မီးကြင္းပစ္ျခင္း၊ ရပ္ကြက္ထဲက ဆိုက္ဝါးေတြ ႏွင့္ အဓိကအခ်က္ကို မေမ့သင့္တဲ့ ျပည္သူေတြ

Zawgyi

မီးကြင္းပစ္ျခင္း၊ ရပ္ကြက္ထဲက ဆိုက္ဝါးေတြ ႏွင့္ အဓိကအခ်က္ကို မေမ့သင့္တဲ့ ျပည္သူေတြ..

မီးကြင္းပစ္တယ္၊ ပစ္ပစ္ျခင္း ခ်က္ျခင္းမေလာင္ပါဘူး၊ လူအားနဲ႔ ၿငိမ္းႏိုင္ေလာက္ပါတယ္။ ပစ္လား၊ ဟုတ္လား? ဟုတ္မွဖမ္းပါ၊ ရပ္ကြက္ထဲ လူေထာင္ခ်ီေနတာ မီးကြင္း ျဖစ္ျဖစ္ သူခိုး ျဖစ္ျဖစ္ ဓါးျပ ျဖစ္ျဖစ္ မလြယ္လွပါဘူး။ ကြၽန္ေတာ္သာ ဓါးျပဆိုရင္ ဒီလို ညမ်ိဳး မာဆပ္သြားအိပ္ေနမွာ၊ အလုပ္ဆင္းလို႔ေကာင္းတဲ့ေန႔ မဟုတ္ဘူး၊

လူေကာင္းေတာင္ မွားအ႐ိုက္ခံရမွာေၾကာက္ေနရတဲ့အခ်ိန္၊ ဒီလိုေန႔မ်ိဳး အလုပ္ဆင္းလို႔ကေတာ့ YBS ေပၚကအဆင္း ရပ္ကြက္ထဲအဝင္ တင္ အသက္ပါသြားႏိုင္တယ္။ မီးကြင္းပစ္ဖို႔ ဘဏ္တိုက္တတိုက္လုံးက ေငြပုံေပးမယ္ သြားလုပ္ဆိုလည္း မလုပ္ဘူး၊ အသက္က ႏွစ္ေခ်ာင္းမပါဘူး။ ဒါေတြက စိတ္ဓါတ္စစ္ဆင္ေရးလုပ္ေနတာပါဆိုတာသိရဲ႕သားနဲ႔

ဟိုလိုက္ ဒီလိုက္ ဟိုေျပး ဒီေျပး.. ပင္ပန္းတာေပါ့ဗ်ာ။ ခက္တာက အြန္လိုင္းေပၚလည္း ထုတ္ျပန္ခ်က္အမ်ိဳးမ်ိဳး နဲ႔.. ျပည္သူက လန္႔ၿပီး ပန္းကုန္တာေပါ့။ တေနရာ ႏွစ္ေနရာ သူခိုး ဓါးျပ ရွိေကာင္းရွိႏိုင္ပါတယ္။ အြန္လိုင္းေပၚ ပြ၊ ထ ၿပီး သန္း ၅၀ လုံး ထုတ္စီးထိုး ေနရတာေတာ့ ကြၽန္ေတာ္တို႔ လန္႔တာ နဲနဲမ်ားသြားၿပီ။

တပ္ဆိုတာ ရန္သူနဲ႔ အၿမဲတိုက္ဖို႔ အၿမဲျပင္ေနရတာ၊ အဲ့ဒါသူတို႔အလုပ္ပါပဲ၊ သူတို႔ အသက္ေမြးဝမ္းေက်ာင္းပဲ၊ စိတ္ဓါတ္စစ္ဆင္ေရးတပ္ဆိုတာအဖြဲ႕ကို သပ္သပ္ရွိေသးတယ္၊ သူတို႔ရဲ႕စိတ္ဓါတ္စစ္ဆင္ေရးက အစ ပဲရွိေသးတယ္၊ ေသနတ္ေတာင္မိုးေပၚေထာင္မပစ္ေသးဘူး။ သန္း ၅၀ လုံး တည တည

ဒီေလာက္ ေျခာက္ျခားေနတာ ပင္ပန္းပါတယ္။ ေတာင့္ေတာင့္တင္းတင္းလူငယ္ ၁၀ ေယာက္ေလာက္ နဲ႔ အေမွ်ာ္အျမင္ရွိတဲ့ ေခါင္းေဆာင္တေယာက္ ေစာင့္ေပးရင္ လုံေလာက္မယ္ထင္ပါတယ္။ တကယ္ေသခ်ာမွ သူတို႔ေခါင္းေဆာင္မႈေနာက္ ဝိုင္းၾကေပါ့။ အခုတကယ္ ျပႆနာတက္ေနတာက CDM နဲ႔ လမ္းေပၚက ဆႏၵျပပြဲေတြပါ။ အဲ့ဒါေတြက အဓိကပါ။ ရပ္ကြက္လန္႔တာေတြက ဆိုက္ဝါး..

