Tue. Dec 7th, 2021

Zawgyi

Gen Z (ဂ်န္ဇီ) လို႔ အတိုေကာက္ေခၚေနၾကတဲ့ Z မ်ိဳးဆက္ဟာ ေနာက္ဆုံးေပၚ မ်ိဳးဆက္တစ္ခု ျဖစ္ပါတယ္။ ၁၉၉၆ ကေန ၂၀၁၅ (တစ္ခ်ိဳ႕လည္း ၂၀၁၂ ခုႏွစ္ သတ္မွတ္ထား) အတြင္း ေမြးတဲ့ အခု အသက္ ၂၄/၂၅ ေအာက္ လူငယ္ေတြကို ဂ်န္ဇီေတြလို႔ ေခၚၾကပါတယ္။

Social Media ေခတ္ ၊ WiFi ၊ Google ၊ နည္းပညာေခတ္နဲ႔အတူ ေမြးဖြားႀကီးျပင္းလာတဲ့ လူငယ္ေတြ ျဖစ္ၿပီး စိတ္ဝင္စားဖို႔အေကာင္းဆုံး မ်ိဳးဆက္တစ္ခုအျဖစ္လည္း သတ္မွတ္ထားတာ ျဖစ္လို႔ သူတို႔အေၾကာင္း ဗဟုသုတရစရာအခ်က္တခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။

(၁) သမိုင္းမွာ မတူကြဲျပားမႈ အမ်ားဆုံးမ်ိဳးဆက္ျဖစ္တယ္

Millennials လို႔ ေခၚတဲ့ အသက္ ၃၅ ႏွစ္ေအာက္ လူလတ္ပိုင္းေတြထက္စာရင္ အသားအေရာင္ လူမ်ိဳးေရး ကြဲျပားမႈ ပိုၿပီး မွ်တအားေကာင္းလာပါတယ္။ Gen Z အမ်ားစု (၇၂%) ဟာ လူမ်ိဳးေရး မွ်တမႈကို အေရးႀကီးဆုံးကိစၥတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။

(၂) နည္းပညာစြမ္းရည္ အျမင့္ဆုံးသူေတြ ျဖစ္ပါတယ္

Gen Z ေတြရဲ႕ ၉၅% ဟာ အနည္းဆုံး စမတ္ဖုန္းတစ္လုံးစီ ရွိၾကပါတယ္။ သူတို႔ဟာ နည္းပညာနဲ႔ လက္နဲ႔ မျပတ္တမ္း သုံးေနတဲ့မ်ိဳးဆက္ျဖစ္ၿပီး ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ိဳးစုံ ၊ နည္းပညာသစ္မ်ိဳးစုံကို အကြၽမ္းတဝင္ရွိၾကသူေတြလည္း ျဖစ္ပါတယ္။

(၃) အာ႐ုံစူးစိုက္ႏိုင္ခ်ိန္ တိုေတာင္းတယ္

Gen Z ေတြရဲ႕ အာ႐ုံစူးစိုက္မႈ လိုခ်င္ရင္ သူတို႔ရဲ႕ပ်မ္းမွ် အာ႐ုံစိုက္ႏိုင္တဲ့ သက္တမ္းကို သိထားဖို႔ လိုပါတယ္။ ပ်မ္းမွ်အားျဖင့္ Gen Z ေတြရဲ႕ Attention Span ဟာ ၈ စကၠန႔္ပါတဲ့။ လူငယ္မ်ိဳးဆက္ကို ဦးတည္ၿပီး ေၾကာ္ျငာမယ့္သူေတြအတြက္ အေရးႀကီးတဲ့ အခ်က္ျဖစ္ပါလိမ့္မယ္။

(၄) ဆန္းသစ္ တီထြင္မႈ ျမင့္မားတယ္

လြတ္လပ္တဲ့ ေလ့လာမႈဟာ ဒီမ်ိဳးဆက္မွာ ထြက္ေပၚလာတယ္လို႔ ဆိုႏိုင္ပါတယ္။ Gen Z ေတြဟာ သူ႔အရင္ မ်ိဳးဆက္ေတြထက္ အြန္လိုင္းေပၚက ပညာေရးအရင္းအျမစ္ေတြကို ရယူႏိုင္စြမ္း ပိုျမင့္လာၿပီး ျပႆနာတစ္ခုကို ေျဖရွင္းရာမွာလည္း ကိုယ္ပိုင္နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ၾကပါတယ္။

(၅) တၿပိဳင္နက္တည္း အမ်ားႀကီး ပိုလုပ္ႏိုင္တယ္

အာ႐ုံစူးစိုက္မႈအေနနဲ႔ Gen Z ေတြဟာ Millennial ေတြေလာက္ အားမေကာင္းတာ မွန္ေပမယ့္ သူတို႔ရဲ႕နည္းလမ္းက ထူးျခားပါတယ္။ တနည္းေျပာရရင္ သူတို႔ဟာ Multi-Taskers ေတြလည္း ျဖစ္ပါတယ္။ လက္ထဲ ရွိတဲ့ ဖုန္း တက္ဘလက္ေပၚမွာတင္ ေက်ာင္းစာေတြ ႏုတ္စ္မွတ္တာ ၊ အကိုးအကားေတြ ရွာတာ ၊ ပညာေရးသင္ခန္းစာေတြ ေလ့လာတာကေန

