Zawgyi

အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္မ်ားႏွင့္ အညီ ေဆာင္႐ြက္ၿပီးစီးပါက ေ႐ြးေကာက္ပြဲကို က်င္းပေပးမွာျဖစ္ၿပီး အႏိုင္ရပါတီကို ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္းေပးသြားမည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာၾကား (႐ုပ္သံ)

အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္ေတြနဲ႔ အညီ ေဆာင္႐ြက္ၿပီးစီးပါက အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပေပးမွာျဖစ္ၿပီး အႏိုင္ရႏိုင္ငံေရးပါတီကို ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္းေပးသြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာၾကားပါတယ္။

အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ႏိုင္ငံေတာ္သမၼတအိမ္ေတာ္မွာ

ျပဳလုပ္ခဲ့ၿပီး အစည္းအေဝးကို ယာယီသမၼတ ဦးျမင့္ေဆြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ အမ်ိဳးသားလုံၿခဳံေရးႏွင့္ ကာကြယ္ေရးေကာင္စီအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ျမဝတီသတင္းဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အား ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲကို ကျင်းပပေးမှာဖြစ်ပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား (ရုပ်သံ) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေနဲ့

အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမှာဖြစ်ပြီး အနိုင်ရနိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားပါတယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့ပြီး

အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြဝတီသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အား ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။