Zawgyi

အသက္ရွည္က်န္းမာေသာ ဘဝပိုင္ဆိုင္ႏိုင္ေရး အစားအေသာက္ ကို က်န္းမာေရးႏွင့္အညီ ေကာင္းမြန္စြာစားေသာက္ရန္ အေရးႀကီး သည္။ ကမာၻေပၚတြင္ သက္တမ္းအရွည္ဆုံး ႏိုင္ငံမ်ားစာရင္း၌ မိုနာကို၊ ဂ်ပန္ႏွင့္ စင္ကာပူတို႔က ထိပ္ဆုံး၌ ရွိေနသည္။ က်န္းမာေပ်ာ္႐ႊင္ေသာ ဘဝအတြက္ ေ႐ြးခ်ယ္စားေသာက္ရ မည့္ အေကာင္းဆုံးအစားအစာမ်ားကို ေဖာ္ျပလိုက္ပါသည္။

လတ္ဆတ္ေသာ ပဲပိစပ္သည္ အာဟာရဓာတ္ ႂကြယ္ဝစြာ ပါ ဝင္ၿပီး ခႏၶာကိုယ္ေရာင္ရမ္းမႈကို တိုက္ဖ်က္ေပးေသာ ဓာတ္တိုးဆန႔္ က်င္ပစၥည္းမ်ား၊ ကင္ဆာေရာဂါကို ကာကြယ္ေပးသည့္ပစၥည္းမ်ား ႏွင့္ ပိုးမႊားမ်ားကာကြယ္ေပးႏိုင္ေသာ ဓာတ္ပစၥည္းမ်ားပါဝင္သည္။ ပဲပိစပ္သည္ ခႏၶာကိုယ္ေရာင္ရမ္းမႈကို ထိန္းညႇိေပးၿပီး အိုမင္း မႈကို ေႏွးေကြးေစကာ အခ်ိဳ႕ေသာ

ကင္ဆာေရာဂါမ်ားကို ကာကြယ္ ေပးသည္။သတၱဳဓာတ္မ်ား ႂကြယ္ဝစြာပါဝင္သည့္ တိုဟူးစားသုံးေပးျခင္း ျဖင့္ သြားႏွင့္ အ႐ိုးမ်ားကို အားေကာင္းေစႏိုင္သည္။ တိုဟူးတြင္ ကယ္လ္ဆီယမ္၊ သံဓာတ္၊ မဂၢနီဆီယမ္၊ ဆီလီနီယမ္၊ သြပ္ဓာတ္ႏွင့္ ေၾကးနီဓာတ္တို႔ ပါဝင္သည္။ တိုဟူးစားျခင္းျဖင့္ ဆာေလာင္မြတ္ သိပ္မႈကို ထိန္းခ်ဳပ္ႏိုင္ကာ

အစားပိုမစားမိေစရန္ ကာကြယ္ေပး သည္။ အာဟာရဓာတ္မ်ားႏွင့္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား ပါဝင္ ေသာ မုန္လာဥနီသည္ အသက္အ႐ြယ္အိုမင္းျခင္းကို ကာကြယ္ေပးႏိုင္သည့္ ဓာတ္ပစၥည္းမ်ားပါဝင္ၿပီး အသက္အ႐ြယ္ေၾကာင့္ျဖစ္ ေသာ အျမင္အာ႐ုံခ်ိဳ႕တဲ့မႈကို ကာကြယ္ေပးသည္။ ေဂၚဖီထုပ္၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီပန္းႏွင့္ ကိုက္လန္တို႔ကဲ့့သို႔ ေသာ

အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္မ်ားတြင္ က်န္းမာေရးကို အ ေထာက္အကူျပဳေသာ ဓာတ္ပစၥည္းမ်ားစြာပါဝင္ၿပီး မွတ္ဉာဏ္ယုတ္ေလ်ာ့မႈကို ကာကြယ္ႏိုင္သည္။ ယင္းအစိမ္းေရာင္ရွိသည့္ ဟင္းသီးဟင္း႐ြက္မ်ား ပုံမွန္စားေပးျခင္းျဖင့္ ဦးေႏွာက္က်န္းမာေရး အေထာက္အကူျပဳႏိုင္သည္။ ထို႔အျပင္ ယင္းဟင္းသီးဟင္း႐ြက္မ်ားက

