Unicode

စစ္အစိုးရကို သံပုံးတီးၿပီး ဆန႔္က်င္ကန႔္ကြက္တဲ့ အၾကမ္းမဖက္ လူထုလႈပ္ရွားမႈမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့တယ္လို႔ ေနအိမ္ အက်ယ္ခ်ဳပ္က်ေနရတဲ့ အာဏာအသိမ္းခံ အရပ္သားအစိုးရရဲ႕ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ေျပာပါတယ္။ “ျပည္သူေတြကိုေျပာခ်င္တာ ညက ျပည္သူေတြ တီးလိုက္တဲ့ဒီအသံဟာ

က်မတို႔က အက်ယ္ခ်ဳပ္နဲ႔ ေနေနရတာပါ။ က်မက လုပ္ေပးႏိုင္တဲ့အတိုင္းအတာ ဘာရွိလဲဆိုေတာ့ အခုျပည္သူေတြကို က်မကေလ ျပန္ၿပီးေတာ့ အားေပးတာပါ။ ျပည္သူမ်ားက ေပးလိုက္တဲ့ အသံေတြဟာ မေန႔ညက က်မကိုယ္တိုင္လည္း တီးတယ္။ ၾကားရေတာ့ က်မေလ တကယ္ပဲ အားရွိတယ္။ ဘာလို႔လဲဆိုေတာ့ အသံဟာ က်မအိမ္ဟာ

အစိုးရဝန္ထမ္းဝင္းထဲမွာပါ။ ရပ္ကြက္နဲ႔ေတာ္ေတာ္ေဝးပါတယ္။ အဲဒီအသံေတြဟာ ဟိန္းၿပီးေတာ့ က်မအိမ္ထိ ေရာက္လာတယ္။ က်မ ဘယ္လိုမွ မေနႏိုင္ဘူး။ ေဘးနားမွာရွိတဲ့ေရပုံးနဲ႔ တီးပစ္လိုက္တာ။ ဘုရားေသာက္ေတာ္ေရဘူးလည္း ကြဲေရာ။ အဲလို စိတ္ထဲမွာခြန္အားေတြျဖစ္တယ္” လို႔ ေျပာပါတယ္။ ဖမ္းဆီးခံေနရခ်ိန္မွာ

အခုလိုမ်ိဳး ခြန္အားေတြေပးတဲ့ ျပည္သူလူထုကို အရမ္း ေက်းဇူးတင္တယ္လို႔လည္း ေဒၚနန္းခင္ေထြးျမင့္က ေျပာပါတယ္။“က်မလို အက်ယ္ခ်ဳပ္က်ေနသူ အကုန္လုံးအတြက္လည္း ေက်းဇူးတင္တယ္။ သူတို႔ကိုယ္စားလည္း ေျပာေပးလိုက္မယ္။ က်မ လုပ္ေပးႏိုင္တဲ့ဟာ ဘာရွိေသးလဲ။ ျပည္သူကို က်မ တကယ္ပဲ အထူးေက်းဇူးတင္တယ္လို႔ေနာ္။ ေနာက္ သူတို႔ျပတဲ့

က်မတို႔အဖြဲ႕အစည္းေတြ ဝန္ထမ္းေတြ ဌာနဆိုင္ရာေတြရဲ႕ပုံေတြလည္း ေတြ႕ရတဲ့အခါက်ေတာ့ မထင္မွတ္ဘဲနဲ႔ က်မတို႔ကေတာင္မွ ျပည္သူကေ႐ြးေပးထားတဲ့လူေတြ က်မတို႔မွာ အမွန္တကယ္ တာဝန္ရွိတဲ့လူေတြထက္ေတာင္မွ ျပည္သူေတြက က်မတို႔ေပၚမွာ တာဝန္ေက်တာေတြက မ်ားေနတယ္လို႔ က်မ ခံစားရတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း အားမရဘူး။

ကိုယ္ဘာလုပ္ေပးရမလဲ ဆိုတာပဲ အၿမဲစိတ္ကူးေနပါတယ္။ ဒါေၾကာင့္မို႔ က်မ ျပည္သူေတြကို ေက်းဇူးတင္တယ္။”စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး လူထုလႈပ္ရွားမႈမွာ ပါဝင္တဲ့သူေတြကို ဖမ္းဆီးတာေတြရွိေနတဲ့အတြက္ ႏိုင္ငံတကာအေနနဲ႔ ျမန္မာျပည္သူေတြကို ကူညီေပးဖို႔လည္း ေဒၚနန္းခင္ေထြးျမင့္က တိုက္တြန္းပါတယ္။

