Zawgyi
creditPhoto:
Unicode
တပည့်မရှားတပြားမရှိ ပီတိကိုစားအားရှိပါသည်လို့ ဆိုတဲ့ဆရာတို့ ဆရာမတို့ရေ နိုင်ငံအတွက် ဘာပဲလိုလို အပိုအလုပ်ချိန်ကြေးမရ ဘာအခွင့်ထူးမှ ခံစားခွင့်မရပေမယ့် ဘာပွဲဟေ့ဆို လုပ်ရပြန်ပြီ ဘာစစ်တမ်းဟေ့ဆိုကောက်ရပြန်ပြီနဲ့ပြည်သူ့ဝန်ကိုကိုယ်စရိတ်ကိုယ်စားကိုယ်အခက်အခဲကိုယ်ရှင်းပြီးလုပ်ပေးရတာဆရာတို့ဆရာမတို့ပါပဲ။ဆရာ/ဆရာမမျိုးရိုးကဆင်းသက်လာသူမို့လက်တွေ့မြေပြင်ကသာမန်ဆရာ/ဆရာမတို့ရဲ့ဘဝကိုအထင်းသားသိမြင်ပါတယ်။
အခုလတ်တလောပြီးထားတဲ့ရွေးကောက်ပွဲအတွက်ဆိုလည်းတတပ်တအားမဲရုံစောင့်မဲရေတွက်တဲ့ကိစ္စတွေအပင်ပန်းအဆင်းရဲခံပြီးပြည်သူ့ဝန်ထမ်းခဲ့ကြတယ်နော်။လေးစားရပါတယ်ဆရာတို့ဆရာမတို့ရယ်။ဒါမယ့်စစ်အာဏာသိမ်းသူတွေကတော့ဆရာတို့ဆရာမတို့ကိုအရေးထားလေးစားလိမ့်မယ်မမျှော်လင့်ပါနဲ့။ဘယ်တုန်းကမှလည်းရာဇဝင်မရှိခဲ့ပါဘူး။🚨ပိုရင်နာစရာကောင်းတာကနေပြည်တော်၌မဲရုံစောင့်ဆရာ/ဆရာမတို့အားအတင်းအကျပ်
မဲမသမာမှုရှိပါတယ်မဲခိုးမှုရှိပါတယ်လို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါတယ်။တိကျတဲ့သတင်းပါ။🚨‼️အဲ့ဒိတော့ကျနော်တို့တတွေလမ်းပေါ်ထွက်တဲ့သူကထွက်၊ CDMဝင်တဲ့သူကဝင်နဲ့စွန့်စားနေချိန်ဆရာ/ဆရာမတို့လည်းရဲဆေးတင်ပြီးလက်မှတ်မထိုးကြပါနဲ့။‼️ ကိုယ်မလုပ်တဲ့ကိစ္စတာဝန်မယူပါနဲ့‼️ ကိုယ့်တိုင်းပြည်ကိုချောက်ထဲဆွဲချတဲ့လက်ဟာကိုယ့်လက်မဖြစ်ပါစေနဲ့‼️ ကိုယ့်သားသမီးတပည့်လေးတွေရဲ့ အနာဂါတ်ကိုအမှောင်ချတဲ့ကိစ္စ
ကိုယ့်ကြောင့်အတည်မဖြစ်ပါစေနဲ့‼️ အဓမ္မကိုအလေးသာဖို့ထည့်ပေးတဲ့အလေးဟာကိုယ့်ကြောင့်မဖြစ်ပါစေနဲ့လို့တောင်းပန်ပါရစေ။ ဒီလိုအတင်းအကျပ်စေခိုင်းမှုကို ရှောင်ဖို့ ၁) အလုပ်မသွားပါနဲ့ CDMအတွက်တောင်အားဖြစ်ပါသေးတယ်။ ၂)ဆက်သွယ်လို့ရမယ့်ဖုန်းတွေအကုန်ပိတ်ထားပါ။ ၃)အိမ်ကိုဘယ်သူလာလာတံခါးမဖွင့်ပေးပါနဲ့ (ဒါမှမဟုတ်)တနေရာရာရှောင်နေပါ။ အားလုံးညီညီညာညာတွန်းလှန်ကြရမယ့်အချိန်ရောက်ပါပြီ။
creditPhoto: