Zawgyi

မဲစာရင္းေတြ စစ္ေဆးအတည္ျပဳတာအပါအဝင္ လိုအပ္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ ဖြဲ႕စည္ပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ပုဒ္မ ၄၁၈ ပုဒ္မခြဲ (က) အရ ႏိုင္ငံေတာ္ရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးအာဏာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ လႊဲအပ္တာဝန္ေပးလိုက္တယ္လို႔

ယာယီသမၼတ ဦးျမင့္ေဆြက ထုတ္ျပန္ေၾကညာပါတယ္။ ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနေၾကညာလိုက္တဲ့ အေၾကာင္း၊ အေရးေပၚအေျခအေန အက်ိဳးသက္ေရာက္တဲ့ နယ္ေျမဟာ ႏိုင္ငံတဝန္းျဖစ္ေၾကာင္းနဲ႔ အေရးေပၚ အေျခအေနကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ ဒီအမိန႔္ထုတ္ျပန္တဲ့ ေန႔ကေနစၿပီး

တစ္ႏွစ္ သတ္မွတ္တယ္လို႔လည္း ဆိုပါတယ္။ ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္က ဒီကေန႔ သိမ္းယူလိုက္တာျဖစ္ၿပီး အစိုးရ တာဝန္ရွိသူေတြကိုလည္း ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ႏိုင္ငံေတာ္သမၼတ႐ုံး ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာတင္ထားတဲ့ သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ ပုံေတြကိုလည္း ျဖဳတ္ခ်ထားလိုက္ပါတယ္။

Unicode

မဲစာရင်းတွေ စစ်ဆေးအတည်ပြုတာအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်တယ်လို့

ယာယီသမ္မတ ဦးမြင့်ဆွေက ထုတ်ပြန်ကြေညာပါတယ်။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ အကြောင်း၊ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့ နယ်မြေဟာ နိုင်ငံတဝန်းဖြစ်ကြောင်းနဲ့ အရေးပေါ် အခြေအနေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဒီအမိန့်ထုတ်ပြန်တဲ့ နေ့ကနေစပြီး တစ်နှစ် သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော်အာဏာကို တပ်မတော်က ဒီကနေ့ သိမ်းယူလိုက်တာဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ နိုင်ငံတော်သမ္မတရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတင်ထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေကိုလည်း ဖြုတ်ချထားလိုက်ပါတယ်။