“ႏိုင္ငံတကာကိုလည္း က်မ ေျပာခ်င္တာကေတာ့ က်မတို႔ျပည္သူေတြကို မပစ္ထားပါနဲ႔။ က်မတို႔ျပည္သူေတြဟာ အင္မတန္မွ ဆင္းရဲပင္ပန္းေနပါၿပီ။ သူတို႔ကလည္း ဆင္းရဲတဲ့လူေတြကိုမွ ဖမ္းၿပီးေတာ့ ပိုၿပီးေတာ့ ႏွိပ္စက္တယ္။ ဘာလို႔လဲဆို ဆင္းရဲတဲ့လူက ဝန္းရံတဲ့လူ နည္းတယ္ေလ မဟုတ္လား။ အဲဒီေတာ့ မိသားစုမရွိလို႔

လမ္းေဘးမွာ ကြမ္းယာေရာင္းေနတဲ့လူေတြ အေျခအေနမဲ့ေနတဲ့ လူေတြကို ပိုၿပီးေတာ့ ထုလိုက္ေထာင္းလိုက္ လုပ္ၾကတာေပါ့ေနာ္။ အဲဒီေတာ့ က်မထင္တယ္။ က်မတို႔ ျပည္သူႀကီးကလို႔ ဒီလိုပဲ ဆက္ၿပီးေတာ့ က်မတို႔ကို အားေပးပါ။ ဒိထက္ ဒိထက္ပိုၿပီးေတာ့ က်မတို႔ဟာ ဟိုးမိုးထိၾကားရေအာင္ တကမာၻလုံးထိ

ၾကားႏိုင္တဲ့အထိကို တီးၿပီးေတာ့ အားေပးပါဦးလို႔ က်မေမတၱာရပ္ခံလိုပါတယ္။ လူထုႀကီးကို က်မ ေက်းဇူးအထူးပဲ တင္ပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာကို သိမ္းယူၿပီး သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ အပါအဝင္ အစိုးရအဖြဲ႕

ထိပ္တန္းတာဝန္ရွိသူေတြကို စစ္တပ္က ဖမ္းဆီး ထိမ္းသိမ္းခဲ့ပါတယ္။ ေနာက္တစ္ေန႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာေတာ့ ေဒၚနန္းခင္ေထြးျမင့္ အပါအဝင္ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ တခ်ိဳ႕ကို ျပန္လႊတ္ေပးၿပီး ေနအိမ္အက်ယ္ခ်ဳပ္ ဆက္ခ်ထား တာျဖစ္ပါတယ္။ Credit – DVB

Zawgyi

စစ်အစိုးရကို သံပုံးတီးပြီး ဆန့်ကျင်ကန့်ကွက်တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ နေအိမ် အကျယ်ချုပ်ကျနေရတဲ့ အာဏာအသိမ်းခံ အရပ်သားအစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ “ပြည်သူတွေကိုပြောချင်တာ ညက ပြည်သူတွေ တီးလိုက်တဲ့ဒီအသံဟာ

ကျမတို့က အကျယ်ချုပ်နဲ့ နေနေရတာပါ။ ကျမက လုပ်ပေးနိုင်တဲ့အတိုင်းအတာ ဘာရှိလဲဆိုတော့ အခုပြည်သူတွေကို ကျမကလေ ပြန်ပြီးတော့ အားပေးတာပါ။ ပြည်သူများက ပေးလိုက်တဲ့ အသံတွေဟာ မနေ့ညက ကျမကိုယ်တိုင်လည်း တီးတယ်။ ကြားရတော့ ကျမလေ တကယ်ပဲ အားရှိတယ်။ ဘာလို့လဲဆိုတော့ အသံဟာ ကျမအိမ်ဟာ