အဆီပိုမ်ား မျဖစ္ေစရန္ႏွင့္ ကိုယ္အေလးခ်ိန္ တက္မလာရန္ ကာကြယ္ေပးႏိုင္သည္။ အသားမ်ားစားျခင္းေၾကာင့္ (အထူးသျဖင့္)အနီေရာင္အသား ေၾကာင့္ က်န္းမာေရးေရရွည္ထိခိုက္ႏိုင္ၿပီး ေမြးျမဴေရးအသားမ်ား စားျခင္းေၾကာင့္လည္း အႏၲရာယ္ရွိႏိုင္သည္။ ယင္းအသားမ်ားအ စား အိုမီဂါ-၃

ဖက္တီးအက္စစ္ႂကြယ္ဝစြာ ပါဝင္သည့္ ဆယ္လ္မြန္ ငါးကို စားေပးသင့္သည္။ ဆယ္လ္မြန္ငါးတြင္ ပိုတက္ဆီယမ္၊ အာ ဟာရဓာတ္မ်ားႏွင့္ သတၱဳဓာတ္မ်ား ႂကြယ္ဝစြာပါဝင္သျဖင့္ မ်က္စိ က်န္းမာေရး၊ ဦးေႏွာက္က်န္းမာေရးတို႔အတြက္ အထူးေကာင္းမြန္ ေသာ အစားအစာျဖစ္သည္။ ေစ်းကြက္ထဲတြင္ ေမြးျမဴေရးႏွင့္ သ ဘာဝ ဆယ္လ္မြန္ငါးႏွစ္မ်ိဳးစလုံး ရရွိႏိုင္ေသာ္လည္း

သဘာဝ ဆယ္လ္မြန္ငါးတြင္ အာဟာရဓာတ္ပိုမိုပါဝင္သည္။ လိေမၼာ္သီး၊ စပ်စ္သီး၊ သံပရာသီး၊ ေရွာက္သီး၊ တ႐ုတ္ဆီးသီး ႏွင့္ မန္က်ည္းသီးတို႔ကဲ့သို႔ အသီးမ်ားတြင္ ဆိုက္ထရပ္စ္အက္စစ္ ႂကြယ္ဝစြာ ပါဝင္သျဖင့္ က်န္းမာေရးအတြက္ စားသုံးသင့္သည္။ ယင္းအသီးမ်ားတြင္ အမွ်င္ဓာတ္၊ သၾကားဓာတ္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ ဗီတာမင္ဘီ၊ မဂၢနီဆီယမ္၊ ေၾကးနီဓာတ္ႏွင့္ အျခားအာဟာရဓာတ္မ်ား ပါဝင္သည္။

7Day News Journal

Unicode

အသက်ရှည်ကျန်းမာသော ဘဝပိုင်ဆိုင်နိုင်ရေး အစားအသောက် ကို ကျန်းမာရေးနှင့်အညီ ကောင်းမွန်စွာစားသောက်ရန် အရေးကြီး သည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး နိုင်ငံများစာရင်း၌ မိုနာကို၊ ဂျပန်နှင့် စင်ကာပူတို့က ထိပ်ဆုံး၌ ရှိနေသည်။ ကျန်းမာပျော်ရွှင်သော ဘဝအတွက် ရွေးချယ်စားသောက်ရ မည့် အကောင်းဆုံးအစားအစာများကို ဖော်ပြလိုက်ပါသည်။ လတ်ဆတ်သော ပဲပိစပ်သည်

