ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ စတင္ျဖစ္ပြားခဲ့စဥ္ (၂၀၂၀)ခုႏွစ္၊ မတ္လကုန္မွ စတင္ကာ ေ႐ႊေဈး၊ ဆီေဈးႏွင့္ ေဒၚလာေဈးႏႈန္းမ်ား ႐ုတ္ခ်ည္း ေလ်ာ့က်သြားရာ ကိုဗစ္ဒုတိယလႈိင္းအတြင္းတြင္ ျပန္လည္ျမင့္တက္လာခဲ့ၿပီး ယခု (၂၀၂၁)ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ တစ္စတစ္စ ထပ္မံျမင့္တက္လာသည္။

လက္ရွိ အေခါက္ေ႐ႊေဈးႏႈန္းမွာ ေငြက်ပ္ (၁၃)သိန္း (၂)ေသာင္းေက်ာ္အထိ ထပ္မံျမင့္တက္လာၿပီ ျဖစ္ၿပီး ျပည္တြင္းေဒၚလာေဈးမွာမူ အနည္းငယ္က်ဆင္သြားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္ႏွင့္ ရန္ကုန္လမ္းၫႊန္၏ ေန႔စဥ္ေ႐ႊေဈးက႑တြင္ ေၾကညာခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံတြင္ အဓိက ကုန္သြယ္ေရး လုပ္ေဆာင္ေနသည့္ အဂၤလန္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံမွာ ကိုဗစ္-၁၉ေၾကာင့္ ကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္သိမ္းသြားခဲ့ရၿပီး ကြန္တိန္နာကားမ်ားမွာလည္း ေျပးဆြဲမႈလမ္းေၾကာင္းမ်ား ရပ္တန႔္သြားခဲ့ရသည္။ အျခားကုန္သြယ္မႈမ်ား အလုပ္မျဖစ္ေတာ့သည့္

ကာလအတြင္း ျမန္မာ့ေ႐ႊေဈးကြက္မွာ ျပန္လည္ေထာင္မတ္ ဦးေမာ့လာၿပီး ကုန္သည္မ်ားသည္လည္း ေ႐ႊအေရာင္းအဝယ္ဘက္သို႔ ျပန္လွည့္လာေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာၾကားသည္။ ရန္ကုန္ေ႐ႊေဈးကြက္တြင္ ဝယ္လိုအားထက္ ေရာင္းလိုအား

ပိုမိုျမင့္တက္လ်က္ ရွိၿပီး ဇန္နဝါရီလ (၃၀)ရက္ေန႔ ေ႐ႊေဈးႏႈန္းမွာ (၁၃)သိန္း၊ (၂)ေသာင္း၊ (၃)ေထာင္အထိ ျမင့္တက္ကာ ကမာၻ႔ေ႐ႊေဈးမွာမူ (၁,၈၄၉) ေဒၚလာအထိ ရွိေၾကာင္း သိရသည္။

Unicode

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့စဉ် (၂၀၂၀)ခုနှစ်၊ မတ်လကုန်မှ စတင်ကာ ရွှေဈေး၊ ဆီဈေးနှင့် ဒေါ်လာဈေးနှုန်းများ ရုတ်ချည်း လျော့ကျသွားရာ ကိုဗစ်ဒုတိယလှိုင်းအတွင်းတွင် ပြန်လည်မြင့်တက်လာခဲ့ပြီး ယခု (၂၀၂၁)ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်စတစ်စ ထပ်မံမြင့်တက်လာသည်။

လက်ရှိ အခေါက်ရွှေဈေးနှုန်းမှာ ငွေကျပ် (၁၃)သိန်း (၂)သောင်းကျော်အထိ ထပ်မံမြင့်တက်လာပြီ ဖြစ်ပြီး ပြည်တွင်းဒေါ်လာဈေးမှာမူ အနည်းငယ်ကျဆင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်နှင့် ရန်ကုန်လမ်းညွှန်၏ နေ့စဉ်ရွှေဈေးကဏ္ဍတွင် ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိက ကုန်သွယ်ရေး လုပ်ဆောင်နေသည့် အင်္ဂလန်နိုင်ငံနှင့် ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သိမ်းသွားခဲ့ရပြီး ကွန်တိန်နာကားများမှာလည်း ပြေးဆွဲမှုလမ်းကြောင်းများ ရပ်တန့်သွားခဲ့ရသည်။ အခြားကုန်သွယ်မှုများ အလုပ်မဖြစ်တော့သည့်

ကာလအတွင်း မြန်မာ့ရွှေဈေးကွက်မှာ ပြန်လည်ထောင်မတ် ဦးမော့လာပြီး ကုန်သည်များသည်လည်း ရွှေအရောင်းအဝယ်ဘက်သို့ ပြန်လှည့်လာကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ ရန်ကုန်ရွှေဈေးကွက်တွင် ဝယ်လိုအားထက်

ရောင်းလိုအား ပိုမိုမြင့်တက်လျက် ရှိပြီး ဇန်နဝါရီလ (၃၀)ရက်နေ့ ရွှေဈေးနှုန်းမှာ (၁၃)သိန်း၊ (၂)သောင်း၊ (၃)ထောင်အထိ မြင့်တက်ကာ ကမ္ဘာ့ရွှေဈေးမှာမူ (၁,၈၄၉) ဒေါ်လာအထိ ရှိကြောင်း သိရသည်။