ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဟောကိန်းနဲ့ အနာဂတ်မြန်မာပြည်ကြီး၏ အလွန်းအားရဖွယ်ကောင်းသော အချက်များ ကမ္ဘာကျော် လက္ခဏာဆရာ ဖြစ်သော ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားလေသည်။ တစ်နေ့တွင် မစ္စတာကိုင်ရိုထံသို့ အမေရိကန် သံအမတ်ကြီး ရောက်ရှိလာလေသည်။

ကိုင်ရိုမှ ခရီးဦးကြိုဆို နေရာထိုင်ခင်းပေးပြီး သံအမတ်ကြီးနှင့် စကားစမည်ပြောလေသည် ကိုင်ရိုသည်ကား ကမ္ဘာ့ခေါင်းဆောင် တော်တော်များများနှင့် ကမ္ဘာ့ရေးရာများကို ဟောကိန်းထုတ်ထားရာ မှန်ကန်သဖြင့် နိုင်ငံခေါင်းဆောင်များ၊ဝန်ကြီးများ၊သံအမတ်များ ဖြင့် သိကျွမ်းလေသည် သံအမတ်ကြီးလာသောအချိန်သည်ကား ပထမ ကမ္ဘာစစ်ကြီးပြီးသော အချိန်ဖြစ်လေသည်။

သံအမတ်က ကိုင်ရိုအားမေးလေသည် မစ္စတာ ကိုင်ရိုရေ တခုလောက်ကူညီပါ။ ဘာများလဲ သံအမတ်ကြီး ။ အခုက ကြီးမားတဲ့ ကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီလေ ။ တို့အမေရိကန်တွေ မဟာမိတ်ဘက်ကဝင်ကူတိုက် လို့ နိဂုံးချုပ်သွားပြီ ဒီနောက်ပိုင်း ကမ္ဘာကြီးမှာ ဘာတွေဆက်ဖြစ်မလဲ သိချင်တာ။ကိုင်ရိုလည်း နာရီဝက်ခန့် ကြာသော် သံအမတ်ကြီးအား ပြောလေသည်

သံအမတ်ကြီး ခင်ဗျ နောက်အနှစ်၂၀ လောက်ကြရင် နောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ဦးမယ်။ ဒီထက်ပိုကြီးမားမယ် ။လူတွေသေကြလိမ့်မယ်။ အဲဒီစစ်ပြီးရင် ခင်ဗျားတို့ အမေရိကန်ဟာ ၂၁ရာစု လောက်ထိ စူပါ ပါဝါနိုင်ငံ ဖြစ်လိမ့်မယ်။ သံအမတ်ကြီး။ အိုးမိုင်ဂေါ့ဘုရားသခင် ကောင်းချီးပေးပါစေ (၁၉၂ဝခု နှစ် က ကမ္ဘာ့စူပါပါဝါသည် အဂ်လိပ် (ဗြိတိန်) နိုင်ငံ ဖြစ်ပြီး ထိုအချိန်က

အမေရိကန်သည် ဘက်စုံတိုးတက်အားကောင်းလာသော နိုင်ငံ အဖြစ် သာရှိသေးသည် သံအမတ်ကြီး။ ဆက်ပြောပါဦး မစ္စတာကိုင်ရိုရေ။ ကိုင်ရို။ အိုး….နောက်တခု ထူးခြားတာရှိသေးတယ် သံအမတ်ကြီး ဘာများလဲ မစ္စတာကိုင်ရို။ ခင်ဗျားတို့အမေရိကန်က စူပါပါဝါနိုင်ငံ ဖြစ်သလို စူပါပါဝါ လူသားတစ်ဦးလည်း ပေါ်ထွက်လာလိမ့်မယ်။ဘယ်လိုလူသားလဲ ကိုင်ရို အမေရိကန်ကနေ ထွက်ပေါ်လာမှာလား

မဟုတ်ဘူးဗျ ဘားမား(မြန်မာ)ကနေ ထွက်ပေါ်လာလိမ့်မယ်။ ထိုအချိန်က မြန်မာပြည်အား ဘားမားဟုခေါ်ကြလေသည်။ ဘယ်လိုစူပါပါဝါလူသား လည်း မစ္စတာကိုင်ရို ကမ္ဘာ့လူသားတွေရဲ့ စိတ်နှလုံးကို အေးချမ်းစေပြီး ပူပန်မှု့တွေကို ဖြေဖျောက်ပေးမယ့်လူသားပါ။ ကမ္ဘာကြီးကို ကောင်းကျိုးပြုမယ့်လူသားပါ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတယ် ဗျ။

သူဟာ ကောင်းမြတ် စစ်မှန်တဲ့ သဘာဝတရားကြီး ကို ကမ္ဘာ့လူသားတွေ ထိတွေ့သိခွင့်ရအောင် ဖြန့်ပေးလိမ့်မယ် ၂၁ ရာစု အလယ် (၂၀၅၀) လောက်ရောက် ရင် အဲဒီလူသားဟာ ဘားမား နိုင်ငံရဲ့သမ္မတဖြစ်လာလိမ့်မယ်။ သူသမ္မတဖြစ်ရင် ဘားမားဟာ ဘုန်းမီးတောက်လိမ့်မယ် အရမ်းကို တိုးတက်ချမ်းသာကြွယ်ဝလာမယ်။ စက်မှု့လက်မှု့ စီးပွားရေး စစ်ရေး ပညာရေး

