အိမ်ရှင်များအတွက် အကြော်စုံ ကြော်နည်း နှင့် အချဉ်ဖျော်နည်း လျှို့ဝှက်ချက်

Zawgyi




Credit

Unicode

အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ်ဆိုတဲ့အိမ်ရှင်မတို့အတွက် အချဉ်ဖျော်နည်း နဲ့ အကြော်ကြော်နည်း လျို့ဝှက်ချက်လေး ဝေမျှပေးလိုက်ပါတယ်နော်အကြော်စုံ လေး ကြော်စားကြပါနော် ဘူးသီးကြော် ကြက်သွန်ကြော် ရွှေဖရုံသီးကြော် မြင်းခွာရွက်ကြော်ပြောင်းဖူးကြော် ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံတွေ အသုံးပြုချင်လဲ ရပါတယ်ရှင်

အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ ကောက်ညှင်း ၁ဇွန်းရွှေကြည် ၁ ဇွန်း ပဲအစိမ်းမှုန့် ၂ဇွန်း နနွင်း အနည်းငယ် ကြက်သားမှုန့် အနည်းငယ် ကြက်ဥ အကာ ၁ ဇွန်းကိုရေနဲ့ မပျစ်မကျဲ ဖျော်တာပါစမ်းပြီးလုပ်ကြည့်တာ တော်တော်ကြာတဲ့အထိ မပျော့သွားပါဘူး။ ဇွန်းက စတီးချိုင့် အသေးမှာထည့်လို့ရတဲ့ ကလေးထမင်းစားဇွန်း အသေးပါ။အချဉ်ကတော့

မန်းကျည်သီးကိုရေစိမ် အနှစ်တိုက် ကြက်သွန်ဖြူ ၆မွှာ ငရုတ်သီးစိမ်း ၂တောင့် ငံပြာရည် ၁ဇွန်း သကြား ၁ဇွန်း ရွက်လှေတံဆိပ်ငရုတ်ဆီ ၁ဇွန်းorigano tamarind sauce ၂ဇွန်း ပဲအကျက်မှုန့် ၁ဇွန်း ရောမွှေပြီး နံနံပင် ၄ ပင်နုတ်နုတ်စင်းထည့်ပါ။ ရွှေလိပ်ပြာနဲ့ မကြော်ချင်ရင်ဆန် ၂ ဆ ကောက်ညှင်း ၁ဆ ရွှေကြည် ၁ ဆ ပဲမှုန့် ၁ ဆနဲ့ဖျော်ပါ။

Credit