G FATT ရဲ႕ အသံအတိုင္းတစ္ထပ္ တ ည္း ဆိုျပတဲ့ ေနတိုးရဲ႕စြမ္းရည္ကို အံ့ ၾသသေဘာၾကေနတဲ့ စိုင္းစိုင္း ခမ္း လႈိ င္ရဲ႕ ဗီဒီယိုေလး

Zawgyi

အႏုပညာေလာကရဲ႕ လွ်မ္းလွ်မ္းေတာက္ နာမည္ႀကီးသူေတြျဖစ္ၾကတဲ့ ေနတိုးနဲ႔ စိုင္းစိုင္းခမ္း လႈိင္ ကေတာ့ ေအာင္ျမင္မႈေတြကိုယ္စီ ရရွိပိုင္ဆိုင္ထားၾကသူေတြ ျဖစ္ပါတယ္။ ေနတိုးကလည္း ႐ုပ္ရွင္ေလာကမွာ အကယ္ဒမီဆုေတြမ်ားစြာ ရရွိထားတဲ့ မင္းသားတစ္လက္ျဖစ္သလို စိုင္းစိုင္းခမ္းလႈိွုင္

ကလည္း ဂီတေလာကမွာ မွတ္တိုင္ေတြမ်ားစြာ ရရွိပိုင္ဆိုင္ထားတဲ့ အဆို ေတာ္၊ မင္း သား တစ္လက္ပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္နဲ႔ ေနတိုးတို႔က ႐ုပ္ရွင္ဇာတ္ကားေတြ အခ်ိဳ႕မွာ အ တူတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ၾကၿပီး ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္အတြင္းကလည္း “ေကာင္ းကင္မရွိတဲ့ ၾကယ္”

႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အတူတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ၾကပါေသးတယ္။ မေန႔က ဇန္နဝါရီလ (၂၉) ရက္ေန႔မွာေတာ့ စိုင္းစိုင္းခမ္းလႈိင္နဲ႔ ေနတိုးတို႔က Samsung Galaxy S21 Series 5G Launch ပြဲကို အတူတူတက္ေရာက္ခဲ့ၾကပါတယ္။ ထိုပြဲမွာ ေနတိုးက သူ႔ရဲ႕ အ ရည္အခ်င္းတစ္ခုနဲ႔ G Fatt

အသံအတိုင္းတုပၿပီး သီခ်င္းဆိုျပခဲ့တာေၾကာင့္ စိုင္းစိုင္းခမ္းလႈိင္က ေနတိုးကို စေနာက္ခဲ့ရတာကို အခုလိုမ်ိဳးပဲ ေတြ႕ရ ပါတယ္။ ပရိသတ္ႀကီးအတြက္ ေနတိုးရဲ႕ ဗီဒီယို ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ေနတိုးရဲ႕ အံ့ၾသေလာက္စရာေကာင္းတဲ့ အသံတုစြမ္းရည္ေၾကာင့္ ေတာ္

ေတာ္ေလးသေဘာက်ခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနတိုးရဲ႕ အမိုက္စားစြမ္းရည္ကို ၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာ ယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Nay Toe’s fb
Credit – Cele Connections

Unicode

အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက် နာမည်ကြီးသူတွေဖြစ်ကြတဲ့ နေတိုးနဲ့ စိုင်းစိုင်းခမ်း လှိုင် ကတော့ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ နေတိုးကလည်း ရုပ်ရှင်လောကမှာ အကယ်ဒမီဆုတွေများစွာ ရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်သလို စိုင်းစိုင်းခမ်းလှိုှုင် ကလည်း ဂီတလောကမှာ

မှတ်တိုင်တွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ အဆို တော်၊ မင်း သား တစ်လက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့က ရုပ်ရှင်ဇာတ်ကားတွေ အချို့မှာ အ တူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းကလည်း “ကောင် းကင်မရှိတဲ့ ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။

မနေ့က ဇန်နဝါရီလ (၂၉) ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့က Samsung Galaxy S21 Series 5G Launch ပွဲကို အတူတူတက်ရောက်ခဲ့ကြပါတယ်။ ထိုပွဲမှာ နေတိုးက သူ့ရဲ့ အ ရည်အချင်းတစ်ခုနဲ့ G Fatt အသံအတိုင်းတုပပြီး သီချင်းဆိုပြခဲ့တာကြောင့် စိုင်းစိုင်းခမ်းလှိုင်က နေတိုးကို စနောက်ခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရ ပါတယ်။

ပရိသတ်ကြီးအတွက် နေတိုးရဲ့ ဗီဒီယို လေးကို မျှဝေပေးလိုက်ပါတယ်နော်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ နေတိုးရဲ့ အံ့သြလောက်စရာကောင်းတဲ့ အသံတုစွမ်းရည်ကြောင့် တော် တော်လေးသဘောကျခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ အမိုက်စားစွမ်းရည်ကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာ ယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Nay Toe’s fb
Credit – Cele Connections