်ားစြာအိပ္ေပ်ာ္သြားတတ္ပါတယ္။၈လေလာက္ဆက္တိုက္အိပ္ေပ်ာ္သြားတဲ့သူေတာင္ရွိခဲ့ဖူးတယ္လို႔သိရပါတယ္။

အႏုပညာဖန္တီးျခင္း

မသိစိတ္ရဲ႕ဖန္တီးမႈအႏုပညာဟာ အိပ္စက္ေနတဲ့အခ်ိန္မွာထြက္ေပၚလာတတ္ပါတယ္။Lee Hadwin ဆိုတဲ့လူဟာ အသက္ ၄ႏွစ္အ႐ြယ္တည္းက အိပ္ေပ်ာ္ေနရင္းအႏုပညာဖန္တီးလာခဲ့တာလို႔သိရပါတယ္။ဒါေပမဲ့ တကယ္လက္ေတြ႕မွာေတာ့ သူက သူနာျပဳတစ္ေယာက္ပါ။ဒါ့အျပင္သူဟာ လႈပ္ရွားသြားလာေနခ်ိန္မွာဆို ပန္းခ်ီဆြဲတာ၊ပုံဆြဲတာကိုနည္းနည္းမွစိတ္မဝင္စားပါဘူးတဲ့။

အိပ္ေပ်ာ္ေနတုန္း ကားေမာင္းျခင္း

အိပ္ေပ်ာ္ေနတုန္း တကယ္ႀကီးကားထြက္ေမာင္းတဲ့သူေတြရွိတတ္ပါတယ္။အိပ္ေပ်ာ္ေနေပမဲ့ တစ္ေနရာရာကိုသြားရမယ္လို႔စိတ္ထဲစြဲေနရင္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာပဲ တကယ္လက္ေတြ႕ကားစက္ႏႈိးၿပီးထြက္သြားၾကတာပါ။ဒါေပမဲ့ မသိစိတ္ကေမာင္းတာျဖစ္လို႔ လမ္းေၾကာင္းလည္းမွားယြင္းကာယာဥ္မေတာ္တဆမႈေတြပါျဖစ္သြားၾကေၾကာင္းသိရပါတယ္။

အိပ္ေပ်ာ္ေနတုန္း လူသတ္ျခင္း

ေၾကာက္စရာပါပဲ။Joseph Mitchell ဆိုတဲ့ အမ်ိဳးသားဟာ ၂၀၁၅ တုန္းက သူ႔ရဲ႕ေလးႏွစ္အ႐ြယ္သားေလးကိုသတ္ပစ္ခဲ့ဖူးၿပီး ေနာက္ထပ္ကေလးႏွစ္ေယာက္ကိုပါသတ္ပစ္ဖို႔ႀကိဳးစားခဲ့ဖူးပါတယ္။အိပ္ေပ်ာ္ေနတုန္း လမ္းထေလွ်ာက္ၿပီး လူသတ္ခဲ့တာပဲျဖစ္ပါတယ္။ေလ့လာခ်က္ေတြအရ အိပ္ေပ်ာ္ေနတုန္း မသိစိတ္ကေနလူသတ္ဖို႔ႀကိဳးစားၾကတဲ့ျဖစ္ရပ္ဟာ ၆၈ ခုထက္မနည္းရွိေနတာ ေတြ႕ခဲ့ရပါတယ္။

အိပ္ေပ်ာ္ေနတုန္း ေမးလ္ပို႔ျခင္း

အရက္မူးၿပီးဖုန္းေခၚတာေတာ့ၾကားဖူးေပမဲ့ အိပ္ေပ်ာ္ေနတုန္းေယာင္ၿပီးအီးေမးလ္ပို႔တာေတာ့ တကယ္ရွားပါတယ္။ဒါေပမဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ အိပ္ေနရင္းေယာင္ၿပီးသူငယ္ခ်င္းျဖစ္သူေတြကို ပါတီပြဲဖိတ္စာပို႔ခဲ့ပါတယ္တဲ့။ႏိုးလာတဲ့အခ်ိန္မွာေတာ့ သူ႔ဆီကို ျပန္စာသုံးေစာင္ေတာင္ေရာက္ေနတာေတြ႕လိုက္ရပါတယ္။သူက အဲ့ဒီေမးလ္ပို႔ခဲ့မိမွန္းေတာင္ သူ႔ကိုယ္သူမသိခဲ့ပါဘူး။

ေယာင္ၿပီး ျပတင္းေပါက္က ခုန္ခ်ျခင္း

၂၀၀၇ တုန္းက ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္ဟာ အိပ္ေပ်ာ္ေနတုန္းေယာင္ၿပီး ေပ ၃၀အျမင့္ျပတင္းေပါက္ကေန ခုန္ခ်ခဲ့ဖူးပါတယ္။ဒါေပမဲ့ သူကိုယ္တိုင္က ခုန္ခ်သြားတာကို မသိသလို လမ္းေဘးမွာေတာင္ျပန္ၿပီးအိပ္ေနခဲ့တယ္လို႔သိရပါတယ္။နာမည္ေက်ာ္ဟာသပညာရွင္ Mike Birbiglia ဆိုရင္လည္း ဒီလိုအက်င့္မ်ိဳးရွိသူတစ္ေယာက္ပါ။သူက အိပ္ေပ်ာ္ေနတုန္း ဟိုတယ္ျပတင္းေပါက္ကေနခုန္ခ်ခဲ့ဖူးတယ္လို႔ေျပာျပခဲ့ဖူးပါတယ္။

