၂ ႏွစ္ နီးပါၾကာပိတ္ထားေသာ ရခိုင္ႏွင့္ ပလက္ဝတို႔တြင္ အျမန္ႏႈန္း 4G အင္တာနက္ျပန္လည္သုံးစြဲခြင့္ရ

Zawgyi

၂ ႏွစ္နီးပါၾကာ ပိတ္ထားေသာ ရခိုင္ႏွင့္ ပလက္ဝတို႔တြင္ အျမန္ႏႈန္း 4G အင္တာနက္ျပန္လည္သုံးစြဲခြင့္ရဇန္နဝါရီ ၃ ရက္ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္တို႔တြင္ ၂ ႏွစ္နီးပါးၾကာပိတ္ထားေသာ 4G အင္တာနက္ကို စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ညေန ၁၂ နာ ရီေက်ာ္အခ်ိန္တြင္ ျပန္လည္သုံးစြဲခြင့္ရရွိၾကသည္ဟု ေဒသခံမ်ားႏွင့္

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကေျပာဆိုၾကသည္။ ရခိုင္ျပည္နယ္မွ ၿမိဳ႕နယ္ (၈) ၿမိဳ႕ျဖစ္သည့္ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာႏွင့္ ခ်င္းျပည္နယ္ ပလက္ဝတို႔တြင္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔မွ စ၍ အင္တာနက္ျဖတ္ေတာက္ထားခဲ့ၿပီး ေမာင္ေတာၿမိဳ႕နယ္ကို

၂၀၂၀ ခုႏွစ္ေမလ ၂ ရက္ေန႔တြင္ ျပန္လည္ဖြင့္ေပးခဲ့သည္။က်န္ ၇ ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝတို႔တြင္ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႔တြင္ 2G အင္တာနက္အဆင့္သာ ဖြင့္ေပးခဲ့သည္။ ယခုလို ရခိုင္ျပည္ေျမာက္ပိုင္းႏွင့္ ပလက္ဝၿမိဳ႕နယ္တို႔ကို 4G အင္တာနက္ျပန္လည္ဖြင့္သည့္အတြက္ ရခိုင္ျပည္နယ္အတြက္

ၿငိမ္းခ်မ္းေရးလကၡာေကာင္းတစ္ခုျဖစ္ေၾကာင္းႏွင့္ ျပည္သူလူထု၏ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးတို႔အတြက္လည္း ေကာင္းမြန္းသည့္လကၡာဏာတစ္ခုျဖစ္သည္ဟု ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာသည္။ယင္းအျပင္ ၂ နစ္နီးပါးၾကားပိတ္ထားေသာ 4G

အင္တာနက္ျပန္ဖြင့္ေပးျခင္းသည္အတူ ျပည္သူမ်ား၏ စီးပြားေရး၊ က်န္းမာေရးတို႔အတြက္ ၁ ႏွစ္ေက်ာ္ၾကာပိတ္ထားေသာ ေက်ာက္ေတာ္-ပလက္ဝေရးလမ္းေၾကာင္းကို ျပန္လည္ဖြင့္ေပးေစခ်င္သည္ဟု ပလက္ဝေဒသခံ ကိုတင္ထြန္းေအာင္ကေျပာသည္။

Unicode

၂ နှစ်နီးပါကြာ ပိတ်ထားသော ရခိုင်နှင့် ပလက်ဝတို့တွင် အမြန်နှုန်း 4G အင်တာနက်ပြန်လည်သုံးစွဲခွင့်ရဇန်နဝါရီ ၃ ရက်ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် ၂ နှစ်နီးပါးကြာပိတ်ထားသော 4G အင်တာနက်ကို စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၁၂ နာ ရီကျော်အချိန်တွင် ပြန်လည်သုံးစွဲခွင့်ရရှိကြသည်ဟု

ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။ ရခိုင်ပြည်နယ်မှ မြို့နယ် (၈) မြို့ဖြစ်သည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး မောင်တောမြို့နယ်ကို

၂၀၂၀ ခုနှစ်မေလ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ကျန် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် 2G အင်တာနက်အဆင့်သာ ဖွင့်ပေးခဲ့သည်။ ယခုလို ရခိုင်ပြည်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့ကို 4G အင်တာနက်ပြန်လည်ဖွင့်သည့်အတွက် ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးလက္ခာကောင်းတစ်ခုဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက်လည်း

ကောင်းမွန်းသည့်လက္ခာဏာတစ်ခုဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။ယင်းအပြင် ၂ နစ်နီးပါးကြားပိတ်ထားသော 4G အင်တာနက်ပြန်ဖွင့်ပေးခြင်းသည်အတူ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် ၁ နှစ်ကျော်ကြာပိတ်ထားသော ကျောက်တော်-ပလက်ဝရေးလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးစေချင်သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကပြောသည်။