မန္းေ႐ႊစက္ေတာ္ဘုရားပြဲ အတြက္ ဝမ္းသာစရာသီတင္းေကာင္းပါရွင့္

Zawgyi

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ မန္းေ႐ႊစက္ေတာ္ဘုရားပြဲကို ကိုဗစ္ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ႏွစ္စဥ္ ဖြင့္လွစ္ေနၾကျဖစ္သည့္အတိုင္း ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ယေန႔ နံနက္ပိုင္းတြင္ျပဳလုပ္သည့္ အစည္းအေဝးဆုံးျဖတ္ခ်က္၌ အတည္ျပဳခဲ့ေၾကာင္း

မန္းေ႐ႊစက္ေတာ္ဘုရား ေဂါပက အဖြဲ႕ ဒုတိယဥကၠ႒ ဦး ထြန္းေ၀ ကေျပာသည္။ “ ဒီႏွစ္ ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ဖြင့္ပြဲက ေဖေဖာ္ဝါရီလ ၁၆ ရက္၊ တပို႔တြဲလဆန္း ၅ ရက္ေန႔မွာျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ႏွစ္စဥ္လည္း ဒီအတိုင္းပါပဲ။ ဘုရားဖူူးခြင့္ေတာ့ျပဳၿပီေပါ့။ တပို႔လဆန္း ၅ ရက္ေန႔ဆိုေတာ့ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔က်တာေပါ့။

အဲဒီေန႔ ဖြင့္ၿပီးမွ ဘုရားဖူးကိုခြင့္ျပဳမယ္ေပါ့။ ေ႐ႊတိဂုံတို႔ ခြင့္ျပဳသလို ေဆာင္႐ြက္သြားမယ္ေပါ့။ အနယ္နယ္အရပ္ရပ္က လာၾကမွာဆိုေတာ့ လာေရာက္ဖူးေျမာ္သူဦးေရ အေပၚ မူတည္ၿပီး ဖြင့္ေပးရမွာေပါ့။ ကိုဗစ္ၫႊန္ၾကားနဲ႔အညီေပါ့။ ေရာက္လာတဲ့လူအေပၚမွာ မူတည္ၿပီး အဝင္အထြက္ ခြင့္ျပဳဖို႔ အစည္းအေဝးက ဆုံးျဖတ္ထားတာပါ” ဟု

ဦးထြန္းေဝက ေျပာသည္။ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ကို ကိုဗစ္ကာလတြင္ ယခင္ႏွစ္ ပြဲေတာ္မ်ားအတိုင္း ႀကီးက်ယ္ခမ္းနားစြာ ဖြင့္လွစ္ရန္ အစီအစဥ္မရွိေသာ္လည္း ကိုဗစ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ေန႔စဥ္ နံနက္ ၆ နာရီမွ ညေန ၆ နာရီအထိ လာေရာက္ဖူးေျမာ္သည့္ လူဦး ေရအေပၚမူတည္ၿပီး

ကန႔္သတ္ဖူးေျမာ္ရန္ ၫႊန္ၾကားထား ေၾကာင္း သိရသည္။ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ ဖြင့္ပြဲႏွင့္ပိတ္ပြဲကို ေဒသဓေလ့ထုံးစံအရ မျဖစ္မေနျပဳလုပ္ေပးရျခင္းျဖစ္ၿပီး ျပဳလုပ္ရန္ ပ်က္ကြက္သည့္အခါ သဘာဝေဘးအႏၲရာယ္တစ္ခုခုႏွင့္ႀကဳံေတြ႕ရတတ္သည့္ အယူမ်ားရွိခဲ့ေၾကာင္း လည္းသိရသည္။

ႏွစ္စဥ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို တပို႔တြဲလဆန္း ၅ ရက္ေန႔ ေဖေဖာ္ဝါရီမွ ျမန္မာႏွစ္ဆန္း ၁ ရက္ ဧၿပီလအထိ ရက္ေပါင္း ၆၀ ၾကာ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးမ်ား လာေရာက္ ၾကျခင္း ျဖစ္ကာ တစ္ေန႔လွ်င္ပ်မ္းမွ် လူဦးေရ ေသာင္းႏွင့္ခ်ီလာေရာက္ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

ေ႐ႊညာသား (ဆင္ျဖဴကြၽန္း)

Unicode

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းရွှေစက်တော်ဘုရားပွဲကို ကိုဗစ် ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ် ဖွင့်လှစ်နေကြဖြစ်သည့်အတိုင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်၌ အတည်ပြုခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦး ထွန်းေ၀ ကပြောသည်။

“ ဒီနှစ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲက ဖေဖော်ဝါရီလ ၁၆ ရက်၊ တပို့တွဲလဆန်း ၅ ရက်နေ့မှာပြုလုပ်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ်လည်း ဒီအတိုင်းပါပဲ။ ဘုရားဖူူးခွင့်တော့ပြုပြီပေါ့။ တပို့လဆန်း ၅ ရက်နေ့ဆိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျတာပေါ့။ အဲဒီနေ့ ဖွင့်ပြီးမှ ဘုရားဖူးကိုခွင့်ပြုမယ်ပေါ့။ ရွှေတိဂုံတို့ ခွင့်ပြုသလို ဆောင်ရွက်သွားမယ်ပေါ့။

အနယ်နယ်အရပ်ရပ်က လာကြမှာဆိုတော့ လာရောက်ဖူးမြော်သူဦးရေ အပေါ် မူတည်ပြီး ဖွင့်ပေးရမှာပေါ့။ ကိုဗစ်ညွှန်ကြားနဲ့အညီပေါ့။ ရောက်လာတဲ့လူအပေါ်မှာ မူတည်ပြီး အဝင်အထွက် ခွင့်ပြုဖို့ အစည်းအဝေးက ဆုံးဖြတ်ထားတာပါ” ဟု ဦးထွန်းဝေက ပြောသည်။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ကိုဗစ်ကာလတွင်

ယခင်နှစ် ပွဲတော်များအတိုင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် အစီအစဉ်မရှိသော်လည်း ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လာရောက်ဖူးမြော်သည့် လူဦး ရေအပေါ်မူတည်ပြီး ကန့်သတ်ဖူးမြော်ရန် ညွှန်ကြားထား ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲကို ဒေသဓလေ့ထုံးစံအရ မဖြစ်မနေပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြုလုပ်ရန် ပျက်ကွက်သည့်အခါ

သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့ရတတ်သည့် အယူများရှိခဲ့ကြောင်း လည်းသိရသည်။ နှစ်စဉ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့ ဖေဖော်ဝါရီမှ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလအထိ ရက်ပေါင်း ၆၀ ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက် ကြခြင်း ဖြစ်ကာ တစ်နေ့လျှင်ပျမ်းမျှ လူဦးရေ သောင်းနှင့်ချီလာရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။

ရွှေညာသား (ဆင်ဖြူကျွန်း)