Unicode

အိပ်ပျော်နေတုန်း လမ်းထလျှောက်တာတော့ ကိုယ်တွေကြားဖူးပေမဲ့ အိပ်ပျော်နေတုန်း ကားမောင်းတာတို့၊အိပ်ပျော်နေတုန်း လူသတ်တာတို့ဆိုတာတွေတော့ ကြားဖူးမယ်မထင်ပါဘူး။လေ့လာချက်တွေအရ လူတစ်ချို့ဟာ အိပ်ပျော်နေတုန်း ဒီလိုထူးဆန်းပြီးကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်လေ့ရှိကြပါတယ်တဲ့။

လပေါင်းများစွာအိပ်ပျော်သွားခြင်း

ထူးထူးဆန်းဆန်းပါပဲ။အပြင်လောကမှာပါ sleeping beauty ရှိနေတတ်ပါတယ်။Kleine Levin Syndrome ဆိုတဲ့ဝေဒနာခံစားရသူတွေဟာ တစ်ပတ် ဒါမှမဟုတ် ရက်ပေါင်းများစွာအိပ်ပျော်သွားတတ်ပါတယ်။၈လလောက်ဆက်တိုက်အိပ်ပျော်သွားတဲ့သူတောင်ရှိခဲ့ဖူးတယ်လို့သိရပါတယ်။

အနုပညာဖန်တီးခြင်း

မသိစိတ်ရဲ့ဖန်တီးမှုအနုပညာဟာ အိပ်စက်နေတဲ့အချိန်မှာထွက်ပေါ်လာတတ်ပါတယ်။Lee Hadwin ဆိုတဲ့လူဟာ အသက် ၄နှစ်အရွယ်တည်းက အိပ်ပျော်နေရင်းအနုပညာဖန်တီးလာခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ သူက သူနာပြုတစ်ယောက်ပါ။ဒါ့အပြင်သူဟာ လှုပ်ရှားသွားလာနေချိန်မှာဆို ပန်းချီဆွဲတာ၊ပုံဆွဲတာကိုနည်းနည်းမှစိတ်မဝင်စားပါဘူးတဲ့။

အိပ်ပျော်နေတုန်း ကားမောင်းခြင်း

အိပ်ပျော်နေတုန်း တကယ်ကြီးကားထွက်မောင်းတဲ့သူတွေရှိတတ်ပါတယ်။အိပ်ပျော်နေပေမဲ့ တစ်နေရာရာကိုသွားရမယ်လို့စိတ်ထဲစွဲနေရင် အိပ်ပျော်နေတဲ့အချိန်မှာပဲ တကယ်လက်တွေ့ကားစက်နှိုးပြီးထွက်သွားကြတာပါ။ဒါပေမဲ့ မသိစိတ်ကမောင်းတာဖြစ်လို့ လမ်းကြောင်းလည်းမှားယွင်းကာယာဉ်မတော်တဆမှုတွေပါဖြစ်သွားကြကြောင်းသိရပါတယ်။

အိပ်ပျော်နေတုန်း လူသတ်ခြင်း

ကြောက်စရာပါပဲ။Joseph Mitchell ဆိုတဲ့ အမျိုးသားဟာ ၂၀၁၅ တုန်းက သူ့ရဲ့လေးနှစ်အရွယ်သားလေးကိုသတ်ပစ်ခဲ့ဖူးပြီး နောက်ထပ်ကလေးနှစ်ယောက်ကိုပါသတ်ပစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။အိပ်ပျော်နေတုန်း လမ်းထလျှောက်ပြီး လူသတ်ခဲ့တာပဲဖြစ်ပါတယ်။လေ့လာချက်တွေအရ အိပ်ပျော်နေတုန်း မသိစိတ်ကနေလူသတ်ဖို့ကြိုးစားကြတဲ့ဖြစ်ရပ်ဟာ ၆၈ ခုထက်မနည်းရှိနေတာ တွေ့ခဲ့ရပါတယ်။

အိပ်ပျော်နေတုန်း မေးလ်ပို့ခြင်း

အရက်မူးပြီးဖုန်းခေါ်တာတော့ကြားဖူးပေမဲ့ အိပ်ပျော်နေတုန်းယောင်ပြီးအီးမေးလ်ပို့တာတော့ တကယ်ရှားပါတယ်။ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ အိပ်နေရင်းယောင်ပြီးသူငယ်ချင်းဖြစ်သူတွေကို ပါတီပွဲဖိတ်စာပို့ခဲ့ပါတယ်တဲ့။နိုးလာတဲ့အချိန်မှာတော့ သူ့ဆီကို ပြန်စာသုံးစောင်တောင်ရောက်နေတာတွေ့လိုက်ရပါတယ်။သူက အဲ့ဒီမေးလ်ပို့ခဲ့မိမှန်းတောင် သူ့ကိုယ်သူမသိခဲ့ပါဘူး။

ယောင်ပြီး ပြတင်းပေါက်က ခုန်ချခြင်း

၂၀၀၇ တုန်းက ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ အိပ်ပျော်နေတုန်းယောင်ပြီး ပေ ၃၀အမြင့်ပြတင်းပေါက်ကနေ ခုန်ချခဲ့ဖူးပါတယ်။ဒါပေမဲ့ သူကိုယ်တိုင်က ခုန်ချသွားတာကို မသိသလို လမ်းဘေးမှာတောင်ပြန်ပြီးအိပ်နေခဲ့တယ်လို့သိရပါတယ်။နာမည်ကျော်ဟာသပညာရှင် Mike Birbiglia ဆိုရင်လည်း ဒီလိုအကျင့်မျိုးရှိသူတစ်ယောက်ပါ။သူက အိပ်ပျော်နေတုန်း ဟိုတယ်ပြတင်းပေါက်ကနေခုန်ချခဲ့ဖူးတယ်လို့ပြောပြခဲ့ဖူးပါတယ်။