Zawgyi
Source : Onee
Unicode
ဂီတလောကမှာ မသိသူမရှိလောက်အောင်ကို အောင်မြင်ကျော်ကြားနေတဲ့R ဇာနည်ကတော့ ပရိသတ်တွေ သည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ် ။ ကလေးသုံးယောက်ရဲ့ဖခင်လည်းဖြစ်တဲ့ R ဇာနည်က ချစ်ဇနီးချောလေး ဝမ်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။
သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ အရမ်းကိုပြီးပြည့်စုံနေပြီဖြစ်တဲ့ R ဇာနည်တို့မိသားစုလေးကို အများကပါ အားကျနေရတာပဲ ဖြစ်ပါတယ် ။R ဇာနည်တို့ဇနီးမောင်နှံကတော့အိမ်ထောင်သက်တမ်း (၁၇) နှစ်ကျော်တိုင်အောင် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိရှိနဲ့ လက်တွဲခဲ့ကြတာ ဖြစ်ပါတယ် ။အခုလည်း R ဇာနည်ရဲ့ချစ်ဇနီးလေး ဝမ်းက “ကလေးသုံးယောက်အမေ
အိမ်ရှင်မလည်းတိုင်းပြည်အတွက် တာဝန်ကျေချင်တယ်” ဆိုပြီး ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာမျှဝေလိုက်တာပဲဖြစ်ပါတယ်။ ဝမ်းကတော့ အခုလိုအခြေအနေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ဝမ်းက သူမရဲ့ကလေးတွေဖြစ်တဲ့ ဖစ်ဖစ်၊ချစ်ချစ်နဲ့မစ်မစ်လေးတို့ကိုပါခေါ်ပြီး နိုင်ငံအတွက်
တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လိုက်တာ ဖြစ်ပါတယ် ။ မေမေနဲ့အတူ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ ချစ်ချစ်တုန်တို့မောင်နှမသုံးယောက်ကိုကြည့်ပြီး ပရိသတ်တွေပါ အချစ်ပိုခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ တိုင်းပြည်အတွက် တာဝန်ကျေပွန်ချင်တာကြောင့် ကလေးသုံးယောက်ပါခေါ်ပြီး လမ်းပေါ်ထွက်ကာ ရပ်တည်ခဲ့တဲ့ R ဇာနည်ရဲ့ချစ်ဇနီးလေး ဝမ်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Onee