
Zawgyi






Credit

Unicode

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးမယ့် လင်းလင်း

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့အပြင်ပြည်သူအများစုရဲ့ ရင်ဘတ်ချင်းနီးစပ်တယ်ဆိုတာကိုအလုပ်နဲ့သက်သေပြခဲ့ကြပြန်ပါပြီနော်ဒီညနေမှာဘဲ နေပြည်တော်ဝန်းကျင်မှCivil Disobedience Movement မှာပါဝင်လို့နေစရာ၊စားစရာအခက်အခဲများရှိလာနိုင်ချေရှိတဲ့ပြည်သူ့

ဝန်ထမ်းအချို့နဲ့အဆက်အသွယ်ရပါတယ်။ ရှိခဲ့ရင်လဲအဆင်သင့်ဖြစ်အောင်ကျနော်တို့ ပြင်ဆင်နေပါတယ်။တစ်လက်စထဲမန္တလေးအတွက်လဲ ပြင်ဆင်ဖြစ်ပါတယ်။ We support Heroes page ရဲ့မက်စေ့ကိုသာရအောင်ဆက်သွယ်ပေးပါခင်မျာ။အမျိုးသား၊အမျိုးသမီးခွဲ၍နေရေး/စားရေးအဆင်ပြေအောင်ကျွန်တော်တို့အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးပါ့မယ်။

အလှူငွေများ(ငွေကြေး)များကိုတော့(လုံးဝ)လက်မခံသေးပါ။ကျနော်တို့အိမ်တွေ၊အခန်းတွေငှါးရင်သာဈေးလျှော့ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။သို့သော်စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့အခန်းလွတ်အိမ်ခြံများ၊တိုက်ခန်းများလအကန့်အသတ်ဖြင့်ပေးသုံးမယ်လှူကြမယ်ဆိုရင်တော့ဝမ်းသာစွာလက်ခံပါမယ်ခင်ဗျာအလှူလဲခံပါတယ်။

ကိုယ်ထူကိုယ်ထလုပ်ကြမယ်ဆိုရင်လဲကျနော်တို့ ပါဝင်ဖို့အသင့်ပါခင်ဗျာ။ Civil Disobedience Movementမှာမတရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအားနိုင်ငံရေး၊စီးပွားရေး၊ အနုပညာရေးအလွှာစုံမှပြည်သူများကကူညီစောင့်ရှောက်ကြပါစို့ဒီခရီးညီကြမယ် ဒီပန်းတိုင်မြဲရမယ် ညီစေမြဲစေပြည်သူတွေ

Credit