အပြင် တခြားသောအရာတွေပါ ကမ္ဘာ့ထိပ်တန်းဖြစ်လာမယ် သူ့အုပ်ချုပ်တဲ့ ဘားမားပြည်ဟာ ပညာတတ်တွေ လူတော်တွေ အများကြီး ပေါ်ထွက်လာဦးမယ်။ အဖိုးတန် ကျောက်မျက်ရတနာ တွေ အလျှံအပယ်ထွက်လာမယ် သူကိုးကွယ်တဲ့ ဘာသာတရား (ဗုဒ္ဓဘာသာ)ကိုလည်း ကမ္ဘာအနှံ ဖြန့်ချီလိုက်မယ်။နောက်ဆုံး တစ်ကမ္ဘာလုံး ကပ်ဘေး စစ်ဘေး အငတ်ဘေးတွေပြင်းထန်စွာ

ခံစားခဲ့ရလို့ လူသားအားလုံး အမှောင်ဖုံး ကြောက်လန့် နေချိန်မှာ သူကိုးကွယ်တဲ့ ဘာသာတရားနဲ့ ထိတွေ့ခံစားစေပြီး လူသားတွေကို အေးချမ်းစေလိမ့်မယ်။လွတ်မြောက်စေလိမ့်မယ်။ ကမ္ဘာ့လူသားအားလုံးဟာ အဲဒီဘာသာတရားရဲ့ စစ်မှန်မှု့ကို လက်တွေ့ကျင့်သုံးပြီး အဲဒီလူသားကို လေးစားလာကြလိမ့်မယ်။ ထိုလူသား၏ပြောစကားများကိုလည်း တစ်မ္ဘာလုံးကလူတွေ

လက်ခံ နားထောင်ကြလိမ့်မယ် နောက်ပိုင်း တစ်ကမ္ဘာလုံးဟာ ဗုဒ္ဓဘာသာ(ထေရဝါဒ)ဖြစ်လာလိမ့်မယ်။ဘားမားဟာလည်း ဗုဒ္ဓဘာသာနိုင်ငံများ အားလုံးရဲ့ ခေါင်းဆောင်နိုင်ငံဖြစ်လိမ့်မယ် ကမ္ဘာ့လူသားအားလုံး ဘာမားကို သွားရောက်လေ့လာကြလိမ့်မယ်။ နိုင်ငံရေးမှာ အမေရိကန်က စူပါပါဝါ ဖြစ်ရင် ဘားမားက ဘာသာရေးမှာ စူပါပါဝါ ခေါင်းဆောင်ဖြစ်လာမယ်

အဲဒီ စစ်မှန်တဲ့ တရားတွေကနေပြီး ကမ္ဘာကြီးမှာ စစ်ဘေး ကပ်ဘေး အငတ်ဘေးတွေ ကင်းစင်သွားမယ် ကင်းစင်ပြီးရင် သဘာဝတရားကြီးတွေ ပြန်လည်ကောင်းမွန်လာမယ်။ သစ်တောသစ်ပင် မြစ်ရေ စမ်းချောင်း ပြန်လည်ကောင်းမွန်လာမယ်။ ရာသီဥတု ကောင်းမွန်မှန်ကန်လာမယ်။ ကမ္ဘာကြီးအေးချမ်းလာမယ် ကမ္ဘာ့လူသားတွေ ဟာမေတ္တာဓာတ်ကြီးမားလာမယ်။

ထိုလူသားမှာ လက်နက်တခုပါလိမ့်မယ်။ ကမ္ဘာပေါ်ရှိလက်နက်အားလုံးကို နိဂုံးချုပ်နိုင်တယ်။ (မေတ္တာလက်နက်) မစ္စတာကိုင်ရိုမှ အမေရိကန်သံအမတ်ကြီးအား ထိုအကြောင်းအရာများကို ပြောပြပြီး ခဏ နားကာ ကော်ဖီသောက်လေသည် သောက်ပြီးသောအခါ သံအမတ်ကြီးနှင့် အမေရိကန်နိုင်ငံ၏ ဖြစ်လာမည့် အနာဂတ်များကို ဆက်လက်ပြောနေလေတော့သတည်း နောက်ရက်တွင်မစ္စတာကိုင်ရိုသည်

ဘားမားနိုင်ငံမှ ကိုးကွယ်သော ဘာသာအားလေ့လာ ကြည့်ရာ ထိုဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်မှန်းသိလေသည် သူ၏ဟောကိန်းအရ ၂၁ ရာစုအလယ် (၂၀၅၀)တွင် ဘားမား သမ္မတဖြစ်လာမည့် သူအားအမည်ပေးခဲ့လေသည် ထိုအမည်ကား” ဘုရားရှင် ၏ စစ်မှန်တရားအား ကောင်းကျိုးပြုသောမင်း”(မြန်မာအခေါ် ဗုဒ္ဓရာဇာ )ဖြစ်လေတော့သည်

(ကိုင်ရိုဟောကိန်းများထဲမှ ကူးယူဖော်ပြသည်)Crd