Zawgyi

လုပ္ၾကည့္ၾကပါ ။စားဝတ္ေနေရး ေျပလည္ေစဖို႔ တပိုင္တႏိုင္ ေတာင္ပို႔မႈိေဖာက္နည္းေလးကို တင္ျပေပးမွာျဖစ္ပါတယ္။ ဒီနည္းဟာ အလြယ္ကူဆုံးနဲ႔ကုန္က်စရိတ္ ဘာမွမရွိတာမို႔ ျမန္မာျပည္သူျပည္သားအားလုံး တပိုင္တစ္ႏိုင္ လုပ္ကိုင္ႏိုင္သလို ေျမဧက အနည္းငယ္ရွိသူေတြအတြက္လည္း စီးပြားျဖစ္ထုပ္လုပ္ေရာင္းခ်ႏိုင္ပါတယ္။

ယေန႔ မႈိတစ္ပိႆာေဈးဟာလည္းတေသာင္းေက်ာ္ေနတာမို႔ မက္ေလာက္စရာျဖစ္ပါတယ္။အေရးႀကီးတာက နည္းသိဖို႔ပါဘဲ။ သဘာဝနည္းျဖစ္တာေၾကာင့္ ဓာတုေဗဒေဆးဝါး ကင္းတာေၾကာင့္ စားသုံးသူမ်ားအႏၲရာယ္ မရွိ႐ုံသာမက အနံအရသာဟာလည္းသဘာဝမႈိကဲ့သို႔ စိမ့္ခ်ိဳေနေစမွာပါ။ လုပ္နည္းမွာ ပါဝင္ပစၥည္း ၃မ်ိဳးသာရွိၿပီးမိမိပတ္ဝန္းက်င္မွာ အလြယ္တကူ ရွာေဖြရလြယ္ပါတယ္။

၁။ ျခေတာင္ပို႔ အတြင္းပိုင္းမွ ေျမသား၂၀သားခန႔္။

၂။ ထမင္းျဖဴ ၆၅ က်ပ္သား( တစ္ကီလို)

၃။ ေရ၂လီတာ(ေရသန႔္ဗူး၂ဘူး) တို႔ဘဲ ျဖစ္ပါတယ္။

ပထမဦးစြာေတာင္ပို႔ေျမနဲ႔ ထမင္းျဖဴတို႔ကို ဇလုံတစ္ခုထဲ မွာေရာထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။ ထို႔ေနာက္ ေရကိုဖ်န္းလိုက္ ေမႊလိုက္ျဖင့္ေရသန႔္၂ဘူးစာ ကုန္တဲ့အထိေမႊေပးရပါမယ္။ ၿပီးေနာက္ ထိုဇလုံကို ေနေရာင္ျခည္ တိုက္႐ိုက္မက်တဲ့ေနရာ မပူလြန္းမေအးလြန္းတဲ့ ေနရာမွာ ၇ ရက္ခန႔္ထားရပါမယ္။

ထိုအေတာအတြင္း ဇလုံကို ေ႐ႊ႕ေျပာင္းျခင္းမျပဳဘဲ ၿငိမ္သက္စြာ ထားရမွာပါ။ ၇ ရက္ေက်ာ္တဲ့အခါ ဇလုံရဲ႕ မ်က္ႏွာျပင္ေပၚမွာအျမဴပ္အဖတ္ ျဖဴျဖဴမဲမဲမ်ားတက္လာတာကို ေတြ႕ရပါမယ္။ အဲဒါဟာ မႈိေဖာက္ဖို႔ က်ဴလႅင္စီေတြဘဲ ျဖစ္ပါတယ္။ (တနည္းအားျဖင့္ မႈိမ်ိဳးေစ့ေတြဘဲ ျဖစ္ပါတယ္)ထိုမႈိမ်ိဳးမ်ားအား

ခပ္ယူ၍အစိုဓာတ္ရွိေသာေျမေဆြးပုံ ေကာက္႐ိုးေဆြးပုံ သစ္ပင္ေအာက္ရွိ ေျမေဆြးေတြအေပၚ ႏွံစပ္ေအာင္ခ်ထားေပးၿပီး ထားရပါမယ္။ မႈိမ်ိဳးေစ့မ်ား ခ်ထားေသာေနရာအား ၇/၈ ရက္တစ္ႀကိမ္ေရစို႐ုံသာ ဖ်န္းေပး႐ုံျဖင့္အနံ႔အရသာႏွင့္ ျပည္စုံတဲ့ ေတာင္ပို႔မႈိ

တနည္း ေကာက္႐ိုးမႈိတို႔ကိုလြယ္ကူစြာ ခူးယူ စားသုံးႏိုင္ၿပီ ။ ပိုလွ်ံပါက ေရာင္းခ်၍ ဝင္ေငြတိုးေစမွာပါ။အိမ္တြင္း၊ တိုက္ခန္း၊ ကြန္ဒိုေနသူမ်ားအဖို႔ ပန္းအိုးမ်ားအတြင္း ေျမေဆြးထည့္၍ စိုက္ပ်ိဳးႏိုင္ပါတယ္။ အကယ္၍ က်ဴလင္စီမ်ား ပိုလွ်ံေနပါက ၎ ေရသန႔္ဘူးတစ္ဗူးစာကိုေရသန႔္ဗူး ၁၀

ဗူးနဲ႔ေရာၿပီးအပင္မ်ားေပၚ ဖ်န္းေပးျခင္းျဖင့္ ၎မႈိမ်ိဴးေစ့ ခ်ထားေသာ ေနရာမ်ားအား ပက္ဖ်န္းျခင္းျဖင့္ အပင္မ်ားကိုရွင္သန္ႀကီးထြားေစေသာ ေျမဩဇာကဲသို႔အသုံးျပဳႏိုင္ပါသည္။ စားဝတ္ေနေရး ေျပလည္ေစႏိုင္ပါမည္။

ျပန္လည္မွ်ေဝပါသည္။ (crd)

Unicode

လုပ်ကြည့်ကြပါ ။စားဝတ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှိုဖောက်နည်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်ပါတယ်။

ယနေ့ မှိုတစ်ပိဿာဈေးဟာလည်းတသောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝနည်းဖြစ်တာကြောင့် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများအန္တရာယ် မရှိရုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။ လုပ်နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား၂၀သားခန့်။

၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ်ကီလို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။

ပထမဦးစွာတောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့်ရေသန့်၂ဘူးစာ ကုန်တဲ့အထိမွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။

ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာအမြူပ်အဖတ် ဖြူဖြူမဲမဲများတက်လာတာကို တွေ့ရပါမယ်။ အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအား ခပ်ယူ၍အစိုဓာတ်ရှိသောမြေဆွေးပုံ ကောက်ရိုးဆွေးပုံ

သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။ မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကိုလွယ်ကူစွာ ခူးယူ စားသုံးနိုင်ပြီ ။ ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း

မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ၎င်း ရေသန့်ဘူးတစ်ဗူးစာကိုရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီးအပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များကိုရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။ စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

ပြန်လည်မျှဝေပါသည်။ (crd)