နည္းပညာသစ္ေတြ စူးစမ္းတာ အကုန္ကို လုပ္ႏိုင္ၾကပါတယ္။ ဒီမ်ိဳးဆက္ဟာ လက္ရွိကမာၻ႔လူဦးေရအခ်ိဳးမွာ တျခား Generation ေတြထက္ စာရင္အင္အားအႀကီးဆုံး မ်ိဳးဆက္လည္း ျဖစ္ပါတယ္။ ကမာၻ႔လူဦးေရ ၇.၇ ဘီလ်ံမွာ ၂.၄၇ ဘီလ်ံ (လူဦးေရရဲ႕ ၃၂%) ဟာ Gen Z ေတြ ျဖစ္လို႔ ကမာၻႀကီးရဲ႕ အနာဂါတ္ကို သူတို႔ပဲ ဦးေဆာင္လာေတာ့မွာပါ။

Unicode

Gen Z (ဂျန်ဇီ) လို့ အတိုကောက်ခေါ်နေကြတဲ့ Z မျိုးဆက်ဟာ နောက်ဆုံးပေါ် မျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၁၅ (တစ်ချို့လည်း ၂၀၁၂ ခုနှစ် သတ်မှတ်ထား) အတွင်း မွေးတဲ့ အခု အသက် ၂၄/၂၅ အောက် လူငယ်တွေကို ဂျန်ဇီတွေလို့ ခေါ်ကြပါတယ်။ Social Media ခေတ် ၊ WiFi ၊ Google ၊ နည်းပညာခေတ်နဲ့အတူ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တွေ ဖြစ်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံး မျိုးဆက်တစ်ခုအဖြစ်လည်း သတ်မှတ်ထားတာ ဖြစ်လို့ သူတို့အကြောင်း ဗဟုသုတရစရာအချက်တချို့ကို မျှဝေလိုက်ပါတယ်။

(၁) သမိုင်းမှာ မတူကွဲပြားမှု အများဆုံးမျိုးဆက်ဖြစ်တယ်

Millennials လို့ ခေါ်တဲ့ အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းတွေထက်စာရင် အသားအရောင် လူမျိုးရေး ကွဲပြားမှု ပိုပြီး မျှတအားကောင်းလာပါတယ်။ Gen Z အများစု (၇၂%) ဟာ လူမျိုးရေး မျှတမှုကို အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

(၂) နည်းပညာစွမ်းရည် အမြင့်ဆုံးသူတွေ ဖြစ်ပါတယ်

Gen Z တွေရဲ့ ၉၅% ဟာ အနည်းဆုံး စမတ်ဖုန်းတစ်လုံးစီ ရှိကြပါတယ်။ သူတို့ဟာ နည်းပညာနဲ့ လက်နဲ့ မပြတ်တမ်း သုံးနေတဲ့မျိုးဆက်ဖြစ်ပြီး ဒစ်ဂျစ်တယ်ပလက်ဖောင်းမျိုးစုံ ၊ နည်းပညာသစ်မျိုးစုံကို အကျွမ်းတဝင်ရှိကြသူတွေလည်း ဖြစ်ပါတယ်။

(၃) အာရုံစူးစိုက်နိုင်ချိန် တိုတောင်းတယ်

Gen Z တွေရဲ့ အာရုံစူးစိုက်မှု လိုချင်ရင် သူတို့ရဲ့ပျမ်းမျှ အာရုံစိုက်နိုင်တဲ့ သက်တမ်းကို သိထားဖို့ လိုပါတယ်။ ပျမ်းမျှအားဖြင့် Gen Z တွေရဲ့ Attention Span ဟာ ၈ စက္ကန့်ပါတဲ့။ လူငယ်မျိုးဆက်ကို ဦးတည်ပြီး ကြော်ငြာမယ့်သူတွေအတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။

(၄) ဆန်းသစ် တီထွင်မှု မြင့်မားတယ်

လွတ်လပ်တဲ့ လေ့လာမှုဟာ ဒီမျိုးဆက်မှာ ထွက်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ Gen Z တွေဟာ သူ့အရင် မျိုးဆက်တွေထက် အွန်လိုင်းပေါ်က ပညာရေးအရင်းအမြစ်တွေကို ရယူနိုင်စွမ်း ပိုမြင့်လာပြီး ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြပါတယ်။

(၅) တပြိုင်နက်တည်း အများကြီး ပိုလုပ်နိုင်တယ်

အာရုံစူးစိုက်မှုအနေနဲ့ Gen Z တွေဟာ Millennial တွေလောက် အားမကောင်းတာ မှန်ပေမယ့် သူတို့ရဲ့နည်းလမ်းက ထူးခြားပါတယ်။ တနည်းပြောရရင် သူတို့ဟာ Multi-Taskers တွေလည်း ဖြစ်ပါတယ်။ လက်ထဲ ရှိတဲ့ ဖုန်း တက်ဘလက်ပေါ်မှာတင် ကျောင်းစာတွေ နုတ်စ်မှတ်တာ ၊ အကိုးအကားတွေ ရှာတာ ၊ ပညာရေးသင်ခန်းစာတွေ

လေ့လာတာကနေ နည်းပညာသစ်တွေ စူးစမ်းတာ အကုန်ကို လုပ်နိုင်ကြပါတယ်။ ဒီမျိုးဆက်ဟာ လက်ရှိကမ္ဘာ့လူဦးရေအချိုးမှာ တခြား Generation တွေထက် စာရင်အင်အားအကြီးဆုံး မျိုးဆက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၇.၇ ဘီလျံမှာ ၂.၄၇ ဘီလျံ (လူဦးရေရဲ့ ၃၂%) ဟာ Gen Z တွေ ဖြစ်လို့ ကမ္ဘာကြီးရဲ့ အနာဂါတ်ကို သူတို့ပဲ ဦးဆောင်လာတော့မှာပါ။