Zawgyi



Unicode

စစ်တပ်အမိန့်နဲ့ မနက် ၉ နာရီခွဲက စဖွင့်ခဲ့တဲ့ စစ်တပ်ပိုင် မြဝတီဘဏ် ကတော့ ၁၁ နာရီမှ ဘဏ်ခွဲအားလုံး ပြန်ပိတ်လိုက်ရပါပြီ။ ဘဏ်ပြိုလဲတော့မဲ့ သတင်းကြောင့် ဘဏ်မှာ ငွေပြန်ထုတ်တဲ့ အရမ်းများလို့ ပိတ်လိုက်ရတာပါ။ အခုဆို မြဝတီဘဏ် ရှေ့မှာ ငွေထုတ်လို့မရတဲ့ ပြည်သူတွေနဲ့ ဘဏ်ဝန်ထမ်းတွေ၊ ဘဏ်လုံခြုံရေးတွေ ပြသနာ တက်နေပါပြီ။ မနက်ဖန် မနက်မှ ပြန်လာပါလို့ဘဲ ပြောနေရပါတယ်။

တကယ်တော့ မနက်ဖန် ဘဏ်ဖွင့်နိုင်မလား မဖွင့်နိုင်ဘူးလား ဆိုတာတော့ မည်သူမျှ အာမမခံပါ။ စစ်တပ်ပိုင်ဘဏ်တွေ စတင် ဒုက္ခရောက်ပါပြီ။ စစ်တပ်ပိုင်ဘဏ်တွေကို မယုံကြည်ကြတော့လို့ မကြာခင် စစ်သားမိသားစုဝင်တွေပါ လာဝိုင်းထုတ်ကြဖို့ ရှိနေပါတယ်။ ပြည်သူ့အရေးတော်ပုံ အောင်ရမည်။