Zawgyi

၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းက ကိုမင္းကိုႏိုင္ အပါအဝင္ ၇ ေယာက္ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆိုထားၿပီး သက္ဆိုင္ရာတရား႐ုံးေတြက ဖမ္းဝရမ္းထုတ္လိုက္တယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာ ေၾကညာပါတယ္။ ကိုမင္းကိုႏိုင္ (ခ) ေပၚဦးထြန္း၊ ေက်ာ္မင္းယု (ခ) ဂ်င္မီ၊ ေထြးလင္းကို (ခ) လင္းလင္း၊

အင္းစိန္ေအာင္စိုး၊ မ်ိဳးရန္ေနာင္သိမ္း၊ အိမ့္ပိုးဥ (ခ) အိပန္ဆယ္လို နဲ႔ ေမာင္ေမာင္ေအး တို႔ဟာ သူတို႔ကို လူသိမ်ားတဲ့ အခြင့္အေရးကို အသုံးခ်ၿပီး ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားေရးကို ထိခိုက္ေစမယ့္အေၾကာင္း ေရးသားခ်က္ေတြ၊ ေျပာဆိုခ်က္ေတြကို Social မီဒီယာေတြ၊ လူမႈကြန္ရက္ေတြကို အသုံးျပဳလုပ္ေဆာင္ေနေၾကာင္း ေတြ႕ရွိရတာေၾကာင့္ သက္ဆိုင္ရာ

တရား႐ုံးေတြမွာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆိုထားရွိၿပီး သက္ဆိုင္ရာတ ရား႐ုံးေတြကလည္း ရာဇဝတ္က်င့္ထုံးဥပေဒနဲ႔ အညီ လူဖမ္းဝရမ္းေတြ ထုတ္ဆင့္ထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏိုင္ငံသားတိုင္းမွာ တာဝန္ရွိတာေၾကာင့္

အထက္ပါ ပုဂၢိဳလ္ေတြကို ေတြ႕ရွိလွ်င္ျဖစ္ေစ၊ သတင္းရရွိလွ်င္ျဖစ္ေစ အနီးဆုံးရဲစခန္းေတြမွာ သတင္းေပး တိုင္တန္းႏိုင္တယ္လို႔လည္း ဆိုပါတယ္။ သူတို႔အား လက္ခံထားပါက လက္ခံထားသူေတြကို ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔လည္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

Unicode

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် အပါအဝင် ၇ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားပြီး သက်ဆိုင်ရာတရားရုံးတွေက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကြေညာပါတယ်။ ကိုမင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ကျော်မင်းယု (ခ) ဂျင်မီ၊

ထွေးလင်းကို (ခ) လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို နဲ့ မောင်မောင်အေး တို့ဟာ သူတို့ကို လူသိများတဲ့ အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမယ့်အကြောင်း ရေးသားချက်တွေ၊ ပြောဆိုချက်တွေကို Social မီဒီယာတွေ၊ လူမှုကွန်ရက်တွေကို အသုံးပြုလုပ်ဆောင်နေကြောင်း

တွေ့ရှိရတာကြောင့် သက်ဆိုင်ရာ တရားရုံးတွေမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားရှိပြီး သက်ဆိုင်ရာတ ရားရုံးတွေကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့ အညီ လူဖမ်းဝရမ်းတွေ ထုတ်ဆင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာကြောင့်

အထက်ပါ ပုဂ္ဂိုလ်တွေကို တွေ့ရှိလျှင်ဖြစ်စေ၊ သတင်းရရှိလျှင်ဖြစ်စေ အနီးဆုံးရဲစခန်းတွေမှာ သတင်းပေး တိုင်တန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ သူတို့အား လက်ခံထားပါက လက်ခံထားသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။