အစိုးရဝန်ထမ်းဝင်းထဲမှာပါ။ ရပ်ကွက်နဲ့တော်တော်ဝေးပါတယ်။ အဲဒီအသံတွေဟာ ဟိန်းပြီးတော့ ကျမအိမ်ထိ ရောက်လာတယ်။ ကျမ ဘယ်လိုမှ မနေနိုင်ဘူး။ ဘေးနားမှာရှိတဲ့ရေပုံးနဲ့ တီးပစ်လိုက်တာ။ ဘုရားသောက်တော်ရေဘူးလည်း ကွဲရော။ အဲလို စိတ်ထဲမှာခွန်အားတွေဖြစ်တယ်” လို့ ပြောပါတယ်။ ဖမ်းဆီးခံနေရချိန်မှာ အခုလိုမျိုး

ခွန်အားတွေပေးတဲ့ ပြည်သူလူထုကို အရမ်း ကျေးဇူးတင်တယ်လို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။“ကျမလို အကျယ်ချုပ်ကျနေသူ အကုန်လုံးအတွက်လည်း ကျေးဇူးတင်တယ်။ သူတို့ကိုယ်စားလည်း ပြောပေးလိုက်မယ်။ ကျမ လုပ်ပေးနိုင်တဲ့ဟာ ဘာရှိသေးလဲ။ ပြည်သူကို ကျမ တကယ်ပဲ အထူးကျေးဇူးတင်တယ်လို့နော်။

နောက် သူတို့ပြတဲ့ ကျမတို့အဖွဲ့အစည်းတွေ ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေရဲ့ပုံတွေလည်း တွေ့ရတဲ့အခါကျတော့ မထင်မှတ်ဘဲနဲ့ ကျမတို့ကတောင်မှ ပြည်သူကရွေးပေးထားတဲ့လူတွေ ကျမတို့မှာ အမှန်တကယ် တာဝန်ရှိတဲ့လူတွေထက်တောင်မှ ပြည်သူတွေက ကျမတို့ပေါ်မှာ တာဝန်ကျေတာတွေက များနေတယ်လို့ ကျမ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။

ကိုယ်ဘာလုပ်ပေးရမလဲ ဆိုတာပဲ အမြဲစိတ်ကူးနေပါတယ်။ ဒါကြောင့်မို့ ကျမ ပြည်သူတွေကို ကျေးဇူးတင်တယ်။”စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးတာတွေရှိနေတဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့လည်း ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းပါတယ်။ “နိုင်ငံတကာကိုလည်း ကျမ ပြောချင်တာကတော့

ကျမတို့ပြည်သူတွေကို မပစ်ထားပါနဲ့။ ကျမတို့ပြည်သူတွေဟာ အင်မတန်မှ ဆင်းရဲပင်ပန်းနေပါပြီ။ သူတို့ကလည်း ဆင်းရဲတဲ့လူတွေကိုမှ ဖမ်းပြီးတော့ ပိုပြီးတော့ နှိပ်စက်တယ်။ ဘာလို့လဲဆို ဆင်းရဲတဲ့လူက ဝန်းရံတဲ့လူ နည်းတယ်လေ မဟုတ်လား။ အဲဒီတော့ မိသားစုမရှိလို့ လမ်းဘေးမှာ ကွမ်းယာရောင်းနေတဲ့လူတွေ အခြေအနေမဲ့နေတဲ့ လူတွေကို ပိုပြီးတော့ ထုလိုက်ထောင်းလိုက်

လုပ်ကြတာပေါ့နော်။ အဲဒီတော့ ကျမထင်တယ်။ ကျမတို့ ပြည်သူကြီးကလို့ ဒီလိုပဲ ဆက်ပြီးတော့ ကျမတို့ကို အားပေးပါ။ ဒိထက် ဒိထက်ပိုပြီးတော့ ကျမတို့ဟာ ဟိုးမိုးထိကြားရအောင် တကမ္ဘာလုံးထိ ကြားနိုင်တဲ့အထိကို တီးပြီးတော့ အားပေးပါဦးလို့ ကျမမေတ္တာရပ်ခံလိုပါတယ်။ လူထုကြီးကို ကျမ ကျေးဇူးအထူးပဲ တင်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က

နိုင်ငံတော်အာဏာကို သိမ်းယူပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို စစ်တပ်က ဖမ်းဆီး ထိမ်းသိမ်းခဲ့ပါတယ်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ဆက်ချထား တာဖြစ်ပါတယ်။ Credit – DVB