Sat. Jan 22nd, 2022

Zawgyi




Credit

Unicode

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ရောက်ရှိ နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေက နေထိုင်ရာ နိုင်ငံအသီးသီးမှာ ဆန္ဒထုတ်ဖော် နေ ကြတာဖြစ်ပါတယ်။အဲလိုဆန္ဒထုတ်ဖော်ပြသတဲ့နေရာမှာတော့ အနုပညာရှင်တစ်ဦးဖြစ်တဲ့မော်ဒယ် ယွန်းဝတီ လွင်မိုးလည်း ပါဝင်နေခဲ့ တာဖြစ်ပါတယ်။သူမကတော့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။သြစတြေးလျနိုင်ငံ၊

မဲလ်ဘုန်းမြို့မှာ ရှိတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူ မော်ဒယ် ယွန်းဝတီလွင်မိုးကလည်း “ ငါတို့ရဲ့ အနာဂတ်အတွက် အတူတကွ တိုက်ပွဲဝင်နေပါတယ်” လို့ ဆိုပြီး ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်တချို့ကို မျှဝေပေးထား တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ အနုပညာရှင်တွေတချို့ကလည်း ပြည်သူပြည်သား တွေနဲ့အတူ၊ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်တွေကလည်း ဆိုရှယ်မီဒီယာထက်မှာ ပြန့်နှံ့နေပြီသားဖြစ်ပါတယ်။

Credit