Zawgyi

ေဆာက္လုပ္ေရးဧရိယာေတြမွာ 5ႏွစ္သားအ႐ြယ္ေလးကေျမေကာ္စက္ႀကီးေတြကိုေမာင္ႏွင္းေနတာဟာ အသက္အ႐ြယ္အရအေတာ္ ေလးကိုငယ္႐ြယ္လြန္းလွပါတယ္ ။ တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာေနထိုင္တဲ့ Wang Shuhan အမည္ရွိတဲ့ 5ႏွစ္သားအ႐ြယ္ေကာင္ေလးမွာေတာ့ ေဆာက္လုပ္ေရးဧရိယာေတြမွာ

တစ္ကယ့္ဆရာတစ္ေယာက္လို ေျမေကာ္စက္ႀကီးေတြကိုေမာင္းႏွင္ေနပါၿပီ ။ Wang Xuebingအမည္ရွိတဲ့ဖခင္ျဖစ္သူက သားငယ္ေလးတည္တည္ၿငိမ္ၿငိမ္နဲ႔ကားေမာင္းႏွင္ေနတာကို video ႐ိုက္ကူးေပးခဲ့တာပါ ။ ဖခင္ျဖစ္သူကသားငယ္ေလးကိုအလုပ္ဆီသို႔အၿမဲေခၚလာေလ့ရွိၿပီးေနာက္ပိုင္း

သားငယ္ေလးဟာ ဖခင္ျဖစ္သူေမာင္းႏွင္ေနတဲ့ေျမေကာ္ စက္ႀကီးကိုအေတာ္ေလး စိတ္ဝင္စားလာခဲ့ပါေတာ့တယ္ ။ “တစ္ခါတစ္ေလ ကြၽန္ေတာ္သူ႔ကိုဂီယာနဲ႔ပက္သက္ၿပီး လုပ္ေဆာင္ခ်က္ ေတြကိုအပိုင္းအကန႔္ေလးေတြနဲ႔ခြဲၿပီးရွင္းျပေပးခဲ့ပါတယ္ ၊ ၿပီးေတာ့ သူ 3ႏွစ္သားအ႐ြယ္မွာပဲ

စမ္းေမာင္းၾကည့္ဖို႔ကြၽန္ေတာ့္ကို ေတာင္းဆိုခဲ့ပါတယ္ ၊ အံ့ၾသေလာက္ေအာင္ပဲ သူေအာင္ျမင္စြာေမာင္းႏိုင္ခဲ့တယ္ ” ဆိုၿပီး ဖခင္ျဖစ္သူက သားေလးရဲ႕ကြၽမ္းက်င္ တတ္ေျမာက္လြယ္ပုံကို ေျပာျပခဲ့ပါတယ္ ။သားငယ္ေလးဟာ အခုအခ်ိန္မွာေျမေကာ္စက္ႀကီးေတြကို

အ႐ုပ္ႀကီးေတြလို႔ျမင္ေနခဲ့ၿပီး ၊ မၾကာခဏေမာင္းႏွင္ခြင့္ေပးဖို႔ ဖခင္ျဖစ္သူကိုပူဆာလ်က္ရွိပါတယ္ ။ သို႔ေပမဲ့လည္း လုံၿခဳံစိတ္ခ်ရေအာင္ သားငယ္ေလးေျမေကာ္ စက္ႀကီးေတြေမာင္းႏွင္တဲ့အခ်ိန္တိုင္း ဖခင္ျဖစ္သူမွာေတာ့ မ်က္စိေတာက္ေထာက္ေစာင့္ၾကည့္ေနရေၾကာင္း သိရွိရပါတယ္ ။

Credit;

Unicode

ဆောက်လုပ်ရေးဧရိယာတွေမှာ 5နှစ်သားအရွယ်လေးကမြေကော်စက်ကြီးတွေကိုမောင်နှင်းနေတာဟာ အသက်အရွယ်အရအတော် လေးကိုငယ်ရွယ်လွန်းလှပါတယ် ။ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာနေထိုင်တဲ့ Wang Shuhan အမည်ရှိတဲ့ 5နှစ်သားအရွယ်ကောင်လေးမှာတော့ ဆောက်လုပ်ရေးဧရိယာတွေမှာ

တစ်ကယ့်ဆရာတစ်ယောက်လို မြေကော်စက်ကြီးတွေကိုမောင်းနှင်နေပါပြီ ။ Wang Xuebingအမည်ရှိတဲ့ဖခင်ဖြစ်သူက သားငယ်လေးတည်တည်ငြိမ်ငြိမ်နဲ့ကားမောင်းနှင်နေတာကို video ရိုက်ကူးပေးခဲ့တာပါ ။ ဖခင်ဖြစ်သူကသားငယ်လေးကိုအလုပ်ဆီသို့အမြဲခေါ်လာလေ့ရှိပြီးနောက်ပိုင်း သားငယ်လေးဟာ

ဖခင်ဖြစ်သူမောင်းနှင်နေတဲ့မြေကော် စက်ကြီးကိုအတော်လေး စိတ်ဝင်စားလာခဲ့ပါတော့တယ် ။ “တစ်ခါတစ်လေ ကျွန်တော်သူ့ကိုဂီယာနဲ့ပက်သက်ပြီး လုပ်ဆောင်ချက် တွေကိုအပိုင်းအကန့်လေးတွေနဲ့ခွဲပြီးရှင်းပြပေးခဲ့ပါတယ် ၊ ပြီးတော့ သူ 3နှစ်သားအရွယ်မှာပဲ စမ်းမောင်းကြည့်ဖို့ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ် ၊

အံ့သြလောက်အောင်ပဲ သူအောင်မြင်စွာမောင်းနိုင်ခဲ့တယ် ” ဆိုပြီး ဖခင်ဖြစ်သူက သားလေးရဲ့ကျွမ်းကျင် တတ်မြောက်လွယ်ပုံကို ပြောပြခဲ့ပါတယ် ။သားငယ်လေးဟာ အခုအချိန်မှာမြေကော်စက်ကြီးတွေကို အရုပ်ကြီးတွေလို့မြင်နေခဲ့ပြီး ၊

မကြာခဏမောင်းနှင်ခွင့်ပေးဖို့ ဖခင်ဖြစ်သူကိုပူဆာလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း လုံခြုံစိတ်ချရအောင် သားငယ်လေးမြေကော် စက်ကြီးတွေမောင်းနှင်တဲ့အချိန်တိုင်း ဖခင်ဖြစ်သူမှာတော့ မျက်စိတောက်ထောက်စောင့်ကြည့်နေရကြောင်း သိရှိရပါတယ် ။

Credit;