Tue. Dec 7th, 2021

Zawgyi




Unicode

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ အလုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၏ Complaint ဖုန်းသို့ “ယနေ့ညမီးဖြတ်မည်ဟု” သတင်းရရှိကြောင်း စုံစမ်းမေးမြန်းခြင်းများ ဆက်တိုက်ကြုံနေရပါသဖြင့် အများပြည်သူ သိရှိနိုင်ရေး အသိပေးထုတ်ပြန်ခြင်းဖြစ်ပါသည် ဓာတ်အားဖြတ်တောက်ရန် အထက်ဌာနမှ ညွှန်ကြားချက် လုံးဝ(လုံးဝ) လက်ခံရရှိထားခြင်းမရှိပါ(လျှပ်စစ်ဝန်ထမ်းများ မီးပျက်မှာ အကြောက်ဆုံးပါ)

မရိုးကျ ပြတ်တောက်ခြင်းမဟုတ်သည့် တစ်စုံတစ်ယောက်၊ အဖွဲ့အစည်း(အထက်ဌာန)မှ အကြောင်းမဲ့ ဓာတ်အားဖြတ်တောက်ရန် အမိန့်ပေးခိုင်းစေခြင်းများ ပြုလုပ်လာပါကလည်း လုံးဝ(လုံးဝ) ဖြတ်တောက်မည်မဟုတ်ပါ (မီးဖြတ်မည်ဟု မသမာသူတို့မှ ကောလဟာလ သတင်းဖြန့်ခြင်းသာဖြစ်ကြောင်း ယူဆပါသည်) ရပ်ကွက်အတွင်း

သမရိုးကျ မဟုတ်သည့် လျှပ်စစ်မီးဖြတ်ခြင်း၊ ပြတ်တောက်ခြင်းများဖြစ်ပေါ်လာပါက မိမိတို့ရူံးအား ဆက်သွယ်သတင်းပေးရန် တိုက်တွန်းပါသည် သို့ဖြစ်ပါ၍ မိမိတို့ရုံးအနေဖြင့် အကြောင်းမဲ့ မီးဖြတ်ရန် လုံးဝ(လုံးဝ) မရှိပါကြောင်း အများပြည်သူအား အသိပေးကြေငြာအပ်ပါသည်။ အလုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံး ၀၁ ၂၁၂၅၁၂ / ၀၁ ၂၂၀၉၈၀