Sat. Jan 22nd, 2022
Zawgyi
Unicode
ရာထူးတိုးပြီး ပြောင်းရွှေ့လာကြတဲ့ အမျိုးသမီးပါမောက္ခ (၃)ဦးရဲ့ ကံကြမ္မာဆိုး ” ကျိုင်းတုံမိုင်းခုတ်လမ်းတွင် ရေပူစမ်းသို့ သွားရောက်ရာမှ ပြန်လာသည့် ကားတစ်စီး ဇန်နဝါရီလ ၃၁ ရက်၊ နေ့လယ်ပိုင်းက ဘရိတ်ပေါက်ကာတိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါဆရာမ ၃ ဦး ကွယ်လွန်သွားကြောင်း သိရသည်။ ကျိုင်းတုံမြို့မှ မိုင်းခုတ်ဘက်သို့သွားသည့် လမ်းပေါ်တွင် ရေပူစမ်းသို့ သွားရောက် လည်ပတ်ရာမှ အပြန်၌ မော်တော်ယာဉ်
ဘရိတ်ပေါက်ကာလမ်းဘေး သစ်ပင်သို့ ဝင်တိုက်ကာ တိမ်း​မှာက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ၁၀ ဦးအနက်ဆ ရာမ၃ ဦး ကွယ်လွန်ရခြင်း ဖြစ်ဘကြောင်း သိရသည်။ တိုင်းနေနာရေးအသင်းယာဉ်နဲ့အတူ အားလုံးကိုဆေးရုံသယ် ဆောင်ပေးပါတယ်၊ ရေပူစမ်း အပြန်ပေါ့၊ ဘရိတ်ပေါက်တာ။ ဟု အခင်း ဖြစ်ရပ်သို့သွားရောက်ကူညီခဲ့သူကျိုင်းတုံမြို့နယ်ကြက်ခြေနီ
တပ်ဖွဲ့ မှူး ဦးရန်နိုင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။ အဆိုပါမော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာ ခင်မင်းမင်းထွန်း၊ ဒေါက်တာ လဲ့လဲ့ခိုင်၊ဒေါက်တာ လဲ့လဲ့စိုး တို့ သေဆုံးခဲ့ရကာကျန်သူများမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
KBZTai Shan News MinZawMin