(Kyaw Swa Min)

Unicode

မီးကွင်းပစ်ခြင်း၊ ရပ်ကွက်ထဲက ဆိုက်ဝါးတွေ နှင့် အဓိကအချက်ကို မမေ့သင့်တဲ့ ပြည်သူတွေ..

မီးကွင်းပစ်တယ်၊ ပစ်ပစ်ခြင်း ချက်ခြင်းမလောင်ပါဘူး၊ လူအားနဲ့ ငြိမ်းနိုင်လောက်ပါတယ်။ ပစ်လား၊ ဟုတ်လား? ဟုတ်မှဖမ်းပါ၊ ရပ်ကွက်ထဲ လူထောင်ချီနေတာ မီးကွင်း ဖြစ်ဖြစ် သူခိုး ဖြစ်ဖြစ် ဓါးပြ ဖြစ်ဖြစ် မလွယ်လှပါဘူး။ ကျွန်တော်သာ ဓါးပြဆိုရင် ဒီလို ညမျိုး မာဆပ်သွားအိပ်နေမှာ၊ အလုပ်ဆင်းလို့ကောင်းတဲ့နေ့ မဟုတ်ဘူး၊ လူကောင်းတောင်

မှားအရိုက်ခံရမှာကြောက်နေရတဲ့အချိန်၊ ဒီလိုနေ့မျိုး အလုပ်ဆင်းလို့ကတော့ YBS ပေါ်ကအဆင်း ရပ်ကွက်ထဲအဝင် တင် အသက်ပါသွားနိုင်တယ်။ မီးကွင်းပစ်ဖို့ ဘဏ်တိုက်တတိုက်လုံးက ငွေပုံပေးမယ် သွားလုပ်ဆိုလည်း မလုပ်ဘူး၊ အသက်က နှစ်ချောင်းမပါဘူး။ ဒါတွေက စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတာပါဆိုတာသိရဲ့သားနဲ့ ဟိုလိုက် ဒီလိုက် ဟိုပြေး ဒီပြေး.. ပင်ပန်းတာပေါ့ဗျာ။

ခက်တာက အွန်လိုင်းပေါ်လည်း ထုတ်ပြန်ချက်အမျိုးမျိုး နဲ့.. ပြည်သူက လန့်ပြီး ပန်းကုန်တာပေါ့။ တနေရာ နှစ်နေရာ သူခိုး ဓါးပြ ရှိကောင်းရှိနိုင်ပါတယ်။ အွန်လိုင်းပေါ် ပွ၊ ထ ပြီး သန်း ၅၀ လုံး ထုတ်စီးထိုး နေရတာတော့ ကျွန်တော်တို့ လန့်တာ နဲနဲများသွားပြီ။ တပ်ဆိုတာ ရန်သူနဲ့ အမြဲတိုက်ဖို့ အမြဲပြင်နေရတာ၊

အဲ့ဒါသူတို့အလုပ်ပါပဲ၊ သူတို့ အသက်မွေးဝမ်းကျောင်းပဲ၊ စိတ်ဓါတ်စစ်ဆင်ရေးတပ်ဆိုတာအဖွဲ့ကို သပ်သပ်ရှိသေးတယ်၊ သူတို့ရဲ့စိတ်ဓါတ်စစ်ဆင်ရေးက အစ ပဲရှိသေးတယ်၊ သေနတ်တောင်မိုးပေါ်ထောင်မပစ်သေးဘူး။ သန်း ၅၀ လုံး တည တည ဒီလောက် ခြောက်ခြားနေတာ ပင်ပန်းပါတယ်။

တောင့်တောင့်တင်းတင်းလူငယ် ၁၀ ယောက်လောက် နဲ့ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တယောက် စောင့်ပေးရင် လုံလောက်မယ်ထင်ပါတယ်။ တကယ်သေချာမှ သူတို့ခေါင်းဆောင်မှုနောက် ဝိုင်းကြပေါ့။ အခုတကယ် ပြဿနာတက်နေတာက CDM နဲ့ လမ်းပေါ်က ဆန္ဒပြပွဲတွေပါ။ အဲ့ဒါတွေက အဓိကပါ။ ရပ်ကွက်လန့်တာတွေက ဆိုက်ဝါး..

(Kyaw Swa Min)