Zawgyi




Unicode

ကမ္ဘာ့အကြီးဆုံးဘုရားတည်မည့်စကျင် ကျောက်တုံးကြိးများသယ်ယူမည်ဖြစ်၍ မန္တလေး-နေပြည်တော်အပိုင်း အမြန်လမ်းအသုံးပြုသူများသိစေအပ်ပါသည် ဇန်နဝါရီ ၂၃ အမြန်လမ်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် (၂၅.၁.၂၀၂၁)ရက်နေ့မှစတင်၍(၂၀.၄.၂၀၂၁)ရက်နေ့ထိ သယ်ယူမည်ဖြစ်ပြီး အမြန်လမ်းမကြီး၏ အပြန်လမ်းဘက်ခြမ်းမှ (အသွား+အပြန်)ဖြတ်သန်းမည်ဟုသိရပါသည်

စကျင်ကျောက်တုံးတော်ကြီးများသယ်ယူခြင်းဆောင်ရွက်နေစဉ် အတွင်းရန်ကုန်-မန္တလေးအမြန်လမ်း၏ (အပြန်လမ်း)တွင်(၁၀)မိုင်တစ်ဖြတ်နှုန်းဖြင့် U-Turnလမ်းပိတ်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန်အတွက် U-Turn မှတဆင့်အသွားလမ်းတွင် (အသွား+အပြန်) (၂)လမ်မောင်းစနစ်ဖြင့်

သွားရမည်ဟုသိရပါသည်စကျင်ကျောက်တုံးတော်ကြီးအားသယ်ယူရာတွင် လမ်းအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ(၂၅.၁.၂၀၂၁)မွ(၃၀.၄.၂၀၂၁)ထိကြီးကြပ်ဆောင်ရွက်သွားမည်ဟုသိရပါသည်မင်းမင်း(ခ)သိန်းထွန်းကျော်ရန်ကုန်ဂေဇက်-credit