အာဟာရဓာတ် ကြွယ်ဝစွာ ပါ ဝင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးသော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ၊ ကင်ဆာရောဂါကို ကာကွယ်ပေးသည့်ပစ္စည်းများ နှင့် ပိုးမွှားများကာကွယ်ပေးနိုင်သော ဓာတ်ပစ္စည်းများပါဝင်သည်။ ပဲပိစပ်သည် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ထိန်းညှိပေးပြီး အိုမင်း မှုကို နှေးကွေးစေကာ အချို့သော ကင်ဆာရောဂါများကို ကာကွယ် ပေးသည်။သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည့်

တိုဟူးစားသုံးပေးခြင်း ဖြင့် သွားနှင့် အရိုးများကို အားကောင်းစေနိုင်သည်။ တိုဟူးတွင် ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ သွပ်ဓာတ်နှင့် ကြေးနီဓာတ်တို့ ပါဝင်သည်။ တိုဟူးစားခြင်းဖြင့် ဆာလောင်မွတ် သိပ်မှုကို ထိန်းချုပ်နိုင်ကာ အစားပိုမစားမိစေရန် ကာကွယ်ပေး သည်။ အာဟာရဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင် သော မုန်လာဥနီသည် အသက်အရွယ်အိုမင်းခြင်းကို

ကာကွယ်ပေးနိုင်သည့် ဓာတ်ပစ္စည်းများပါဝင်ပြီး အသက်အရွယ်ကြောင့်ဖြစ် သော အမြင်အာရုံချို့တဲ့မှုကို ကာကွယ်ပေးသည်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းနှင့် ကိုက်လန်တို့ကဲ့့သို့ သော အစိမ်းရောင်ဟင်းသီးဟင်းရွက်များတွင် ကျန်းမာရေးကို အ ထောက်အကူပြုသော ဓာတ်ပစ္စည်းများစွာပါဝင်ပြီး မှတ်ဉာဏ်ယုတ်လျော့မှုကို ကာကွယ်နိုင်သည်။ ယင်းအစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်များ

ပုံမှန်စားပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေး အထောက်အကူပြုနိုင်သည်။ ထို့အပြင် ယင်းဟင်းသီးဟင်းရွက်များက အဆီပိုများ မဖြစ်စေရန်နှင့် ကိုယ်အလေးချိန် တက်မလာရန် ကာကွယ်ပေးနိုင်သည်။ အသားများစားခြင်းကြောင့် (အထူးသဖြင့်) အနီရောင်အသား ကြောင့် ကျန်းမာရေးရေရှည်ထိခိုက်နိုင်ပြီး မွေးမြူရေးအသားများ စားခြင်းကြောင့်လည်း အန္တရာယ်ရှိနိုင်သည်။ ယင်းအသားများအ စား

အိုမီဂါ-၃ ဖက်တီးအက်စစ်ကြွယ်ဝစွာ ပါဝင်သည့် ဆယ်လ်မွန် ငါးကို စားပေးသင့်သည်။ ဆယ်လ်မွန်ငါးတွင် ပိုတက်ဆီယမ်၊ အာ ဟာရဓာတ်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့် မျက်စိ ကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေးတို့အတွက် အထူးကောင်းမွန် သော အစားအစာဖြစ်သည်။ စျေးကွက်ထဲတွင် မွေးမြူရေးနှင့် သ ဘာဝ ဆယ်လ်မွန်ငါးနှစ်မျိုးစလုံး ရရှိနိုင်သော်လည်း သဘာဝ

ဆယ်လ်မွန်ငါးတွင် အာဟာရဓာတ်ပိုမိုပါဝင်သည်။ လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ ရှောက်သီး၊ တရုတ်ဆီးသီး နှင့် မန်ကျည်းသီးတို့ကဲ့သို့ အသီးများတွင် ဆိုက်ထရပ်စ်အက်စစ် ကြွယ်ဝစွာ ပါဝင်သဖြင့် ကျန်းမာရေးအတွက် စားသုံးသင့်သည်။ ယင်းအသီးများတွင် အမျှင်ဓာတ်၊ သကြားဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်နှင့် အခြားအာဟာရဓာတ်များ ပါဝင်သည်။

7Day News Journal